ပေါ့ပေါ့နေ ပေါ့ပေါ့စား မန်ယူ လူငယ်ကစားသမားများလို့ ခေါင်းစဉ်တပ်ခဲ့တဲ့ ရော်နယ်ဒို

မန်ယူအသင်းရဲ့ လက်ရှိ လူငယ်ကစားသမားတွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား တွေဖြစ်ပြီး ဒုက္ခမတွေ့ကြတဲ့အတွက် ဘာကိုမှ အလေးမထားတတ်ကြဘူးလို့ တိုက်စစ်မှူး စီရော်နယ်ဒိုက

သူ့ရဲ့ အင်တာဗျူးအစီအစဉ်မှာ ဝေဖန်ပြောဆို သွားခဲ့ပါတယ်။ လက်ရှိ မန်ယူအသင်း လူငယ်ကစားသမားတွေဟာ သူ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာချိန်တုန်းက မျိုးဆက်နဲ့ တခြားစီပဲလို့ စီရော်နယ်ဒိုက

မှတ်ချက်ပြုခဲ့ပြီး ပရော်ဖက်ရှင်နယ် မပီသဘူးလို့ ဝေဖန်သွားခဲ့တာ ပါ။ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့် အင်တာဗျူးဟာ ပေါက်ကွဲအားကောင်းခဲ့ပြီး ယူနိုက်တက်အသင်း အဝန်းအဝိုင်း

တစ်ခုလုံးကိုသာ မကဘဲ ဘောလုံးလောက တစ်ခုလုံးကိုပါ ပျံ့နှံ့ ရိုက်ခတ်ပြီး ဂယက်ထသွားစေခဲ့တာပါ။ နောက်ပြီး လက်ရှိအသင်းမှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဆိုတာ လက်ချိုးရေလို့ ရနေပြီး

ဒါလော့၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ ကက်စ်မီရို တို့သာပဲ ရှိတယ်လို့ ရီးရဲလ်တိုက်စစ်မှူးက ထောက်ပြခဲ့ပါတယ်။ ‘’သူတို့က အတွေ့အကြုံရင့်တဲ့ ကစားသမားတွေကို လေးစားရကောင်းမှန်း မသိကြသလို

တခြားကစားသမားတွေအပေါ်မှာလည်း မလေးစားကြပါဘူး။ ဒါပေမဲ့ သူတို့က ဒီဘက်ခေတ်မှာ မွေးလာတဲ့ကောင်တွေ။ ကျွန်တော့်သားဆိုရင် အခု အသက် ၁၂ နှစ်ရှိနေပြီ။ ကျွန်တော်တို့

ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ ဖြစ်ချင်စိတ်က မတူကြတော့ဘူး။ သူတို့က ပိုပြီး လွယ်လွယ်လေး နဲ့ ရနေကြတယ်လို့ ကျွန်တော်ထင်တယ်။ အရာအားလုံးက လွယ်လွယ်လေး ရနေကြတာပါ။

သူတို့မှာ ဒုက္ခဆိုတာ မရှိဘူးလေ။ နောက်ပြီး သူတို့ အလေး လည်း မထားကြပါဘူး။ မန်ယူမှာရှိနေတဲ့ ကစားသမား အနည်းငယ်ကိုပဲ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းလုံးမှာရှိနေတဲ့

လိဂ်ပြိုင်ပွဲ ပေါင်းစုံက လူငယ်ကစားသမားတွေဟာ ကျွန်တော်တို့ မျိုးဆက်နဲ့ မတူကြ တော့ပါဘူး။ ဒါပေမဲ့ သူတို့ကိုလည်း သွားပြီး အပြစ်တင်နေလို့လည်း မရဘူး။ ဘာကြောင့်လဲဆိုတော့

ဒါက ဘဝရဲ့ ပြောင်းလဲမှုအစိတ်အပိုင်းဖြစ်ပြီး မျိုး ဆက်က အသစ်ဖြစ်သွားတာ။ နည်းပညာ အသစ်တွေက သူတို့ကို အာရုံတွေ ပြောင်းပစ်လိုက်တာပါ။ သူတို့ နားတော့ ထောင်ပါတယ်။

သူတို့မှာ နားနှစ်ဖက်ပါနေလို့ပါ။ နားတစ်ဖက်က ဝင်ပြီး နောက်တစ်ဖက်ကနေ ပြန်ထွက်သွားပါတယ်’’ လို့ ရော်နယ်ဒိုက ပြင်းပြင်းထန်ထန်ကို ဝေဖန်သွားခဲ့ပါတယ်။

(Zawgyi)

ေပါ့ေပါ့ေန ေပါ့ေပါ့စား မန္ယူ လူငယ္ကစားသမားမ်ားလို႔ ေခါင္းစဥ္တပ္ခဲ့တဲ့ ေရာ္နယ္ဒို

မန္ယူအသင္းရဲ႕ လက္ရွိ လူငယ္ကစားသမားေတြဟာ ေပါ့ေပါ့ေန ေပါ့ေပါ့စား ေတြျဖစ္ၿပီး ဒုကၡမေတြ႕ၾကတဲ့အတြက္ ဘာကိုမွ အေလးမထားတတ္ၾကဘူးလို႔

တိုက္စစ္မႉး စီေရာ္နယ္ဒိုက သူ႔ရဲ႕ အင္တာဗ်ဴးအစီအစဥ္မွာ ေဝဖန္ေျပာဆို သြားခဲ့ပါတယ္။ လက္ရွိ မန္ယူအသင္း လူငယ္ကစားသမားေတြဟာ သူ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခ်ိန္တုန္းက

မ်ိဳးဆက္နဲ႔ တျခားစီပဲလို႔ စီေရာ္ နယ္ဒိုက မွတ္ခ်က္ျပဳခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ မပီသဘူးလို႔ ေဝဖန္သြားခဲ့တာ ပါ။ ပီယာ့စ္ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ သီးသန႔္ အင္တာဗ်ဴးဟာ

ေပါက္ကြဲအား ေကာင္းခဲ့ၿပီး ယူႏိုက္တက္အသင္း အဝန္းအဝိုင္း တစ္ခုလုံးကိုသာ မကဘဲ ေဘာလုံးေလာက တစ္ခုလုံးကိုပါ ပ်ံ႕ႏွံ႔ ႐ိုက္ခတ္ၿပီး ဂယက္ထသြားေစခဲ့တာပါ။

ေနာက္ၿပီး လက္ရွိအသင္းမွာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ ကစားသမားဆို တာ လက္ခ်ိဳးေရလို႔ ရေနၿပီး ဒါေလာ့၊ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ကက္စ္မီ႐ို တို႔သာပဲ ရွိတယ္လို႔ ရီးရဲလ္တိုက္စစ္မႉးက

ေထာက္ျပခဲ့ပါတယ္။ ‘’သူတို႔က အေတြ႕အႀကဳံရင့္တဲ့ ကစားသမားေတြကို ေလးစားရေကာင္းမွန္း မသိၾကသလို တျခားကစားသမားေတြအေပၚမွာလည္း

မေလးစားၾကပါဘူး။ ဒါေပမဲ့ သူတို႔က ဒီဘက္ေခတ္မွာ ေမြးလာတဲ့ေကာင္ေတြ။ ကြၽန္ေတာ့္သား ဆိုရင္ အခု အသက္ ၁၂ ႏွစ္ရွိေနၿပီ။ ကြၽန္ေတာ္တို႔

ငယ္ငယ္တုန္းကနဲ႔ မတူ ေတာ့ပါဘူး။ ျဖစ္ခ်င္စိတ္က မတူၾကေတာ့ဘူး။ သူတို႔က ပိုၿပီး လြယ္လြယ္ေလး နဲ႔ ရေနၾကတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အရာအားလုံးက လြယ္လြယ္ေလး

ရေနၾကတာပါ။ သူတို႔မွာ ဒုကၡဆိုတာ မရွိဘူးေလ။ ေနာက္ၿပီး သူတို႔ အေလး လည္း မထားၾကပါဘူး။ မန္ယူမွာရွိေနတဲ့ ကစားသမား အနည္းငယ္ကိုပဲ ကြၽန္ ေတာ္ ဆိုလိုတာ

မဟုတ္ပါဘူး။ ကမာၻတစ္ဝန္းလုံးမွာရွိေနတဲ့ လိဂ္ၿပိဳင္ပြဲ ေပါင္းစုံက လူငယ္ကစားသမားေတြဟာ ကြၽန္ေတာ္တို႔ မ်ိဳးဆက္နဲ႔ မတူၾက ေတာ့ပါဘူး။ ဒါေပမဲ့ သူတို႔ကိုလည္း

သြားၿပီး အျပစ္တင္ေနလို႔လည္း မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက ဘဝရဲ႕ ေျပာင္းလဲမႈအစိတ္အပိုင္းျဖစ္ၿပီး မ်ိဳး ဆက္က အသစ္ျဖစ္သြားတာ။ နည္းပညာ အသစ္ေတြက

သူတို႔ကို အာ႐ုံေတြ ေျပာင္းပစ္လိုက္တာပါ။ သူတို႔ နားေတာ့ ေထာင္ပါတယ္။ သူတို႔မွာ နားႏွစ္ ဖက္ ပါေနလို႔ပါ။ နားတစ္ဖက္က ဝင္ၿပီး ေနာက္တစ္ဖက္ကေန ျပန္ထြက္သြား ပါတယ္’’ လို႔

ေရာ္နယ္ဒိုက ျပင္းျပင္းထန္ထန္ကို ေဝဖန္သြားခဲ့ပါတယ္။