ပေါ့ဘာနဲ့ ကြေညာလာတဲ့ Adidas ထူးရှယ် အလန်းစား ဖိနပ်ဒီဇိုင်းအသစ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာဟာ Adidas ၊

ဖက်ရှင်ဒီဇိုင်းနာစတဲလ်လာမက္ကာနေးတို့နှင့်ပူးပေါင်းကာ ကမ္ဘာပထမဆုံး  ၁၀၀ရာခိုင်နှုန်း

ဟင်းသီးဟင်းရွက်ဖြင့်ဖန်တီးထားတဲ့ဘောလုံးကန်ဖိနပ်ကိုကြေညာလာပါတယ်။

အရေအတွက်ကန့်သတ်ထုတ်လုပ်ထားတဲ့ယင်းဖိနပ်ကိုကျား/မမရွေးစီးနိုင်ပြီး

ဈေးနှုန်းယူရို၂၈၀(ပေါင်၂၃၆)သတ်မှတ်ထားပါတယ်။ယင်းဖိနပ်ကိုမက္ကာနေးက

အဆင့်မြင့်ဒီဇိုင်းဖန်တီးထားပြီးပေါလ်ပေါ့ဘာအတွက်လိုအပ်တဲ့

စွမ်းဆောင်ရည်အပြည့်အမီဖြင့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ယင်းဖိနပ်ကိုလည်း Predator စီးရီးရဲ့နောက်ဆုံးဖန်တီးတီထွင်မှုအနေဖြင့်

ဖန်တီးထားတာဖြစ်ပြီးအသေးစိတ်ကျအောင်ဖန်တီးထားတာလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားက Predator ဖိနပ်သစ်မှာ

ပေါ်လွင်ထင်ရှားပြီးပြိုင်ဘက်ကင်းကြောင်းချီးကျူးသွားပါတယ်။

စတဲလ်လာမက္ကာနေးရဲ့ပြောကြားမှုအရပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်

လော့ဒေါင်းဖြစ်နေစဉ်ကာလအတွင်းတွင်အဆိုပါစိတ်ကူးအားဖန်တီးရန်

ပေါ့ဘာနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ပေါလ်ပေါ့ဘာဟာ Adidas ၊စတဲလ်လာမက္ကာနေးတို့နှင့်ပူးပေါင်းဖန်တီးလိုက်တဲ့

ကမ္ဘာ့ပထမဆုံးဟင်းသီးဟင်းရွက်ဖြင့် ၁၀၀ရာခိုင်နှုန်းဖန်တီးထားတဲ့ဖိနပ်ကို

လီဗာပူးနှင့်ပွဲစဉ်တွင်စတင်ကစားသွားပါမယ်။

zawgyi

ေပါ့ဘာနဲ႔ ေၾကညာလာတဲ့ Adidas ထူးရွယ္ အလန္းစား ဖိနပ္ဒီဇိုင္းအသစ္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာဟာ Adidas ၊

ဖက္ရွင္ဒီဇိုင္းနာစတဲလ္လာမကၠာေနးတို႔ႏွင့္ပူးေပါင္းကာ ကမာၻပထမဆုံး  ၁၀၀ရာခိုင္ႏႈန္း

ဟင္းသီးဟင္း႐ြက္ျဖင့္ဖန္တီးထားတဲ့ေဘာလုံးကန္ဖိနပ္ကိုေၾကညာလာပါတယ္။

အေရအတြက္ကန႔္သတ္ထုတ္လုပ္ထားတဲ့ယင္းဖိနပ္ကိုက်ား/မမေ႐ြးစီးႏိုင္ၿပီး

ေဈးႏႈန္းယူ႐ို၂၈၀(ေပါင္၂၃၆)သတ္မွတ္ထားပါတယ္။ယင္းဖိနပ္ကိုမကၠာေနးက

အဆင့္ျမင့္ဒီဇိုင္းဖန္တီးထားၿပီးေပါလ္ေပါ့ဘာအတြက္လိုအပ္တဲ့

စြမ္းေဆာင္ရည္အျပည့္အမီျဖင့္ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ယင္းဖိနပ္ကိုလည္း Predator စီးရီးရဲ႕ေနာက္ဆုံးဖန္တီးတီထြင္မႈအေနျဖင့္

ဖန္တီးထားတာျဖစ္ၿပီးအေသးစိတ္က်ေအာင္ဖန္တီးထားတာလည္းျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္ကြင္းလယ္ကစားသမားက Predator ဖိနပ္သစ္မွာ

ေပၚလြင္ထင္ရွားၿပီးၿပိဳင္ဘက္ကင္းေၾကာင္းခ်ီးက်ဴးသြားပါတယ္။

စတဲလ္လာမကၠာေနးရဲ႕ေျပာၾကားမႈအရၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္

ေလာ့ေဒါင္းျဖစ္ေနစဥ္ကာလအတြင္းတြင္အဆိုပါစိတ္ကူးအားဖန္တီးရန္

ေပါ့ဘာႏွင့္ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ေပါလ္ေပါ့ဘာဟာ Adidas ၊စတဲလ္လာမကၠာေနးတို႔ႏွင့္ပူးေပါင္းဖန္တီးလိုက္တဲ့

ကမာၻ႔ပထမဆုံးဟင္းသီးဟင္း႐ြက္ျဖင့္ ၁၀၀ရာခိုင္ႏႈန္းဖန္တီးထားတဲ့ဖိနပ္ကို

လီဗာပူးႏွင့္ပြဲစဥ္တြင္စတင္ကစားသြားပါမယ္။