ပေါ်တိုကစားသမားတွေကို လေယာဉ်ပေါ်မှာတင် အောင်ပွဲခံသွားစေခဲ့တဲ့ အက်သလက်တီကိုရဲ့ဒရာမာဆန်ဆန်သရေပွဲ

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်အစောပိုင်းပွဲစဉ်မှာ ပေါ်တိုက ဇယားထိပ်ဆုံးဦးဆောင်သူ ဘရုဂျက်ကို ၄ဂိုးပြတ်အနိုင်ယူပြီး အိမ်ပြန်သွားခဲ့ပါတယ်။

နောက်ကျပွဲစဉ်မှာ တီကိုအနိုင်ရရင် ပေါ်တူဂီမှာကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်အတွက် ပေါ်တိုဘက်ကအစွမ်းကုန်ပြင်ဆင်ထားရမှာပါ။

ဆီမြွန်နီအသင်းဟာ ခြေစွမ်းအတက်အကျကြမ်းလွန်းတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်ကို ဝမ်ဒါမက်ထရိုပိုလီတာနိုမှာ အနိုင်ရသွားလိမ့်မယ်လို့ အားလုံးကယူဆခဲ့ကြပါတယ်။

တစ်ဖက် ၂ဂိုးစီသရေကျနေခဲ့ပြီး နောက်ဆုံးမိနစ်မှာ အိမ်ရှင် အက်သလက်တီကိုက ပင်နယ်တီအခွင့်အရေးရခဲ့ပါတယ်။

ကာရက်စ်ကိုရဲ့ ကန်ချက်ကို လေဗာကူဆင်ဂိုးသ မား ဟာရာဒက်ကီက ပုတ်ထုတ်ခဲ့ပြီး

ကွင်းလယ်လူနီဂွက်ဇ်က ထပ်ဆင့်ခေါင်းတိုက် ရာမှာ ဘောလုံးကဂိုးဘားတန်းထိခဲ့သလို

တီကိုကစားသမားရဲ့နောက်တစ်ကြိမ်ပိတ် သွင်းချက် ဂိုးဘားပေါ်ကျော်တက်သွားခဲ့ရပါတယ်။

တကယ့်ကိုရင်ခုန်စရာကောင်း တဲ့အခိုက်အတန့်ဖြစ်ပြီး တီကိုမနိုင်ခဲ့လို့ အုပ်စုဒုတိယနေရာက ပေါ်တိုနဲ့ ၄မှတ်ကွာ ဖြစ်သွားခဲ့ပြီး

နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်ကုန်ဆုံးသွားပါတယ်။

တီကို ပင်နယ်တီလွဲတဲ့အချိန်မှာ အစောပွဲကစားခဲ့တဲ့ ပေါ်တိုကစားသမားတွေအိမ်ပြန်မ ရောက်သေးပါဘူး။

လေယာဉ်ပေါ်မှာ တိတ်တခိုးနားစွင့်ရင်းနဲ့ နောက်တစ်ဆင့်အ တွက်သေချာသွားတဲ့နောက်မှာတော့

ပေါ်တိုအသင်းသားတွေဟာ လေယာဉ်ပေါ်မှာ အားပါးတရကြီးအောင်ပွဲခံသွားခဲ့တာဖြစ်တယ်။

zawgyi

ေပၚတိုကစားသမားေတြကို ေလယာဥ္ေပၚမွာတင္ ေအာင္ပြဲခံသြားေစခဲ့တဲ့

အက္သလက္တီကိုရဲ႕ဒရာမာဆန္ဆန္သေရပြဲ

ဗုဒၶဟူးည ခ်န္ပီယံလိဂ္အေစာပိုင္းပြဲစဥ္မွာ ေပၚတိုက ဇယားထိပ္ဆုံးဦးေဆာင္သူ ဘ႐ုဂ်က္ကို ၄ဂိုးျပတ္အႏိုင္ယူၿပီး အိမ္ျပန္သြားခဲ့ပါတယ္။

ေနာက္က်ပြဲစဥ္မွာ တီကိုအႏိုင္ရရင္ ေပၚတူဂီမွာကစားမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္အတြက္ ေပၚတိုဘက္ကအစြမ္းကုန္ျပင္ဆင္ထားရမွာပါ။

ဆီႁမြန္နီအသင္းဟာ ေျခစြမ္းအတက္အက်ၾကမ္းလြန္းတဲ့ အလြန္ဆိုရဲ႕ ေလဗာကူဆင္ကို ဝမ္ဒါမက္ထ႐ိုပိုလီတာႏိုမွာ အႏိုင္ရသြားလိမ့္မယ္လို႔ အားလုံးကယူဆခဲ့ၾကပါတယ္။

တစ္ဖက္ ၂ဂိုးစီသေရက်ေနခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာ အိမ္ရွင္ အက္သလက္တီကိုက ပင္နယ္တီအခြင့္အေရးရခဲ့ပါတယ္။

ကာရက္စ္ကိုရဲ႕ ကန္ခ်က္ကို ေလဗာကူဆင္ဂိုးသ မား ဟာရာဒက္ကီက ပုတ္ထုတ္ခဲ့ၿပီး

ကြင္းလယ္လူနီဂြက္ဇ္က ထပ္ဆင့္ေခါင္းတိုက္ ရာမွာ ေဘာလုံးကဂိုးဘားတန္းထိခဲ့သလို

တီကိုကစားသမားရဲ႕ေနာက္တစ္ႀကိမ္ပိတ္ သြင္းခ်က္ ဂိုးဘားေပၚေက်ာ္တက္သြားခဲ့ရပါတယ္။

တကယ့္ကိုရင္ခုန္စရာေကာင္း တဲ့အခိုက္အတန႔္ျဖစ္ၿပီး တီကိုမႏိုင္ခဲ့လို႔ အုပ္စုဒုတိယေနရာက ေပၚတိုနဲ႔ ၄မွတ္ကြာ ျဖစ္သြားခဲ့ၿပီး

ေနာက္တစ္ဆင့္အတြက္ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသြားပါတယ္။

တီကို ပင္နယ္တီလြဲတဲ့အခ်ိန္မွာ အေစာပြဲကစားခဲ့တဲ့ ေပၚတိုကစားသမားေတြအိမ္ျပန္မ ေရာက္ေသးပါဘူး။

ေလယာဥ္ေပၚမွာ တိတ္တခိုးနားစြင့္ရင္းနဲ႔ ေနာက္တစ္ဆင့္အ တြက္ေသခ်ာသြားတဲ့ေနာက္မွာေတာ့

ေပၚတိုအသင္းသားေတြဟာ ေလယာဥ္ေပၚမွာ အားပါးတရႀကီးေအာင္ပြဲခံသြားခဲ့တာျဖစ္တယ္။