ပေါ်တူဂီမြေမှာ သမိုင်းသစ်ပါ ရေးထိုးလိုက်နိုင်တဲ့ လီဗာပူးနဲ့ကလော့

နည်းပြကြီး ကလော့ပ်ဦးဆောင်တဲ့ လီဗာပူးဟာ

ပေါ်တူဂီမြေမှာ ဘင်ဖီကာကို ဂိုးပြတ်အနိုင်ယူပြီးနောက်
စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
ပ-အကျော့မှာ ကိုနာတေး၊ မာနေးနဲ့ ဒီယက်ဇ်တို့ရဲ့ဂိုးတွေကြောင့်
ဘင်ဖီကာအသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး

နောက်တစ်ပတ်ကြားရက်မှာ ပြန်လည်ဧည့်ခံရမှာဖြစ်ပါတယ်။
အဲဒီနိုင်ပွဲကြောင့် လီဗာပူးဟာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
လီဗာပူးဟာ ဂျာမနီနိုင်ငံသား ကလော့ပ်ရဲ့လက်အောက်မှာ
ပြိုင်ပွဲစုံအဝေးကွင်း ၈ပွဲဆက် အနိုင်ရထားပြီး အဲဒီကာလအတွင်း
တိုက်စစ်က ၁၆ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ခံစစ်ကလည်း ၂ဂိုးပဲ ပေးခဲ့ရပါတယ်။

လီဗာပူးဟာ အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ်
ချန်ပီယံလိဂ်မှာ အဝေးကွင်း ၅ပွဲဆက် အနိုင်ရထားပြီး
၁၉၈၄ ခုနှစ်က ဂျိုးဖာဂန်လက်ထက် အဲဒီစံချိန်တင်နိုင်ခဲ့တာပါ။
သူတို့ဟာ ၁၉၈၄ အောက်တိုဘာလနောက်ပိုင်း ဘင်ဖီကာကို
ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပြီး

အဲဒီတုန်းကလည်း အခုလို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ကာ
မနေ့ညကပွဲမတိုင်ခင် ကြားကာလအတွင်း ၃ပွဲတွေ့ဆုံခဲ့ရာမှာ
ရှုံးနိမ့်ခဲ့သလို တိုက်စစ်ကလည်း တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။
လီဗာပူးအနေနဲ့ နည်းပြကလော့ပ်လက်ထက် ဒုတိယမြောက်
ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ရည်မှန်းနေပြီး အခုဆိုရင်

ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပါတယ်။
အခုတော့ လီဗာပူးဟာ ဒီရက်သတ္တပတ်အကုန်မှာ
ကစားရမယ့် မန်စီးတီးနဲ့အဝေးကွင်းပွဲကို အပြည့်အဝ
အာရုံစိုက်ရတော့မှာဖြစ်ပြီး တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင်တော့
ကလော့ပ်လက်ထက် ဒုတိယမြောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့

အတော်လေးအခြေအနေကောင်းသွားမှာဖြစ်ပါတယ်။

Zawgyi

ေပၚတူဂီေျမမွာ သမုိင္းသစ္ပါ ေရးထုိးလုိက္ႏိုင္တဲ့ လီဗာပူးနဲ႔ကေလာ့ပ္

နညး္ျပႀကီး ကေလာ့ပ္ဦးေဆာင္တဲ့ လီဗာပူးဟာ
ေပၚတူဂီေျမမွာ ဘင္ဖီကာကို ဂိုးျပတ္အႏိုင္ယူၿပီးေနာက္
စံခ်ိန္သစ္ေတြ တင္ႏိုင္ခဲ့ပါတယ္။
လီဗာပူးဟာ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္
ပ-အေက်ာ့မွာ ကိုနာေတး၊ မာေနးနဲ႔ ဒီယက္ဇ္တို႔ရဲ႕ဂိုးေတြေၾကာင့္

ဘင္ဖီကာအသင္းကို ၁-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး
ေနာက္တစ္ပတ္ၾကားရက္မွာ ျပန္လည္ဧည့္ခံရမွာျဖစ္ပါတယ္။
အဲဒီႏိုင္ပြဲေၾကာင့္ လီဗာပူးဟာ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာပါ။
လီဗာပူးဟာ ဂ်ာမနီႏုိင္ငံသား ကေလာ့ပ္ရဲ႕လက္ေအာက္မွာ
ၿပိဳင္ပြဲစုံအေ၀းကြင္း ၈ပြဲဆက္ အႏိုင္ရထားၿပီး အဲဒီကာလအတြင္း

တုိက္စစ္က ၁၆ဂိုးအထိ သြင္းယူႏိုင္ခဲ့သလုိ ခံစစ္ကလည္း ၂ဂိုးပဲ ေပးခဲ့ရပါတယ္။
လီဗာပူးဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္အျဖစ္
ခ်န္ပီယံလိဂ္မွာ အေ၀းကြင္း ၅ပြဲဆက္ အႏိုင္ရထားၿပီး
၁၉၈၄ ခုႏွစ္က ဂ်ိဳးဖာဂန္လက္ထက္ အဲဒီစံခ်ိန္တင္ႏိုင္ခဲ့တာပါ။
သူတုိ႔ဟာ ၁၉၈၄ ေအာက္တိုဘာလေနာက္ပိုင္း ဘင္ဖီကာကုိ

ခ်န္ပီယံလိဂ္မွာ ပထမဆုံးအႀကိမ္အႏိုင္ရခဲ့တာျဖစ္ၿပီး
အဲဒီတုန္းကလည္း အခုလို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ကာ
မေန႔ညကပြဲမတုိင္ခင္ ၾကားကာလအတြင္း ၃ပြဲေတြ႕ဆုံခဲ့ရာမွာ
ရံႈးနိမ့္ခဲ့သလုိ တုိက္စစ္ကလည္း တစ္ဂိုးမွမသြင္းႏုိင္ခဲ့ပါဘူး။
လီဗာပူးအေနနဲ႔ နည္းျပကေလာ့ပ္လက္ထက္ ဒုတိယေျမာက္

ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ဖို႔ ရည္မွန္းေနၿပီး အခုဆုိရင္
ဆီမီးဖုိင္နယ္တက္ေရာက္ႏိုင္ဖို႔ အေတာ္ေလးနီးစပ္ေနၿပီျဖစ္ပါတယ္။
အခုေတာ့ လီဗာပူးဟာ ဒီရက္သတၱပတ္အကုန္မွာ
ကစားရမယ့္ မန္စီးတီးနဲ႔အေ၀းကြင္းပြဲကို အျပည့္အ၀
အာရုံစိုက္ရေတာ့မွာျဖစ္ၿပီး တကယ္လုိ႔ အႏိုင္ရခဲ့မယ္ဆုိရင္ေတာ့

ကေလာ့ပ္လက္ထက္ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔
အေတာ္ေလးအေျခအေနေကာင္းသြားမွာျဖစ္ပါတယ္။