ပေါ်တူဂီကိုဘက်ဂိုးသွင်းပြီး အောင်ပွဲခံတော့လည်း SIUU ကော်ပီဆိုတော့ GOAT ကြီး တင်းပြီလေ

ကြာသပတေး ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂါနာနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဘူကာရီဟာ ဂိုးသွင်းပြီးတဲ့နောက် SIUU အောင်ပွဲခံ ပုံစံ လုပ်ပြသွားခဲ့တာ ကြောင့် တောက် တခေါက်ခေါက် ဖြစ်နေတဲ့

စီရော်နယ်ဒိုကို မြင်တွေ့ခဲ့ရပါ တယ်။ ပေါ်တူဂီက ဂါနာကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရီးရဲလ်တိုက်စစ် မှူးဟောင်း စီရော်နယ်ဒိုဟာ စံချိန်သစ်တစ်ခုကို ထပ်ရခဲ့ပြီး မတူညီတဲ့

ကမ္ဘာ့ ဖလား ၅ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲဒီပွဲမှာ ပြိုင်ဘက်ကစားသမား ဆာလီဆူးက နောက်ကနေ ပြစ်ဒဏ်ကျူးလွန်တဲ့ ကစားပုံကြောင့် ရခဲ့တဲ့

ပင်နယ်တီကို သရဲနီ တိုက်စစ်မှူးက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ပေါ်တူဂီအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ တာပါ။ အဲဒီလို ဂိုးသွင်းအပြီးမှာလည်း ဂျူဗီတိုက်စစ်မှူးဟောင်းကသူ့ရဲ့

မူလလက်ဟောင်း SIUU အောင်ပွဲခံ ပုံစံ အတိုင်း အောင်ပွဲခံခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ဂါနာအသင်းရဲ့ ဒုတိယ ချေပဂိုး အပြီးမှာလည်း အဲဒီအောင်ပွဲခံပုံကို ကျွန်တော်တို့ ကွဲပြားခြား နားတဲ့

ဝိသေသတစ်ခုနဲ့ တွေ့မြင်ခဲ့ရပါသေးတယ်။ ပွဲချိန် ၈၉ မိနစ်မှာ ပေါ်တူ ဂီဘက်ကို ဒုတိယချေပဂိုး သွင်းလိုက်ပြီးတဲ့နောက် ဂါနာကစားသမားဖြစ်တဲ့ ဘူကာရီဟာ စီရော်နယ်ဒိုရဲ့ SIUU ပုံစံနဲ့ ထပ်တူ

အောင်ပွဲခံပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘူကာရီဟာ ဂိုးသွင်းပြီးချိန်မှာတော့ ကွင်းဘေးကို ပြေးထွက်သွားခဲ့ပြီး စီရော်နယ်ဒိုရဲ့ ပုံစံအတိုင်း အောင်ပွဲခံပြသွားတာပါ။ အဲဒီအချိန်မှာပဲ ရုပ်သံမှတ်တမ်းတင်နေတဲ့

ကင်မရာတွေဟာ ချက်ချင်းဆိုသလိုပဲ စီရော်နယ် ဒိုရှိနေတဲ့ အရန်ခုံတန်းလျားကို ချိန်ရွယ်ခဲ့ပြီး ဒေါသထွက်ပြီး တောက် တ ခေါက်ခေါက်ဖြစ်နေတဲ့ ရော်နယ်ဒိုကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

ဒါ့ အပြင် နာကျင်အချိန်ပိုမှာ ပေါ်တူဂီဂိုးသမားရဲ့ သတိမမူတဲ့ အမှားတစ်ခု ကြောင့် ဂိုးပေးရတော့မလို ဖြစ်ခဲ့တဲ့အချိန်မှာလည်း စီရော်နယ်ဒိုဟာ ခေါင်းကြီးသွားခဲ့ရပြီး ထိတ်ထိတ်ပြာပြာ ဖြစ်နေပုံကိုလည်း

ကင်မရာတွေက မှတ် တမ်းတင်နိုင်ခဲ့ပါတယ်။ ပြောရရင်တော့ ဂါနာနဲ့ပွဲဟာ စီရော်နယ်ဒိုအတွက် အိပ်မက်ဆိုးတစ်ခု မက်နေခဲ့ရသလိုဖြစ်ပြီး အိပ်မက်က လန့်နိုးမှပဲ သက်ပြင်း ချနိုင်သလို ပွဲပြီးမှပဲ

ပျော်ခွင့်ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

(Zawgyi)

ေပၚတူဂီကိုဘက္ဂိုးသြင္းၿပီး ေအာင္ပြဲခံေတာ့လည္း SIUU ေကာ္ပီဆိုေတာ့ GOAT ႀကီး တင္းၿပီေလ

ၾကာသပေတး ညပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဂါနာနဲ႔ ပြဲစဥ္မွာ တိုက္စစ္မႉး ဘူကာရီဟာ ဂိုးသြင္းၿပီးတဲ့ေနာက္ SIUU ေအာင္ပြဲခံ ပုံစံ လုပ္ျပသြားခဲ့တာ ေၾကာင့္ ေတာက္တ ေခါက္ေခါက္

ျဖစ္ေနတဲ့ စီေရာ္နယ္ဒိုကို ျမင္ေတြ႕ခဲ့ရပါ တယ္။ ေပၚတူဂီက ဂါနာကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ရီးရဲလ္တိုက္စစ္ မႉးေဟာင္း စီေရာ္နယ္ဒိုဟာ စံခ်ိန္သစ္တစ္ခုကို ထပ္ရခဲ့ၿပီး

မတူညီတဲ့ ကမာၻ႔ ဖလား ၅ ႀကိမ္မွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။ အဲဒီပြဲမွာ ၿပိဳင္ဘက္ကစားသမား ဆာလီဆူးက ေနာက္ကေန ျပစ္ဒဏ္က်ဴးလြန္တဲ့ ကစားပုံေၾကာင့္ ရခဲ့တဲ့

ပင္နယ္တီကို သရဲနီ တိုက္စစ္မႉးက အမွားအယြင္းမရွိ ကန္သြင္းခဲ့ၿပီး ေပၚတူဂီအတြက္ ဦးေဆာင္ဂိုး သြင္းေပးခဲ့ တာပါ။ အဲဒီလို ဂိုးသြင္းအၿပီးမွာလည္း ဂ်ဴဗီတိုက္စစ္မႉးေဟာင္းကသူ႔ရဲ႕

မူလလက္ေဟာင္း SIUU ေအာင္ပြဲခံ ပုံစံ အတိုင္း ေအာင္ပြဲခံခဲ့တာပါ။ ဒါေပမဲ့ ပြဲၿပီးခါနီးမွာ သြင္းယူခဲ့တဲ့ ဂါနာအသင္းရဲ႕ ဒုတိယ ေခ်ပဂိုး အၿပီးမွာလည္း အဲဒီေအာင္ပြဲခံပုံကို

ကြၽန္ေတာ္တို႔ ကြဲျပားျခား နားတဲ့ ဝိေသသတစ္ခုနဲ႔ ေတြ႕ျမင္ခဲ့ရပါေသးတယ္။ ပြဲခ်ိန္ ၈၉ မိနစ္မွာ ေပၚတူ ဂီဘက္ကို ဒုတိယေခ်ပဂိုး သြင္းလိုက္ၿပီးတဲ့ေနာက္ ဂါနာကစားသမားျဖစ္တဲ့ ဘူကာရီဟာ

စီေရာ္နယ္ဒိုရဲ႕ SIUU ပုံစံနဲ႔ ထပ္တူ ေအာင္ပြဲခံျပသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဘူကာရီဟာ ဂိုးသြင္းၿပီးခ်ိန္မွာေတာ့ ကြင္းေဘးကို ေျပးထြက္ သြားခဲ့ၿပီး စီေရာ္နယ္ဒိုရဲ႕ ပုံစံအတိုင္း

ေအာင္ပြဲခံျပသြားတာပါ။ အဲဒီအခ်ိန္မွာပဲ ႐ုပ္သံမွတ္တမ္းတင္ေနတဲ့ ကင္မရာေတြဟာ ခ်က္ခ်င္းဆိုသလိုပဲ စီေရာ္နယ္ ဒိုရွိေနတဲ့ အရန္ခုံတန္းလ်ားကို ခ်ိန္႐ြယ္ခဲ့ၿပီး ေဒါသထြက္ၿပီး ေတာက္

တ ေခါက္ေခါက္ျဖစ္ေနတဲ့ ေရာ္နယ္ဒိုကို အတိုင္းသား ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့ အျပင္ နာက်င္အခ်ိန္ပိုမွာ ေပၚတူဂီဂိုးသမားရဲ႕ သတိမမူတဲ့ အမွားတစ္ခု ေၾကာင့္ ဂိုးေပးရေတာ့မလို

ျဖစ္ခဲ့တဲ့အခ်ိန္မွာလည္း စီေရာ္နယ္ဒိုဟာ ေခါင္း ႀကီးသြားခဲ့ရၿပီး ထိတ္ထိတ္ျပာျပာ ျဖစ္ေနပုံကိုလည္း ကင္မရာေတြက မွတ္ တမ္းတင္ႏိုင္ခဲ့ပါတယ္။ ေျပာရရင္ေတာ့

ဂါနာနဲ႔ပြဲဟာ စီေရာ္နယ္ဒိုအတြက္ အိပ္မက္ဆိုးတစ္ခု မက္ေနခဲ့ရသလိုျဖစ္ၿပီး အိပ္မက္က လန႔္ႏိုးမွပဲ သက္ျပင္း ခ်ႏိုင္သလို ပြဲၿပီးမွပဲ ေပ်ာ္ခြင့္ရတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့ပါတယ္။