
ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာဟာ
နိုင်ငံတကာ ရက်သတ္တပတ်ကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ
၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဆင်နွှဲဖို့အတွက် အသင်းနဲ့ ပူးပေါင်းခဲ့ပြီး
အသင်းလိုက် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာမှာ မမျှော်လင့်ဘဲ ပေါင်ဒဏ်ရာ
ရရှိသွားခဲ့တာကြောင့် လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို
ဒဏ်ရာပြဿနာကြောင့် (၈)ပတ်ကနေ (၁၀)ပတ်လောက်အထိကို အနားယူရတော့မှာဖြစ်ပါတယ်။
ပေါ့ဘာဟာပြင်သစ်လက်ရွေးစင်အသင်းမှနုတ်ထွက်ခဲ့ရပြီးယူနိုက်တက်အသင်းနှင့်
ပြန်လည်ပူးပေါင်းကာဒဏ်ရာအခြေအနေကိုစစ်ဆေးမှုခံယူရပါမယ်။
သူဟာလီဗာပူးနှင့်ပွဲစဉ်မှအနီကတ်ပြစ်ဒဏ်ကြောင့်နိုင်ငံတကာပွဲအပြီး
နိုဝင်ဘာလ၂၀ရက်နေ့တွင်ကစားရမယ့်ဝက်ဖို့ဒ်နှင့်ပွဲစဉ်ကိုလွဲချော်ပါမယ်။
ပေါ့ဘာဟာယခုရာသီမှာယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၄ပွဲကစားထားသူဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ ဒဏ်ရာကြောင့် ၂၀၂၂ခုနှစ် နှစ်အစပိုင်းလောက်မှပဲ
ပြန်ကစားနိုင်လိမ့်မယ်လို့ ယူဆထားကြပြီး ပေါ့ဘာမပါဝင်နိုင်တော့မယ့်
အချိန်မှာ နယ်သာလန် ကွင်းလယ်ကစားသမားလေး ဗန်ဒီဘိခ်ကို
နေရာပိုပေးဖို့ ယူနိုက်တက် ပရိသတ်များစွာက တောင်းဆိုထားကြပါတယ်။
ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ
သူ့စိတ်ကြိုက် ကစားသမားတွေဖြစ်တဲ့ ဖရက်နဲ့ တွမ်မီနေးတို့ကိုသာ
ပိုမိုနေရာပေးတတ်သူဖြစ်လို့ ပေါ့ဘာ မပါနိုင်ရင်လည်း ဖရက်-တွမ်မီနေးတို့
အတွဲအဖက်ကိုသာ ဆက်လက်အသုံးပြုလာဖွယ် ရှိနေပါတယ်။ ဒီလိုသာ
ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ
အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒီဘိခ်အနေနဲ့
လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။
zawgyi
ေပါ့ဘာ ေပါင္ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ေနာက္ႏွစ္မွ ေဘာလုံးကစားႏိုင္ေတာ့မယ္
ယူႏိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ေပါ့ဘာဟာ
ႏိုင္ငံတကာ ရက္သတၱပတ္ကာလအတြင္း ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔အတူ
၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားေျခစစ္ပြဲေတြကို ဆင္ႏႊဲဖို႔အတြက္ အသင္းနဲ႔ ပူးေပါင္းခဲ့ၿပီး
အသင္းလိုက္ ေလ့က်င့္ခန္း ျပဳလုပ္ခဲ့ရာမွာ မေမွ်ာ္လင့္ဘဲ ေပါင္ဒဏ္ရာ
ရရွိသြားခဲ့တာေၾကာင့္ လက္ေ႐ြးစင္အသင္းရဲ႕ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရသလို
ဒဏ္ရာျပႆနာေၾကာင့္ (၈)ပတ္ကေန (၁၀)ပတ္ေလာက္အထိကို အနားယူရေတာ့မွာျဖစ္ပါတယ္။
ေပါ့ဘာဟာျပင္သစ္လက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ခဲ့ရၿပီးယူႏိုက္တက္အသင္းႏွင့္
ျပန္လည္ပူးေပါင္းကာဒဏ္ရာအေျခအေနကိုစစ္ေဆးမႈခံယူရပါမယ္။
သူဟာလီဗာပူးႏွင့္ပြဲစဥ္မွအနီကတ္ျပစ္ဒဏ္ေၾကာင့္ႏိုင္ငံတကာပြဲအၿပီး
ႏိုဝင္ဘာလ၂၀ရက္ေန႔တြင္ကစားရမယ့္ဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။
ေပါ့ဘာဟာယခုရာသီမွာယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ပြဲကစားထားသူျဖစ္ပါတယ္။
ေပါ့ဘာအေနနဲ႔ ဒဏ္ရာေၾကာင့္ ၂၀၂၂ခုႏွစ္ ႏွစ္အစပိုင္းေလာက္မွပဲ
ျပန္ကစားႏိုင္လိမ့္မယ္လို႔ ယူဆထားၾကၿပီး ေပါ့ဘာမပါဝင္ႏိုင္ေတာ့မယ့္
အခ်ိန္မွာ နယ္သာလန္ ကြင္းလယ္ကစားသမားေလး ဗန္ဒီဘိခ္ကို
ေနရာပိုေပးဖို႔ ယူႏိုက္တက္ ပရိသတ္မ်ားစြာက ေတာင္းဆိုထားၾကပါတယ္။
ယူႏိုက္တက္နည္းျပ အိုေလဂန္နာဆိုးလ္ရွားက အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ
သူ႔စိတ္ႀကိဳက္ ကစားသမားေတြျဖစ္တဲ့ ဖရက္နဲ႔ တြမ္မီေနးတို႔ကိုသာ
ပိုမိုေနရာေပးတတ္သူျဖစ္လို႔ ေပါ့ဘာ မပါႏိုင္ရင္လည္း ဖရက္-တြမ္မီေနးတို႔
အတြဲအဖက္ကိုသာ ဆက္လက္အသုံးျပဳလာဖြယ္ ရွိေနပါတယ္။ ဒီလိုသာ
ဆက္လက္လုပ္ေဆာင္ေနဦးမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ
ေအဂ်က္စ္ကေန ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဗန္ဒီဘိခ္အေနနဲ႔
လာမယ့္ ေဆာင္းေဈးကြက္မွာပဲ အသင္းကေန ထြက္ခြာသြားႏိုင္ေျခ ရွိေနပါတယ္။