ပေါ်တူဂီတိုက်စစ်မှူးကြယ်ပွင့်သစ် ဂွန်ကာလိုရာမို့စ်ကြောင့် ရော်နယ်ဒိုကို ခေါက်ထားလို့ရပြီ။

ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပေါ်တူဂီအသင်းဟာ

အဓိက,ကစားသမား စီရော်နယ်လ်ဒို ပွဲထွက်မပါဝင်ပေမယ့် လူငယ်

တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့အတူ (၆-၁)ဂိုးရလဒ်နဲ့

ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားပါတယ်။

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ ဆွစ်ဇာလန်နဲ့

ကစားမယ့်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ စီရော်နယ်လ်ဒိုကို

အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ပြီး အသက်(၂၁)နှစ်သာရှိသေးတဲ့

ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ယုံယုံကြည်ကြည်

နေရာပေးခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

ဂွန်ကာလိုရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အခု နိုဝင်ဘာလ

(၁၇)ရက်က နိုက်ဂျီးယားနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လက်ရွေးစင်

အသင်းအတွက် ပထမဆုံးအကြိမ်ပွဲဦးထွက်ခွင့်ရခဲ့သလို ပွဲဦးထွက်မှာပဲ

ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အုပ်စုတွင်းပွဲတွေဖြစ်တဲ့ ဂါနာ၊ ဥရုဂွေးတို့နဲ့ပွဲတွေမှာ

ပွဲပြီးခါနီးမှ ဂွန်ကာလိုရာမို့စ် ပါဝင်ကစားခဲ့ရပေမယ့် အခု ဆွစ်ဇာလန်နဲ့ပွဲမှာ

ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း(၁၇)မိနစ်မှာပဲ ယာအိုဖိလစ် ထိုးပေးလိုက်တာက

ဂွန်ကာလိုရာမို့စ်က ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းယူခဲ့ပြီး

(၅၁)မိနစ်မှာ ညာခြမ်းကနေ ဒါလော့တ် ဂိုးရှေ့ ချိုးပေးလိုက်တာကို

ဂွန်ကာလိုရာမို့စ် ပိတ်သွင်းယူခဲ့ပါတယ်။ ဟက်ထရစ်ဖြစ်မယ့်ဂိုးကိုတော့

(၆၇)မိနစ်မှာ ယာအိုဖိလစ်ပေးတာကနေပဲ ဂွန်ကာလိုရာမို့စ်က

ဂိုးသမားဆွမ်မာကို အသာလေးကျော်ပြီး ပါးပါးနပ်နပ်နဲ့

အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီဟက်ထရစ်ကြောင့် ဂွန်ကာလိုရာမို့စ်ဟာ

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးဟက်ထရစ်သွင်းနိုင်တဲ့သူ

ဖြစ်လာသလို ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ကလိုဆေး (၂၀၀၂)နောက်ပိုင်း

ကမ္ဘာ့ဖလားပွဲဦးထွက်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး

ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းရဲ့

နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

(၅)ကြိမ်အတွင်း ရှုံးထွက်အဆင့်ပွဲတွေမှာ မိနစ်ပေါင်း(၅၀၀)ကျော်ကစားပြီး

တစ်ဂိုးမှ မသွင်းနိုင်သေးပေမယ့် အခု ဂွန်ကာလိုရာမို့စ်ကတော့ ရှုံးထွက်

အဆင့်ပွဲမှာ ဂိုးစတင်သွင်းယူဖို့ (၁၇)မိနစ်သာ အချိန်ယူခဲ့ရသလို ဟက်ထရစ်ပါ သွင်းနိုင်ခဲ့ပါတယ်။

zawgyi

ေပၚတူဂီတိုက္စစ္မႉးၾကယ္ပြင့္သစ္ ဂြန္ကာလိုရာမို႔စ္ေၾကာင့္ ေရာ္နယ္ဒိုကို ေခါက္ထားလို႔ရၿပီ။

ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ေပၚတူဂီအသင္းဟာ

အဓိက,ကစားသမား စီေရာ္နယ္လ္ဒို ပြဲထြက္မပါဝင္ေပမယ့္ လူငယ္

တိုက္စစ္မႉး ဂြန္ကာလိုရာမို႔စ္ရဲ႕ ဟက္ထရစ္နဲ႔အတူ (၆-၁)ဂိုးရလဒ္နဲ႔

ဂိုးျပတ္အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ေရာက္သြားပါတယ္။

ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ ဆြစ္ဇာလန္နဲ႔

ကစားမယ့္ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ စီေရာ္နယ္လ္ဒိုကို

အံ့အားသင့္စရာေကာင္းေအာင္ ခ်န္လွပ္ၿပီး အသက္(၂၁)ႏွစ္သာရွိေသးတဲ့

ဘင္ဖီကာတိုက္စစ္မႉး ဂြန္ကာလိုရာမို႔စ္ကို ယုံယုံၾကည္ၾကည္

ေနရာေပးခဲ့တာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။

ဂြန္ကာလိုရာမို႔စ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အခု ႏိုဝင္ဘာလ

(၁၇)ရက္က ႏိုက္ဂ်ီးယားနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ လက္ေ႐ြးစင္

အသင္းအတြက္ ပထမဆုံးအႀကိမ္ပြဲဦးထြက္ခြင့္ရခဲ့သလို ပြဲဦးထြက္မွာပဲ

ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အုပ္စုတြင္းပြဲေတြျဖစ္တဲ့ ဂါနာ၊ ဥ႐ုေဂြးတို႔နဲ႔ပြဲေတြမွာ

ပြဲၿပီးခါနီးမွ ဂြန္ကာလိုရာမို႔စ္ ပါဝင္ကစားခဲ့ရေပမယ့္ အခု ဆြစ္ဇာလန္နဲ႔ပြဲမွာ

ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း(၁၇)မိနစ္မွာပဲ ယာအိုဖိလစ္ ထိုးေပးလိုက္တာက

ဂြန္ကာလိုရာမို႔စ္က ျပင္းထန္အားပါတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး

(၅၁)မိနစ္မွာ ညာျခမ္းကေန ဒါေလာ့တ္ ဂိုးေရွ႕ ခ်ိဳးေပးလိုက္တာကို

ဂြန္ကာလိုရာမို႔စ္ ပိတ္သြင္းယူခဲ့ပါတယ္။ ဟက္ထရစ္ျဖစ္မယ့္ဂိုးကိုေတာ့

(၆၇)မိနစ္မွာ ယာအိုဖိလစ္ေပးတာကေနပဲ ဂြန္ကာလိုရာမို႔စ္က

ဂိုးသမားဆြမ္မာကို အသာေလးေက်ာ္ၿပီး ပါးပါးနပ္နပ္နဲ႔

အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ဒီဟက္ထရစ္ေၾကာင့္ ဂြန္ကာလိုရာမို႔စ္ဟာ

လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးဟက္ထရစ္သြင္းႏိုင္တဲ့သူ

ျဖစ္လာသလို ဂ်ာမနီဂႏၴဝင္တိုက္စစ္မႉးႀကီး ကလိုေဆး (၂၀၀၂)ေနာက္ပိုင္း

ကမာၻ႔ဖလားပြဲဦးထြက္ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းႏိုင္တဲ့ ပထမဆုံး

ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းရဲ႕

နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ

(၅)ႀကိမ္အတြင္း ရႈံးထြက္အဆင့္ပြဲေတြမွာ မိနစ္ေပါင္း(၅၀၀)ေက်ာ္ကစားၿပီး

တစ္ဂိုးမွ မသြင္းႏိုင္ေသးေပမယ့္ အခု ဂြန္ကာလိုရာမို႔စ္ကေတာ့ ရႈံးထြက္

အဆင့္ပြဲမွာ ဂိုးစတင္သြင္းယူဖို႔ (၁၇)မိနစ္သာ အခ်ိန္ယူခဲ့ရသလို ဟက္ထရစ္ပါ သြင္းႏိုင္ခဲ့ပါတယ္။