ပေါ်တိုကိုရှုံးလို့ ယူရိုပါလိဂ်တောင် ကန်ခွင့်မရတော့တဲ့ အက်သလက်တီကို

အင်္ဂါညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ဟာ ပေါ်တိုကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စု (B) ရဲ့

အောက် ဆုံးအဆင့်မှာသာ ရပ်တည်နိုင်ခဲ့လို့ ယူရိုပါလိဂ်တောင် ကစားခွင့် မရတော့ဘဲ ဖြစ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက လေဗာကူဆင်ကို

သရေကျခဲ့ ပြီးတဲ့နောက် ယူရိုပါလိဂ်မှာပဲ ကစားရတော့မယ်လို့ ထင်ထားခဲ့ပေမဲ့လည်း ပေါ်တိုကို ရှုံးလိုက်တဲ့ပွဲစဉ်က သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်

ဖြစ်စေခဲ့တာပါ။ ပေါ်တူဂီမြေကို သွားရောက်ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ စပိန် ကလပ်ဟာ အိမ်ရှင်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ပေးလိုက်ရပြီး ပထမပိုင်း ရှုံးခဲ့ပြီးတဲ့နောက်

ဒုတိယပိုင်း နာကျင်အချိန်ပိုကျမှ နှစ်သိမ့်ဂိုး တစ်ဂိုး ပြန်ရခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသွင်းဂိုးက အက်သလက်တီကိုရဲ့ ယူရိုပါလိဂ် ရပ်တည်မှုအတွက် မလုံလောက်ခဲ့ဘဲ

အုပ်စုတွင်း ရပ်တည်မှုရဲ့ အောက်ဆုံး နေရာကို ရောက်သွားစေခဲ့တာပါ။ ဘရုဂျက်ကို ဂျာမန်မြေမှာ ဧည့်ခံကစားခဲ့ တဲ့ လေဗာကူဆင်က ဂိုးမရှိသရေရလဒ်နဲ့ နိုင်ပွဲ

မရယူနိုင်ခဲ့ပေမဲ့လည်း အက် သလက်တီကိုနဲ့ ရမှတ်ချင်း တူနေတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရ အသာရနေလို့ ယူရိုပါလိဂ်ဝင်ခွင့်နေရာဖြစ်တဲ့ အဆင့် ၃ ကို ရခဲ့တာပဲ

ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဆီမြွန်နီရဲ့ အသင်းဟာဆိုရင် ၂၀၁၁ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် အုပ်စု အောက်ဆုံး နေရာမှာပဲ

ရပ်တည်ခွင့်ရခဲ့တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ၂ ကြိမ် ထွက်ခဲ့ရပြီး

၂၀၀၉-၁၀ ဘောလုံးရာသီမှာ တစ်ကြိမ်၊ ၂၀၁၇-၁၈ ဘော လုံးရာသီမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ထွက်ခဲ့ရပါတယ်။ အခုလိုမျိုး ရလဒ် ဆိုးတွေ ဆက်တိုက်ရနေတာကြောင့်

သက်တမ်းရှည်နည်းပြ ဆီမြွန်နီအပေါ် မှာလည်း ဖိအားတွေ တိုးလာနေပြီဖြစ်ပါတယ်။

(Zawgyi)

ေပၚတိုကိုရႈံးလို႔ ယူ႐ိုပါလိဂ္ေတာင္ ကန္ခြင့္မရေတာ့တဲ့ အက္သလက္တီကို

အဂၤါညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ေနာက္ဆုံးပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္ဟာ ေပၚတိုကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ အုပ္စု (B) ရဲ႕ ေအာက္ ဆုံးအဆင့္မွာသာ ရပ္တည္ႏိုင္ခဲ့လို႔

ယူ႐ိုပါလိဂ္ေတာင္ ကစားခြင့္ မရေတာ့ဘဲ ျဖစ္သြားခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက ေလဗာကူဆင္ကို သေရက်ခဲ့ ၿပီးတဲ့ေနာက္ ယူ႐ိုပါလိဂ္မွာပဲ ကစားရေတာ့မယ္လို႔

ထင္ထားခဲ့ေပမဲ့လည္း ေပၚတိုကို ရႈံးလိုက္တဲ့ပြဲစဥ္က သူတို႔အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ရပ္ ျဖစ္ေစခဲ့တာပါ။ ေပၚတူဂီေျမကို သြားေရာက္ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာ

စပိန္ ကလပ္ဟာ အိမ္ရွင္အသင္းကို ဦးေဆာင္ဂိုး ၂ ဂိုး ေပးလိုက္ရၿပီး ပထမပိုင္း ရႈံးခဲ့ၿပီးတဲ့ေနာက္ ဒုတိယပိုင္း နာက်င္အခ်ိန္ပိုက်မွ ႏွစ္သိမ့္ဂိုး တစ္ဂိုး ျပန္ရခဲ့ တာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီသြင္းဂိုးက အက္သလက္တီကိုရဲ႕ ယူ႐ိုပါလိဂ္ ရပ္တည္မႈအတြက္ မလုံေလာက္ခဲ့ဘဲ အုပ္စုတြင္း ရပ္တည္မႈရဲ႕ ေအာက္ဆုံး ေနရာကို ေရာက္သြားေစခဲ့တာပါ။ ဘ႐ုဂ်က္ကို ဂ်ာမန္ေျမမွာ

ဧည့္ခံကစားခဲ့ တဲ့ ေလဗာကူဆင္က ဂိုးမရွိသေရရလဒ္နဲ႔ ႏိုင္ပြဲ မရယူႏိုင္ခဲ့ေပမဲ့လည္း အက္ သလက္တီကိုနဲ႔ ရမွတ္ခ်င္း တူေနတာေၾကာင့္ ထိပ္တိုက္ေတြ႕ဆုံမႈအရ အသာရေနလို႔

ယူ႐ိုပါလိဂ္ဝင္ခြင့္ေနရာျဖစ္တဲ့ အဆင့္ ၃ ကို ရခဲ့တာပဲ ျဖစ္ ပါတယ္။ ဒါေၾကာင့္ နည္းျပ ဆီႁမြန္နီရဲ႕ အသင္းဟာဆိုရင္ ၂၀၁၁ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံး အႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ အုပ္စု

ေအာက္ဆုံး ေနရာ မွာပဲ ရပ္တည္ခြင့္ရခဲ့တဲ့ အသင္း ျဖစ္လာခဲ့ပါတယ္။ အက္သလက္တီကိုဟာ ၿပီးခဲ့တဲ့ ၁၃ ႏွစ္တာ ကာလအတြင္းမွာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ၂ ႀကိမ္ ထြက္ခဲ့ရၿပီး

၂၀၀၉-၁၀ ေဘာလုံးရာသီမွာ တစ္ႀကိမ္၊ ၂၀၁၇-၁၈ ေဘာ လုံးရာသီမွာ တစ္ႀကိမ္ စုစုေပါင္း ၂ ႀကိမ္ ထြက္ခဲ့ရပါတယ္။ အခုလိုမ်ိဳး ရလဒ္ ဆိုးေတြ ဆက္တိုက္ရေနတာေၾကာင့္

သက္တမ္းရွည္နည္းျပ ဆီႁမြန္နီအေပၚ မွာလည္း ဖိအားေတြ တိုးလာေနၿပီျဖစ္ပါတယ္။