ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင် ၅သိန်းနဲ့ ကမ်းလှမ်းထားမှုအပေါ် ကြယ်ပွင့်အများစု စိတ်ပျက်နေ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းကြယ်ပွင့်အများစုဟာ

တကယ်လို့ အသင်းမှာ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဆက်ကစားဖြစ်ရင်
မြင့်မားလွန်းတဲ့လုပ်ခလစာ ရနိုင်မှုအပေါ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့
လပိုင်းပဲလိုတော့ပြီး The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ
ယူနိုက်တက်ဟာ ပေ့ါဂ်ဘာကို စာချုပ်သစ်ချုပ်ဆိုရေးအတွက်

တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုကမ်းလှမ်းရာမှာ အခြေခံတစ်ပတ်လုပ်ခလစာ
ပေါင် ၄သိန်းအပြင် အပိုဆုကြေးတွေပါ ထည့်တွက်ရင်
တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းအထိရှိလာမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ အသင်းဘက်က

မြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းမှုအပေါ် အသင်းဖော်တွေက
စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပေါ့ဂ်ဘာရဲ့ကွင်းတွင်း
စွမ်းဆောင်ရည်အပြင် အသင်းအပေါ် သစ္စာရှိမှု
နည်းပါးခြင်းတို့ကြောင့် အဲဒီလောက်အထိ လစာရဖို့
မထိုက်တန်ဘူးလို့ အသင်းဖော်အများစုက ယုံကြည်နေကြောင်း သိရပါတယ်။

”ပေါ့ဂ်ဘာက ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်း မသေချာ၊
ပြီးတော့ အသင်းကနေ ထွက်ခွာဖို့ အချိန်ပြည့်စဉ်းစားနေတာ၊
ဒီလိုအနေအထားမှာ လစာ ၂ဆအထိ တိုးရမယ်ဆိုတော့
အသင်းသားတချို့က ပေါက်ကွဲနေတာပေါ့”လို့
အတွင်းသိတစ်ဦးက The Mirror သတင်းဌာနကို ပြောပါတယ်။

တကယ်လို့ ပေါ့ဂ်ဘာသာ အဲဒီနှုန်းထားအတိုင်း လစာရမယ်ဆိုရင်
တိုက်စစ်မှူး ရော်နယ်ဒို(တစ်ပတ် ပေါင် ၄၅၀၀၀၀)၊ ဂိုးသမား
ဒဟေးယား (တစ်ပတ်ပေါင် ၃၇၅၀၀၀)၊ ဆန်ချိုနဲ့ ဗာရန်း
(နှစ်ယောက်စလုံး တစ်ပတ်ပေါင် ၃၀၀၀၀၀)တို့ကို ကျော်ဖြတ်ပြီး
အသင်းရဲ့လစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

သူဟာ လက်ရှိစာချုပ်အရ အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂၉၀၀၀၀ ရရှိနေပါတယ်။
ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့က
အပြိုင်စိတ်ဝင်စားနေပေမယ့် ကစားသမားတောင်းဆိုတဲ့
လစာအတိုင်း ပေးချေနိုင်မလားဆိုတာ အဓိကကျလာနိုင်ပြီး
ယူနိုက်တက်မှာ ပေါ့ဂ်ဘာ ဆက်ရှိနိုင်မလားဆိုတာကလည်း စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

ပေါ့ဂ်ဘာလိုပဲ ယခုရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့်
ကစားသမား ၄ဦးရှိနေပြီး လင်ဂတ်၊ ဟွမ်မာတာနဲ့ ကာဗာနီတို့က
အသင်းသစ်ရှာဖွေနေပြီဖြစ်ပေမယ့် ဂိုးသမား လီဂရန့်ကတော့
ကစားသမားဘဝကနေ အနားယူကာ အသင်းရဲ့ဂိုးနည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ကမ်းလှမ်းခံရဖွယ်ရှိနေပါတယ်။

Zawgyi

ေပါ့ဂ္ဘာကို တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းနဲ႔ ကမ္းလွမ္းထားမႈအေပၚ ၾကယ္ပြင့္အမ်ားစု စိတ္ပ်က္ေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းၾကယ္ပြင့္အမ်ားစုဟာ
တကယ္လုိ႔ အသင္းမွာ ကြင္းလယ္လူ ေပါ့ဂ္ဘာ ဆက္ကစားျဖစ္ရင္

ျမင့္မားလြန္းတဲ့လုပ္ခလစာ ရႏိုင္မႈအေပၚ စိတ္ပ်က္ေနတယ္လုိ႔ သိရပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔
လပုိင္းပဲလုိေတာ့ၿပီး The Mirror သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ယူႏုိက္တက္ဟာ ေပ့ါဂ္ဘာကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္
တစ္ပတ္လုပ္ခလစာ ေပါင္ ၅သိန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လုိ႔သိရပါတယ္။

အဲဒီလုိကမ္းလွမ္းရာမွာ အေျခခံတစ္ပတ္လုပ္ခလစာ
ေပါင္ ၄သိန္းအျပင္ အပိုဆုေၾကးေတြပါ ထည့္တြက္ရင္
တစ္ပတ္လုပ္ခလစာ ေပါင္ ၅သိန္းအထိရွိလာမွာျဖစ္ပါတယ္။
ဒါေပမ့ဲ အဲဒီသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသင္းဘက္က
ျမင့္မားတဲ့လစာနဲ႔ ကမ္းလွမ္းမႈအေပၚ အသင္းေဖာ္ေတြက

စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး ေပါ့ဂ္ဘာရဲ႕ကြင္းတြင္း
စြမ္းေဆာင္ရည္အျပင္ အသင္းအေပၚ သစၥာရွိမႈ
နည္းပါးျခင္းတုိ႔ေၾကာင့္ အဲဒီေလာက္အထိ လစာရဖို႔
မထုိက္တန္ဘူးလို႔ အသင္းေဖာ္အမ်ားစုက ယုံၾကည္ေနေၾကာင္း သိရပါတယ္။
”ေပါ့ဂ္ဘာက ပုံမွန္ပြဲထြက္ခြင့္ရဖို႔လည္း မေသခ်ာ၊

ၿပီးေတာ့ အသင္းကေန ထြက္ခြာဖို႔ အခ်ိန္ျပည့္စဥ္းစားေနတာ၊
ဒီလိုအေနအထားမွာ လစာ ၂ဆအထိ တုိးရမယ္ဆုိေတာ့
အသင္းသားတခ်ိဳ႕က ေပါက္ကြဲေနတာေပါ့”လုိ႔
အတြင္းသိတစ္ဦးက The Mirror သတင္းဌာနကို ေျပာပါတယ္။
တကယ္လုိ႔ ေပါ့ဂ္ဘာသာ အဲဒီႏႈန္းထားအတုိင္း လစာရမယ္ဆုိရင္

တုိက္စစ္မွဴး ေရာ္နယ္ဒို(တစ္ပတ္ ေပါင္ ၄၅၀၀၀၀)၊ ဂိုးသမား
ဒေဟးယား (တစ္ပတ္ေပါင္ ၃၇၅၀၀၀)၊ ဆန္ခ်ိဳနဲ႔ ဗာရန္း
(ႏွစ္ေယာက္စလုံး တစ္ပတ္ေပါင္ ၃၀၀၀၀၀)တုိ႔ကို ေက်ာ္ျဖတ္ၿပီး
အသင္းရဲ႕လစာအမ်ားဆုံးရကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။
သူဟာ လက္ရွိစာခ်ဳပ္အရ အသင္းမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၉၀၀၀၀ ရရွိေနပါတယ္။

ေပါ့ဂ္ဘာကို ေခၚယူဖို႔ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္တို႔က
အၿပိဳင္စိတ္၀င္စားေနေပမယ့္ ကစားသမားေတာင္းဆုိတဲ့
လစာအတိုင္း ေပးေခ်ႏိုင္မလားဆုိတာ အဓိကက်လာႏုိင္ၿပီး
ယူႏုိက္တက္မွာ ေပါ့ဂ္ဘာ ဆက္ရွိႏိုင္မလားဆုိတာကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။
ေပါ့ဂ္ဘာလုိပဲ ယခုရာသီအကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္

ကစားသမား ၄ဦးရွိေနၿပီး လင္ဂတ္၊ ဟြမ္မာတာနဲ႔ ကာဗာနီတုိ႔က
အသင္းသစ္ရွာေဖြေနၿပီျဖစ္ေပမယ့္ ဂိုးသမား လီဂရန္႔ကေတာ့
ကစားသမားဘ၀ကေန အနားယူကာ အသင္းရဲ႕ဂိုးနည္းျပအဖြဲ႕၀င္တစ္ဦးအျဖစ္ ကမ္းလွမ္းခံရဖြယ္ရွိေနပါတယ္။