ပေါ့ဘာကို စာချုပ်သစ်ကမ်းလှမ်းတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အနာဂတ်မသေချာဖြစ်နေတဲ့

ကွင်းလယ်လူပေ့ါဘာကို တစ်ပတ်ပေါင်(၅၀၀,၀၀၀)အထိတိုးမြှင့်ပေးပြီးတော့

စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး ဒါက ပေ့ါဘာအတွက်

အသင်းရဲ့နောက်ဆုံးကမ်းလှမ်းမှုလည်းဖြစ်လာနိုင်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ပေ့ါဘာဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက

ပြင်သစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့်

အခုအချိန်အထိအနားယူနေရပြီး သူ့ရဲ့လက်ရှိစာချုပ်က ရာသီကုန်မှာ

သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဒီအပြောင်းအရွှေ့ကာလအတွင်း

တခြားကလပ်အသင်းတစ်သင်းနဲ့အပြောင်းအရွှေ့အကြို

သဘောတူညီမှုရယူနိုင်ခွင့်ရှိနေပါတယ်။

ပေါ့ဘာကိုခေါ်ယူဖို့အတွက် ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့

PSG ၊ ရီးယဲလ်အပြင် အသင်းဟောင်းဂျူဗင်တပ်စ်အသင်းတို့ကလည်း

စိတ်ဝင်စားနေတယ်ဆိုပြီးတော့ သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ပေ့ါဘာကို လက်မလွှတ်ရစေဖို့အတွက်

တခြားအသင်းတွေမှာ ပေ့ါဘာ ရနိုင်လောက်တဲ့ တစ်ပတ်လစာငွေပမာဏထက်

ပေါင်(၁၀၀,၀၀၀)အထိပိုပေးပြီး စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့တာဖြစ်သလို

အခု လစာအရ ပေါ့ဘာဟာ ပရီးမီးယားလိဂ်ရဲ့လစာငွေအများဆုံး

ထိပ်ဆုံးစာရင်းထဲမှာတစ်ဦးအပါအဝင်ဖြစ်ဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို အခုဇန်နဝါရီကာလအတွင်း

ရောင်းချမှာမဟုတ်ဘူးလို့ဆိုထားတာကြောင့် အသင်းရဲ့စာချုပ်သစ်ချုပ်ဆိုဖို့

ကမ်းလှမ်းမှုကို ပေ့ါဘာ လက်မခံခဲ့ရင်တော့ ရာသီကုန်ကျရင်

အလွတ်နဲ့လက်လွှတ်သွားမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ

ပေ့ါဘာနေရာမှာ အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီး

ဝုလ်ဗ်ကွင်းလယ်လူရူဘင်နီးဗတ််စ်ကို ပေါင်(၃၅)သန်းနဲ့

ကမ်းလှမ်းဖို့စီစဉ်နေတယ်လို့ ဗြိတိန်သတင်းစာတွေကဖော်ပြနေကြပါတယ်။

zawgyi

ေပါ့ဘာကို စာခ်ဳပ္သစ္ကမ္းလွမ္းတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အနာဂတ္မေသခ်ာျဖစ္ေနတဲ့

ကြင္းလယ္လူေပ့ါဘာကို တစ္ပတ္ေပါင္(၅၀၀,၀၀၀)အထိတိုးျမႇင့္ေပးၿပီးေတာ့

စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းလိုက္ၿပီျဖစ္ၿပီး ဒါက ေပ့ါဘာအတြက္

အသင္းရဲ႕ေနာက္ဆုံးကမ္းလွမ္းမႈလည္းျဖစ္လာႏိုင္ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေပ့ါဘာဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက

ျပင္သစ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္

အခုအခ်ိန္အထိအနားယူေနရၿပီး သူ႔ရဲ႕လက္ရွိစာခ်ဳပ္က ရာသီကုန္မွာ

သက္တမ္းကုန္ဆုံးမွာျဖစ္လို႔ ဒီအေျပာင္းအေ႐ႊ႕ကာလအတြင္း

တျခားကလပ္အသင္းတစ္သင္းနဲ႔အေျပာင္းအေ႐ႊ႕အႀကိဳ

သေဘာတူညီမႈရယူႏိုင္ခြင့္ရွိေနပါတယ္။

ေပါ့ဘာကိုေခၚယူဖို႔အတြက္ ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့

PSG ၊ ရီးယဲလ္အျပင္ အသင္းေဟာင္းဂ်ဴဗင္တပ္စ္အသင္းတို႔ကလည္း

စိတ္ဝင္စားေနတယ္ဆိုၿပီးေတာ့ သတင္းေတြထြက္ေနတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ ေပ့ါဘာကို လက္မလႊတ္ရေစဖို႔အတြက္

တျခားအသင္းေတြမွာ ေပ့ါဘာ ရႏိုင္ေလာက္တဲ့ တစ္ပတ္လစာေငြပမာဏထက္

ေပါင္(၁၀၀,၀၀၀)အထိပိုေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ကမ္းလွမ္းခဲ့တာျဖစ္သလို

အခု လစာအရ ေပါ့ဘာဟာ ပရီးမီးယားလိဂ္ရဲ႕လစာေငြအမ်ားဆုံး

ထိပ္ဆုံးစာရင္းထဲမွာတစ္ဦးအပါအဝင္ျဖစ္ဖို႔ရွိေနပါၿပီ။

ယူႏိုက္တက္အသင္းအေနနဲ႔ ေပါ့ဘာကို အခုဇန္နဝါရီကာလအတြင္း

ေရာင္းခ်မွာမဟုတ္ဘူးလို႔ဆိုထားတာေၾကာင့္ အသင္းရဲ႕စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔

ကမ္းလွမ္းမႈကို ေပ့ါဘာ လက္မခံခဲ့ရင္ေတာ့ ရာသီကုန္က်ရင္

အလြတ္နဲ႔လက္လႊတ္သြားမွာပဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ေပ့ါဘာေနရာမွာ အစားထိုးဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေနၿပီး

ဝုလ္ဗ္ကြင္းလယ္လူ႐ူဘင္နီးဗတ္္စ္ကို ေပါင္(၃၅)သန္းနဲ႔

ကမ္းလွမ္းဖို႔စီစဥ္ေနတယ္လို႔ ၿဗိတိန္သတင္းစာေတြကေဖာ္ျပေနၾကပါတယ္။