ပေါ်တူဂီကို ရော်နယ်ဒို အပတ်တိုင်းသွားလည်သင့်တယ်လို့ ရန်းနစ် နောက်ပြောင်

စပါးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒို

ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ
ရန်းနစ်က စူပါစတားအနေနဲ့ အပတ်တိုင်း
ပေါ်တူဂီကို သွားလည်သင့်တယ်လို့ နောက်ပြောင်လိုက်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စီးတီးကို
အရေးနိမ့်ခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့လို့ မွေးရပ်မြေ ပေါ်တူဂီကို

သွားရောက်ခဲ့ပြီး သူ့အနေနဲ့ အသင်းမှာ လူစားလဲခံမှုအပေါ်
မပျော်မရွှင်ဖြစ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။


ဒါပေမဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီတစ်ပတ်ထဲမှာ

ထရိန်နင် ၂ ရက်ဆင်းပြီးနောက် စပါးနဲ့ပွဲမှာ အသင်းရဲ့တိုက်စစ်ကို
ဦးဆောင်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အရေးကြီးတဲ့ပွဲမှာ အသင်းအတွက် ၃ဂိုးစလုံးသွင်းယူနိုင်ခဲ့တာပါ။
ရန်းနစ်က ရော်နယ်ဒိုကို စီမံအုပ်ချုပ်ရတာက
စိန်ခေါ်မှုတစ်ခုပဲလို့ ဝန်ခံခဲ့ပြီး ပေါ်တူဂီကို

ရော်နယ်ဒို ပြန်သွားတာ သူမသိခဲ့ဘူးလို့
အရင်တုန်းကလည်း ဝန်ခံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရန်းနစ်က ”ကျွန်တော်တို့
နောက်ပြောင်နေကြတာပါ။ သူဟာ
ကြာသပတေးနေ့မှာ ထရိန်နင်ပြန်ဆင်းခဲ့တာပါ။

တကယ်လို့ ဒီလိုပုံစံအတိုင်း သူ စွမ်းဆောင်နိုင်ရင်
ရာသီကုန်အထိ အဲဒီအတိုင်း လုပ်ဖို့တောင်ဖြစ်နိုင်တယ်။


သူဟာ ကြာသပတေးနေ့က ထရိန်နင်မှာ

ပုံမှန်အတိုင်းဆင်းနိုင်ခဲ့လို့ ပွဲထွက်အဖြစ်
ထုတ်သုံးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။
သူဟာ ကွဲပြားခြားနားမှုတွေ လုပ်ပြနိုင်ခဲ့တာဖြစ်ပြီး
အနည်းဆုံးတော့ ကျွန်တော် ရောက်လာတဲ့အချိန်ကတည်းက
သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ”လို့

ရန်းနစ်က ပွဲအပြီးမှာ ပြောပါတယ်။
ကွင်းလယ်လူ ပေါ့ဂ်ဘာကလည်း စပါးနဲ့ပွဲအပြီးမှာ
ဘောလုံးသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး
ကစားသမားအဖြစ် ၈၀၇ ဂိုးနဲ့ စံချိန်တင်နိုင်ခဲ့တဲ့
အသင်းဖော် ရော်နယ်ဒိုကို ချီးကျူးသွားခဲ့ပြီး

ရော်နယ်ဒို ဘယ်လောက်ကောင်းတယ်ဆိုတာ
အားလုံးလည်း သိနားလည်ထားတယ်လို့ ဆိုပါတယ်။