ပေါ့ဂ်ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သစ်ချုပ်တော့မှာ မဟုတ်ဘူးဆိုတာကို လက်ခံလိုက်တဲ့ မန်ယူ

ကွင်းလယ်လူပေါ့ဂ်ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သစ်ချုပ်တော့မှာ

မဟုတ်ဘူးဆိုတာကို လက်ခံလိုက်တဲ့ မန်ယူဟာ အဲဒီပြင်သစ်သားကို ရာသီကုန်မှာ

အလွတ်ဆုံးရှုံးဖို့ ပြင်ဆင်ထားကြောင်း သတင်းရင်းမြစ်တွေက ESPN

သတင်းဌာနကို ပြောပါတယ်။ပေါ့ဂ်ဘာဟာ ၂၀၁၆ သြဂုတ်တုန်းက အဲဒီအချိန်ရဲ့

ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၈၉.၁ သန်းနဲ့ ဂျူဗင်တပ်ကနေ မန်ယူကို ပြန်ရောက်လာခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့တစ်ကျော့ပြန်မန်ယူကစားသမားဘဝဟာ မျှော်လင့်ထားသလိုမဟုတ်ဘဲ

အတက်အကျတွေများခဲ့ပါတယ်။သူဟာ လာမယ့် ၂၀၂၂ ဇွန်လမှာပဲ

မန်ယူနဲ့စာချုပ်သက်တမ်းကုန်မှာဆိုတော့ အဲဒီအချိန်ရောက်ရင်

အလွတ်ထွက်ခွာခွင့်ရမှာပါ။ပေါ့ဂ်ဘာအနေနဲ့ စာချုပ်သစ်အတွက်

မန်ယူရဲ့ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ပယ်ချထားသူလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် ပေ့ါဂ်ဘာဟာ မကြာသေးခင်ပွဲတွေမှာလည်း ပွဲထွက်စာရင်းထဲ

ပုံမှန်မပါတော့တဲ့အတွက် မန်ယူမှာ မပျော်ပိုက်တော့ပါဘူး။မန်ယူကတော့

ပေါ့ဂ်ဘာလို ကစားသမားကို အလကားလက်လွှတ်ရမှာထက်စာရင်

လာမယ့်ဇန်နဝါရီမှာ ရသလောက်နဲ့ ရောင်းချနိုင်မယ့်အခွင့်အရေး

ရှာလာနိုင်ပါတယ်။ဒါပေမဲ့ သူ့ကို စိတ်ဝင်စားကြတဲ့ ဥရောပအသင်းကြီးတွေဖြစ်တဲ့

ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ဟာ ဇန်နဝါရီမှာ

ခေါ်ယူတာထက် လာမယ့်နွေရောက်မှပဲ အလွတ်ခေါ်ချင်နေကြပါတယ်။

လောလောဆယ်တော့ ၂၈ နှစ်အရွယ် ပေါ့ဂ်ဘာဟာ လီဗာပူးနဲ့ပွဲမှာ

ပြိုင်ဘက်ကစားသမားကီတာကို အဝင်ကြမ်းခဲ့လို့ ပြခံရတဲ့တိုက်ရိုက်

အနီကတ်ကြောင့် ပရီးမီးယားလိဂ်မှာ ၃ ပွဲပယ်ခံထားရပါတယ်။

zawgyi

ေပါ့ဂ္ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ စာခ်ဳပ္သစ္ခ်ဳပ္ေတာ့မွာ မဟုတ္ဘူးဆိုတာကို လက္ခံလိုက္တဲ့ မန္ယူ

ကြင္းလယ္လူေပါ့ဂ္ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ စာခ်ဳပ္သစ္ခ်ဳပ္ေတာ့မွာ

မဟုတ္ဘူးဆိုတာကို လက္ခံလိုက္တဲ့ မန္ယူဟာ အဲဒီျပင္သစ္သားကို ရာသီကုန္မွာ

အလြတ္ဆုံးရႈံးဖို႔ ျပင္ဆင္ထားေၾကာင္း သတင္းရင္းျမစ္ေတြက ESPN

သတင္းဌာနကို ေျပာပါတယ္။ေပါ့ဂ္ဘာဟာ ၂၀၁၆ ၾသဂုတ္တုန္းက အဲဒီအခ်ိန္ရဲ႕

ကမာၻ႔စံခ်ိန္တင္ေၾကးျဖစ္တဲ့ ေပါင္ ၈၉.၁ သန္းနဲ႔ ဂ်ဴဗင္တပ္ကေန မန္ယူကို ျပန္ေရာက္လာခဲ့တာပါ။

ဒါေပမဲ့ သူ႔ရဲ႕တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝဟာ ေမွ်ာ္လင့္ထားသလိုမဟုတ္ဘဲ

အတက္အက်ေတြမ်ားခဲ့ပါတယ္။သူဟာ လာမယ့္ ၂၀၂၂ ဇြန္လမွာပဲ

မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္မွာဆိုေတာ့ အဲဒီအခ်ိန္ေရာက္ရင္

အလြတ္ထြက္ခြာခြင့္ရမွာပါ။ေပါ့ဂ္ဘာအေနနဲ႔ စာခ်ဳပ္သစ္အတြက္

မန္ယူရဲ႕ကမ္းလွမ္းမႈကို အႀကိမ္ႀကိမ္ပယ္ခ်ထားသူလည္း ျဖစ္ပါတယ္။

ဒ့ါအျပင္ ေပ့ါဂ္ဘာဟာ မၾကာေသးခင္ပြဲေတြမွာလည္း ပြဲထြက္စာရင္းထဲ

ပုံမွန္မပါေတာ့တဲ့အတြက္ မန္ယူမွာ မေပ်ာ္ပိုက္ေတာ့ပါဘူး။မန္ယူကေတာ့

ေပါ့ဂ္ဘာလို ကစားသမားကို အလကားလက္လႊတ္ရမွာထက္စာရင္

လာမယ့္ဇန္နဝါရီမွာ ရသေလာက္နဲ႔ ေရာင္းခ်ႏိုင္မယ့္အခြင့္အေရး

ရွာလာႏိုင္ပါတယ္။ဒါေပမဲ့ သူ႔ကို စိတ္ဝင္စားၾကတဲ့ ဥေရာပအသင္းႀကီးေတြျဖစ္တဲ့

ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တို႔ဟာ ဇန္နဝါရီမွာ

ေခၚယူတာထက္ လာမယ့္ေႏြေရာက္မွပဲ အလြတ္ေခၚခ်င္ေနၾကပါတယ္။

ေလာေလာဆယ္ေတာ့ ၂၈ ႏွစ္အ႐ြယ္ ေပါ့ဂ္ဘာဟာ လီဗာပူးနဲ႔ပြဲမွာ

ၿပိဳင္ဘက္ကစားသမားကီတာကို အဝင္ၾကမ္းခဲ့လို႔ ျပခံရတဲ့တိုက္႐ိုက္

အနီကတ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ၃ ပြဲပယ္ခံထားရပါတယ္။