ပေါ့ဂ်ဘာရဲ့နေရာမှာအစားထိုးဖို့အတွက်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ မန်ယူစောင့်ကြည့်နေ

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ကလပ်နဲ့စာချုပ်သက်တမ်း ၁၂ လတောင်

မကျန်တော့ပေမယ့် စာချုပ်သစ်အတွက်သဘော တူညီချက်ရဖို့

အလှမ်းဝေးနေသေးလို့ သူဟာမန်ယူကနေထွက်မယ့်သူလို့

ခန့်မှန်းခံထားရပါတယ်။ မန်ယူပရိသတ်အများစုက

ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ပေါ့ဂ်ဘာဟာကမ္ဘာ့အဆင့်

အရည်အသွေးရှိသူဖြစ်ပေမယ့် မန်ယူအတွက်သူ့ရဲ့အာရုံစူးစိုက်မှုနဲ့

ပေးဆပ်လိုမှု ကိုတော့မေးခွန်းထုတ်နေကြပြီး ကလပ်မှာထက်

လက်ရွေးစင်အသင်းမှာပိုပြီးခြေစွမ်းပြနေတာကြောင့်ဝေဖန်မှုတွေလည်း

ခံနေရသူ ဖြစ်ပါတယ်။ သူဟာဒီရာသီအစပိုင်းမှာ မန်ယူအတွက်ခြေစွမ်းပြပြီး

ဖန်တီးမှုတွေအများကြီးပြုလုပ်ခဲ့ပေမယ့် ပုံမှန်ခြေစွမ်းကို

ထိန်းထားနိုင်ခြင်းမရှိလို့ မကြာသေးခင်ပွဲတွေမှာဆိုရင် ဦးစားပေးနေရာ

ပျောက်ဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် အသင်းကနေ

သူ ထွက်ခွာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယူဆနေကြတာပါ။

ဒါကြောင့်လည်းမန်ယူတာဝန်ရှိသူတွေဟာ အငြင်းပွားစရာတွေ

ဆက်တိုက် လုပ်ပြနေတဲ့ ပေါ့ဂ်ဘာမရှိတာကအသင်းအတွက်

ပိုကောင်းလိမ့်မယ်လို့ယူဆပြီးကလပ်အပေါ်လည်းသစ္စာမရှိတဲ့

သူ့ကိုထွက်ခွင့်ပေးလိုက်ဖို့ သာရည်ရွယ်နေပါတယ်။

ဒါကြောင့်ဈေးပေါပေါနဲ့လက်မလွှတ်ရဖို့အတွက် လာမယ့်ဇန်နဝါရီ

ဈေးကွက်ထဲမှာတင်ရောင်းချဖို့လည်းပြင်ဆင် နေတယ်လို့

manchesterevening သတင်းစာကြီးကဖော်ပြခဲ့တာပါ။

ဒီအတွက်လည်းမန်ယူဟာ ပေါ့ဂ်ဘာနေရာမှာအစားထိုးဖို့အတွက်

ဒေါ့မန်မှာခြေစွမ်းပြနေတဲ့ အင်္ဂလန်လူငယ်ကစားသမား

ဂျု့ဘယ်လင်ဟမ် ကိုခေါ်ယူဖို့ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ် ဟာကမ္ဘာ့ဘောလုံးလောကရဲ့

အတောက်ပဆုံးသောလူငယ်တစ်ဦးဖြစ်ပြီး ဒေါ့မန်အတွက်ရော

အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ box-to-box

ကစားနိုင်စွမ်းရှိတဲ့သူ လည်းဖြစ်ပါတယ်။ သူဟာအင်္ဂလန်က

ဆမ်မာရီနိုကို ၁၀-၀ နဲ့နိုင်ခဲ့တဲ့ ခြေစစ်ပွဲမှာ ထူးခြားစွာခြေစွမ်းပြနိုင်ခဲ့ပြီး

ဘောလုံးပေးပို့တာတိကျ မှု ၉၃ ရာခိုင်နှုန်းရှိခဲ့တဲ့အပြင် ဘောလုံးနဲ့အတူ

လှည့်ဖျားမှု ၃ ကြိမ်၊ ကြားဖြတ်ဟန့်တားနိုင်မှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာအဲဒီပွဲ မှာ ဂိုးသွင်းခဲ့သေးပေမယ့်လည်း ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း မန်ယူကဘယ်လင်ဟမ် ကိုစောင့်ကြည့်နေတာကို

အသင်းခေါင်း ဆောင်ဟောင်း ရွိုင်ကိန်းကသဘောတူခဲ့ပြီး

ဒီအင်္ဂလန်သားလေးဟာ သန်မာပြီးစွမ်းဆောင်ရည်အပြည့်ရှိတဲ့သူပါလို့

မှတ်ချက်ပြုခဲ့ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ

ဒေါ့မန်အတွက်ဘွန်ဒက်စ်လီဂါမှာရော ချန်ပီယံလိဂ်မှာပါ

ခြေစွမ်းပြနိုင်သူဖြစ်ပြီး ဘာ မင်ဂမ်မှာရှိနေတဲ့ ၂၀၂၀ ကတည်းက

မန်ယူကခေါ်ဖို့စောင့်ကြည့်ခဲ့သေးပေမယ့် ဒေါ့မန်ကိုရောက်သွားတာ

ဖြစ်ပါတယ်။ သူဟာဒီရာသီ ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံး

ကစားသမားစာရင်းထဲမှာအဆင့် ၃ နေရာမှာရှိနေပြီးဈေးကွက်တန်ကြေးက

ယူရိုသန်း ၇၀ ရှိနေတဲ့အပြင် ၂၀၀၃ မှာမွေးတဲ့ဘောလုံးသမားတွေထဲမှာ

နံပါတ် ၁ အဆင့်ရှိတဲ့သူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

zawgyi

ေပါ့ဂ္ဘာရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ဘယ္လင္ဟမ္ကို ေခၚယူဖို႔ မန္ယူေစာင့္ၾကည့္ေန

မန္ယူအသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ကလပ္နဲ႔စာခ်ဳပ္သက္တမ္း ၁၂ လေတာင္

မက်န္ေတာ့ေပမယ့္ စာခ်ဳပ္သစ္အတြက္သေဘာ တူညီခ်က္ရဖို႔

အလွမ္းေဝးေနေသးလို႔ သူဟာမန္ယူကေနထြက္မယ့္သူလို႔

ခန႔္မွန္းခံထားရပါတယ္။ မန္ယူပရိသတ္အမ်ားစုက

ျပင္သစ္လက္ေ႐ြးစင္ျဖစ္တဲ့ ေပါ့ဂ္ဘာဟာကမာၻ႔အဆင့္

အရည္အေသြးရွိသူျဖစ္ေပမယ့္ မန္ယူအတြက္သူ႔ရဲ႕အာ႐ုံစူးစိုက္မႈနဲ႔

ေပးဆပ္လိုမႈ ကိုေတာ့ေမးခြန္းထုတ္ေနၾကၿပီး ကလပ္မွာထက္

လက္ေ႐ြးစင္အသင္းမွာပိုၿပီးေျခစြမ္းျပေနတာေၾကာင့္ေဝဖန္မႈေတြလည္

းခံေနရသူ ျဖစ္ပါတယ္။ သူဟာဒီရာသီအစပိုင္းမွာ မန္ယူအတြက္ေျခစြမ္းျပၿပီး

ဖန္တီးမႈေတြအမ်ားႀကီးျပဳလုပ္ခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းကို

ထိန္းထားႏိုင္ျခင္းမရွိလို႔ မၾကာေသးခင္ပြဲေတြမွာဆိုရင္ ဦးစားေပးေနရာ

ေပ်ာက္ဆုံးတဲ့အထိျဖစ္ခဲ့ပါတယ္။ ဒီအေျခအေနေၾကာင့္ အသင္းကေန

သူ ထြက္ခြာလိမ့္မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ယူဆေနၾကတာပါ။

ဒါေၾကာင့္လည္းမန္ယူတာဝန္ရွိသူေတြဟာ အျငင္းပြားစရာေတြ

ဆက္တိုက္ လုပ္ျပေနတဲ့ ေပါ့ဂ္ဘာမရွိတာကအသင္းအတြက္

ပိုေကာင္းလိမ့္မယ္လို႔ယူဆၿပီးကလပ္အေပၚလည္းသစၥာမရွိတဲ့

သူ႔ကိုထြက္ခြင့္ေပးလိုက္ဖို႔ သာရည္႐ြယ္ေနပါတယ္။ ဒါေၾကာင့္

ေဈးေပါေပါနဲ႔လက္မလႊတ္ရဖို႔အတြက္ လာမယ့္ဇန္နဝါရီ

ေဈးကြက္ထဲမွာတင္ေရာင္းခ်ဖို႔လည္းျပင္ဆင္ ေနတယ္လို႔

manchesterevening သတင္းစာႀကီးကေဖာ္ျပခဲ့တာပါ။

ဒီအတြက္လည္းမန္ယူဟာ ေပါ့ဂ္ဘာေနရာမွာအစားထိုးဖို႔အတြက္

ေဒါ့မန္မွာေျခစြမ္းျပေနတဲ့ အဂၤလန္လူငယ္ကစားသမား

ဂ်ဳ႕ဘယ္လင္ဟမ္ ကိုေခၚယူဖို႔ပစ္မွတ္ထားလာတာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဘယ္လင္ဟမ္ ဟာကမာၻ႔ေဘာလုံးေလာကရဲ႕

အေတာက္ပဆုံးေသာလူငယ္တစ္ဦးျဖစ္ၿပီး ေဒါ့မန္အတြက္ေရာ

အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ပါ box-to-box

ကစားႏိုင္စြမ္းရွိတဲ့သူ လည္းျဖစ္ပါတယ္။ သူဟာအဂၤလန္က

ဆမ္မာရီႏိုကို ၁၀-၀ နဲ႔ႏိုင္ခဲ့တဲ့ ေျခစစ္ပြဲမွာ ထူးျခားစြာေျခစြမ္းျပႏိုင္ခဲ့ၿပီ

း ေဘာလုံးေပးပို႔တာတိက် မႈ ၉၃ ရာခိုင္ႏႈန္းရွိခဲ့တဲ့အျပင္ ေဘာလုံးနဲ႔အတူ

လွည့္ဖ်ားမႈ ၃ ႀကိမ္၊ ၾကားျဖတ္ဟန႔္တားႏိုင္မႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူဟာအဲဒီပြဲ မွာ ဂိုးသြင္းခဲ့ေသးေပမယ့္လည္း ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္း မန္ယူကဘယ္လင္ဟမ္ ကိုေစာင့္ၾကည့္ေနတာကို

အသင္းေခါင္း ေဆာင္ေဟာင္း ႐ြိဳင္ကိန္းကသေဘာတူခဲ့ၿပီး

ဒီအဂၤလန္သားေလးဟာ သန္မာၿပီးစြမ္းေဆာင္ရည္အျပည့္ရွိတဲ့သူပါလို႔

မွတ္ခ်က္ျပဳခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဘယ္လင္ဟမ္ဟာ

ေဒါ့မန္အတြက္ဘြန္ဒက္စ္လီဂါမွာေရာ ခ်န္ပီယံလိဂ္မွာပါ

ေျခစြမ္းျပႏိုင္သူျဖစ္ၿပီး ဘာ မင္ဂမ္မွာရွိေနတဲ့ ၂၀၂၀ ကတည္းက

မန္ယူကေခၚဖို႔ေစာင့္ၾကည့္ခဲ့ေသးေပမယ့္ ေဒါ့မန္ကိုေရာက္သြားတာ

ျဖစ္ပါတယ္။ သူဟာဒီရာသီ ဘြန္ဒက္စ္လီဂါရဲ႕အေကာင္းဆုံး

ကစားသမားစာရင္းထဲမွာအဆင့္ ၃ ေနရာမွာရွိေနၿပီးေဈးကြက္တန္ေၾကးက

ယူ႐ိုသန္း ၇၀ ရွိေနတဲ့အျပင္ ၂၀၀၃ မွာေမြးတဲ့ေဘာလုံးသမားေတြထဲမွာ

နံပါတ္ ၁ အဆင့္ရွိတဲ့သူအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။