ပေါ်တူဂီနည်းပြရာထူးကနုတ်ထွက်ခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်ကို အရာအားလုံးအတွက် ကျေးဇူးတင်တယ်လို့ ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်မက်ဆေ့ချ်ပေးပို့ခဲ့

ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ကမ္ဘာ့ဖလားအပြီးမှာ

ပေါ်တူဂီနည်းပြရာထူးကိုစွန့်လွှတ်ခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်ကိုကျေးဇူးတင်ကြောင်း

မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ အသက် ၆၈ နှစ်အရွယ် ဆန်းတို့စ်ဟာ

ပေါ်တူဂီနည်းပြအဖြစ် ၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း

ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု

ဆွတ်ခူးနိုင်တဲ့အထိစွမ်းဆောင်ပေးခဲ့တာဖြစ်တယ်။

လက်ရွေးစင်အသင်းကိုနည်းပြအဖြစ်တာဝန်ယူခဲ့စဉ်ကာလအတွင်း

ဆန်းတို့စ်ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ဘရူနိုဘက်က

ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုမက်ဆေ့ချ်ပေးပို့ခဲ့တာဖြစ်တယ်။

“မစ္စတာဖာနန်ဒိုဆန်းတို့စ်ကို ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်တော်တို့နိုင်ငံကိုကိုယ်စားပြုခဲ့တဲ့နှစ်အနည်းငယ်အတွင်း

ကျွန်တော်တို့ကိုယုံကြည်မှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

ပေါ်တူဂီသားတစ်ယောက်အနေနဲ့ မိခင်နိုင်ငံကို ထိပ်တန်းအဆင့်

ပို့ဆောင်ပြီးယုံကြည်မှုတွေပြန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်သလို

နိုင်ငံငယ်ကနေ ကြီးမားတဲ့နိုင်ငံဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကို

ပေးခဲ့တယ်။ သမိုင်းဝင်အခိုက်အတန့်တွေရှိသလို စိတ်ပျက်

ဝမ်းနည်းစရာတွေလည်းကြုံခဲ့ရပေမဲ့ သမိုင်းကိုဖန်တီးခဲ့သူ

တစ်ယောက်အဖြစ်နဲ့ ပေါ်တူဂီအားလုံးရဲ့ရင်ထဲမှာထာဝရ

အမှတ်အသားပြုသွားမှာပါ” လို့ အင်စတာဂရမ်စာမျက်နှာမှာ

ဖာနန်ဒက်ဇ်က ရေးသားခဲ့တာဖြစ်တယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်

ဘက်ကလည်းဖာနန်ဒိုဆန်းတို့စ်ရထူးကနေနုတ်ထွက်သွားပြီလို့

အတည်ပြုထုတ်ပြန်ခဲ့ပြီး အရာအားလုံးအတွက်ဂုဏ်ယူပါတယ်လို့ရေးသားဖော်ပြထားပါတယ်။

zawgyi

ေပၚတူဂီနည္းျပရာထူးကႏုတ္ထြက္ခဲ့တဲ့ ဖာနန္ဒိုဆန္းတို႔စ္ကို အရာအားလုံးအတြက္ ေက်းဇူးတင္တယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္ တုံ႔ျပန္မက္ေဆ့ခ်္ေပးပို႔ခဲ့

ယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္က ကမာၻ႔ဖလားအၿပီးမွာ

ေပၚတူဂီနည္းျပရာထူးကိုစြန႔္လႊတ္ခဲ့တဲ့ ဖာနန္ဒိုဆန္းတို႔စ္ကိုေက်းဇူးတင္ေၾကာင္း

မက္ေဆ့ခ်္ေပးပို႔ခဲ့ပါတယ္။ အသက္ ၆၈ ႏွစ္အ႐ြယ္ ဆန္းတို႔စ္ဟာ

ေပၚတူဂီနည္းျပအျဖစ္ ၈ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့တဲ့ ကာလအတြင္း

ယူ႐ို ၂၀၁၆ နဲ႔ ၂၀၁၉ ေနးရွင္းလိဂ္ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆု

ဆြတ္ခူးႏိုင္တဲ့အထိစြမ္းေဆာင္ေပးခဲ့တာျဖစ္တယ္။

လက္ေ႐ြးစင္အသင္းကိုနည္းျပအျဖစ္တာဝန္ယူခဲ့စဥ္ကာလအတြင္း

ဆန္းတို႔စ္ရဲ႕ႀကိဳးစားအားထုတ္မႈေတြအတြက္ ဘ႐ူႏိုဘက္က

ေက်းဇူးတင္ေၾကာင္း အသိအမွတ္ျပဳမက္ေဆ့ခ်္ေပးပို႔ခဲ့တာျဖစ္တယ္။

“မစၥတာဖာနန္ဒိုဆန္းတို႔စ္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံကိုကိုယ္စားျပဳခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း

ကြၽန္ေတာ္တို႔ကိုယုံၾကည္မႈေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္။

ေပၚတူဂီသားတစ္ေယာက္အေနနဲ႔ မိခင္ႏိုင္ငံကို ထိပ္တန္းအဆင့္

ပို႔ေဆာင္ၿပီးယုံၾကည္မႈေတြျပန္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္သလို

ႏိုင္ငံငယ္ကေန ႀကီးမားတဲ့ႏိုင္ငံျဖစ္ႏိုင္တယ္ဆိုတဲ့ယုံၾကည္ခ်က္ကို

ေပးခဲ့တယ္။ သမိုင္းဝင္အခိုက္အတန႔္ေတြရွိသလို စိတ္ပ်က္

ဝမ္းနည္းစရာေတြလည္းႀကဳံခဲ့ရေပမဲ့ သမိုင္းကိုဖန္တီးခဲ့သူ

တစ္ေယာက္အျဖစ္နဲ႔ ေပၚတူဂီအားလုံးရဲ႕ရင္ထဲမွာထာဝရ

အမွတ္အသားျပဳသြားမွာပါ” လို႔ အင္စတာဂရမ္စာမ်က္ႏွာမွာ

ဖာနန္ဒက္ဇ္က ေရးသားခဲ့တာျဖစ္တယ္။ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္

ဘက္ကလည္းဖာနန္ဒိုဆန္းတို႔စ္ရထူးကေနႏုတ္ထြက္သြားၿပီလို႔

အတည္ျပဳထုတ္ျပန္ခဲ့ၿပီး အရာအားလုံးအတြက္ဂုဏ္ယူပါတယ္လို႔ေရးသားေဖာ္ျပထားပါတယ္။