





ယူနိုက်တက်အသင်းကိုနည်းပြမော်ရင်ဟိုတာဝန်ယူစဉ်ကာလအတွင်း
ဝက်စ်ဟမ်းတိုက်စစ်မှူးအာနူတိုဗစ်ကို အိုးလ်ထရက်ဖို့ဒ်ခေါ်ယူဖို့





စီစဉ်ခဲ့ပေမဲ့ ငွေအလုံအလောက်မရှိခဲ့ဘူးလို့ သြစတြီးယားတိုက်စစ်မှူးက
ပြန်လည်ဖွင့်ဟလာပါတယ်။ အာနူတိုဗစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ
ခြေစွမ်းပြနေချိန်ဖြစ်ပြီး ယူနိုက်တက်အသင်းက သူ့ရဲ့တိုးတက်မှုတွေကို





အသေအချာစောင့်ကြည့်ခဲ့ပေမဲ့ ငွေကြေးလိုအပ်ချက်ကြောင့်
ဖြစ်မလာခဲ့တာပါ။ မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကိုတာဝန်





ယူစဉ်ကာလမှာ အာနူတိုဗစ်နဲ့လက်တွဲခဲ့ဖူးသူဖြစ်ပြီး ယူနိုက်တက်ရောက်
လာချိန်မှာလည်း သြစတြီးယားတိုက်စစ်မှူးကိုခေါ်ယူဖို့ဆန္ဒရှိခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သရဲနီတွေဘက်ကပျက်ကွက်ခဲ့တဲ့အတွက်





အာနူတိုဗစ်ဟာ တရုတ်စူပါလိဂ်ကိုပြောင်းရွှေ့သွားခဲ့ရတာဖြစ်တယ်။
သူ့ရဲ့အပြောင်းအရွှေ့မအောင်မြင်ခဲ့တာဟာ ယူနိုက်တက်ဘက်က





ပေါ့ဘာကိုအရင်ခေါ်ယူလိုက်တာကြောင့်ဖြစ်တယ်လို့ အာနူတိုဗစ်က
ရှင်းလင်းခဲ့ပါတယ်။ Gazzetta dello Sport နဲ့တွေ့ဆုံမှုမှာ အာနူတိုဗစ်က
“ကျွန်တော် ဝက်စ်ဟမ်းမှာရှိတုန်းက မော်ရင်ဟိုဟာ ကျွန်တော့်ကို





စိတ်ဝင်စားခဲ့တယ်။ ကုန်ကျစရိတ်ဘယ်လောက်လဲလို့မေးမြန်းခဲ့တယ်။
ဒါပေမဲ့ ယူနိုက်တက်က ပေါ့ဘာကိုဝယ်ယူပြီးသားဖြစ်နေလို့





ကျွန်တော့်အတွက် ပိုက်ဆံအလုံအလောက်မရှိခဲ့ပါဘူး” လို့
ဖွင့်ဟလိုက်တာဖြစ်တယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူကလည်း
အာနူတိုဗစ်အပြောင်းအရွှေ့ကိုနောက်ဆုံးမှာ ယူနိုက်တက်ဘက်က





ပယ်ချခဲ့တာဖြစ်တယ်လို့ပြောဆိုသွားပါတယ်။





zawgyi
ေပါ့ဘာေပးတဲ့ဒုကၡေတြေၾကာင့္ ယူႏိုက္တက္ကစားသမားခံယူခြင့္နဲ႔ အာႏူတိုဗစ္ လြဲေခ်ာ္ခဲ့
ယူႏိုက္တက္အသင္းကိုနည္းျပေမာ္ရင္ဟိုတာဝန္ယူစဥ္ကာလအတြင္း





ဝက္စ္ဟမ္းတိုက္စစ္မႉးအာႏူတိုဗစ္ကို အိုးလ္ထရက္ဖို႔ဒ္ေခၚယူဖို႔
စီစဥ္ခဲ့ေပမဲ့ ေငြအလုံအေလာက္မရွိခဲ့ဘူးလို႔ ၾသစႀတီးယားတိုက္စစ္မႉးက





ျပန္လည္ဖြင့္ဟလာပါတယ္။ အာႏူတိုဗစ္ဟာ ဝက္စ္ဟမ္းအသင္းမွာ
ေျခစြမ္းျပေနခ်ိန္ျဖစ္ၿပီး ယူႏိုက္တက္အသင္းက သူ႔ရဲ႕တိုးတက္မႈေတြကို
အေသအခ်ာေစာင့္ၾကည့္ခဲ့ေပမဲ့ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္





ျဖစ္မလာခဲ့တာပါ။ ေမာ္ရင္ဟိုဟာ အင္တာမီလန္အသင္းကိုတာဝန္
ယူစဥ္ကာလမွာ အာႏူတိုဗစ္နဲ႔လက္တြဲခဲ့ဖူးသူျဖစ္ၿပီး ယူႏိုက္တက္ေရာက္





လာခ်ိန္မွာလည္း ၾသစႀတီးယားတိုက္စစ္မႉးကိုေခၚယူဖို႔ဆႏၵရွိခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့ သရဲနီေတြဘက္ကပ်က္ကြက္ခဲ့တဲ့အတြက္
အာႏူတိုဗစ္ဟာ တ႐ုတ္စူပါလိဂ္ကိုေျပာင္းေ႐ႊ႕သြားခဲ့ရတာျဖစ္တယ္။





သူ႔ရဲ႕အေျပာင္းအေ႐ႊ႕မေအာင္ျမင္ခဲ့တာဟာ ယူႏိုက္တက္ဘက္က
ေပါ့ဘာကိုအရင္ေခၚယူလိုက္တာေၾကာင့္ျဖစ္တယ္လို႔ အာႏူတိုဗစ္က





ရွင္းလင္းခဲ့ပါတယ္။ Gazzetta dello Sport နဲ႔ေတြ႕ဆုံမႈမွာ အာႏူတိုဗစ္က
“ကြၽန္ေတာ္ ဝက္စ္ဟမ္းမွာရွိတုန္းက ေမာ္ရင္ဟိုဟာ ကြၽန္ေတာ့္ကို
စိတ္ဝင္စားခဲ့တယ္။ ကုန္က်စရိတ္ဘယ္ေလာက္လဲလို႔ေမးျမန္းခဲ့တယ္။





ဒါေပမဲ့ ယူႏိုက္တက္က ေပါ့ဘာကိုဝယ္ယူၿပီးသားျဖစ္ေနလို႔
ကြၽန္ေတာ့္အတြက္ ပိုက္ဆံအလုံအေလာက္မရွိခဲ့ပါဘူး” လို႔





ဖြင့္ဟလိုက္တာျဖစ္တယ္။ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူကလည္း
အာႏူတိုဗစ္အေျပာင္းအေ႐ႊ႕ကိုေနာက္ဆုံးမွာ ယူႏိုက္တက္ဘက္က
ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ေျပာဆိုသြားပါတယ္။




