ပေါလ်စခိုးလ် Vs ဂျရတ် ဘယ်သူပိုကောင်းလဲဆိုတဲ့ အငြင်းပွားမှုမှာ ပါဝင်လာတဲ့ ရွန်နီ

ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီဟာ အင်္ဂလန်ပရိသတ်တွေကြား

အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်လာတဲ့ ပေါလ်စခိုးလ်နဲ့ ဂျရတ်
ဘယ်သူပိုကောင်းလဲဆိုတဲ့ အငြင်းပွားမှုမှာ ပါဝင်လာပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ဂျရတ်ကို ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးအဖြစ်
သတ်မှတ်ထားသလို တစ်ဘက်မှာလည်း ယူနိုက်တက်ပရိသတ်တွေက
ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၁ကြိမ်ရရှိခဲ့တဲ့ ပေါလ်စခိုးလ်က

ဂျရတ်ထက် ပိုကောင်းတယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီကလည်း
ဒီအားပြိုင်မှုမှာ အနိုင်ရသူက တစ်ဦးတည်းရှိပြီး
သူ့ရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း ပေါလ်စခိုးလ်က ပိုကောင်းတယ်လို့ဆိုပါတယ်။
”စခိုးလ်နဲ့အတူ အကြာကြီးတွဲကစားခဲ့ရတော့ သူ့ရဲ့လုပ်နိုင်စွမ်းကို သိခဲ့ပါတယ်။

အွန်နရီက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်တာမှန်ပေမယ့်
ရှီးယားကလည်း သူ့ရဲ့ဂိုးသွင်းမှတ်တမ်းကြောင့် ချန်ထားလို့မရပါဘူး။
စခိုးလ်လည်း အတူတူပါပဲ။ ကျွန်တော့်စိတ်ထင် သူက
သိပ်ပြီးချီးကျူးမခံခဲ့ရဘူးလို့ထင်ပါတယ်”လို့ ရွန်နီက ပြောပါတယ်။
လီဗာပူးဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက ဂျရတ်ထက်

စခိုးလ်ပိုကောင်းလားလို့ မေးတဲ့အခါ ရွန်နီက အမှန်ပါပဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရွန်နီက ”ကျွန်တော်ကတော့ ဗင်းဆင့်ကွန်ပနီက
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူလို့မမြင်မိဘူး။
ရီယိုဖာဒီနန်ကိုပဲ ရွေးချင်ပါတယ်။ ဒါပေမဲ့ တယ်ရီကလည်း
ကျွန်တော်ရင်ဆိုင်ဖူးသမျှပြိုင်ဘက်တွေထဲ အခက်ခဲဆုံးပါ”လို့ ပြောပါတယ်။

Zawgyi

ေပါလ္စခုိးလ္ Vs ဂ်ရတ္ ဘယ္သူပိုေကာင္းလဲဆုိတဲ့ အျငင္းပြားမႈမွာ ပါ၀င္လာတဲ့ ရြန္နီ
ယူႏုိက္တက္အသင္းဂႏၳ၀င္တုိက္စစ္မွဴး ၀ိန္းရြန္နီဟာ အဂၤလန္ပရိသတ္ေတြၾကား

အခ်ိန္ကာလၾကာျမင့္စြာ ျဖစ္ေပၚလာတဲ့ ေပါလ္စခုိးလ္နဲ႔ ဂ်ရတ္
ဘယ္သူပိုေကာင္းလဲဆုိတဲ့ အျငင္းပြားမႈမွာ ပါ၀င္လာပါတယ္။
လီဗာပူးပရိသတ္ေတြကေတာ့ ဂ်ရတ္ကို ပရီးမီးယားလိဂ္ဂႏၳ၀င္တစ္ဦးအျဖစ္
သတ္မွတ္ထားသလုိ တစ္ဘက္မွာလည္း ယူႏုိက္တက္ပရိသတ္ေတြက
ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၁၁ႀကိမ္ရရွိခဲ့တဲ့ ေပါလ္စခုိးလ္က

ဂ်ရတ္ထက္ ပိုေကာင္းတယ္လုိ႔ အခုိင္အမာယုံၾကည္ေနပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ရြန္နီကလည္း
ဒီအားၿပိဳင္မႈမွာ အႏိုင္ရသူက တစ္ဦးတည္းရွိၿပီး
သူ႕ရဲ႕ယူႏုိက္တက္အသင္းေဖာ္ေဟာင္း ေပါလ္စခိုးလ္က ပိုေကာင္းတယ္လုိ႔ဆုိပါတယ္။
”စခိုးလ္နဲ႔အတူ အၾကာႀကီးတြဲကစားခဲ့ရေတာ့ သူ႕ရဲ႕လုပ္ႏိုင္စြမ္းကို သိခဲ့ပါတယ္။

အြန္နရီက ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္တာမွန္ေပမယ့္
ရွီးယားကလည္း သူ႕ရဲ႕ဂိုးသြင္းမွတ္တမ္းေၾကာင့္ ခ်န္ထားလုိ႔မရပါဘူး။
စခိုးလ္လည္း အတူတူပါပဲ။ ကၽြန္ေတာ့္စိတ္ထင္ သူက
သိပ္ၿပီးခ်ီးက်ဴးမခံခဲ့ရဘူးလုိ႔ထင္ပါတယ္”လုိ႔ ရြန္နီက ေျပာပါတယ္။
လီဗာပူးဂႏၳ၀င္ေနာက္ခံလူ ေဂ်မီကာေရဂါက ဂ်ရတ္ထက္

စခုိးလ္ပိုေကာင္းလားလုိ႔ ေမးတဲ့အခါ ရြန္နီက အမွန္ပါပဲလုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
ဆက္လက္ၿပီး ရြန္နီက ”ကၽြန္ေတာ္ကေတာ့ ဗင္းဆင့္ကြန္ပနီက
ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးေနာက္ခံလူလို႔မျမင္မိဘူး။
ရီယိုဖာဒီနန္ကိုပဲ ေရြးခ်င္ပါတယ္။ ဒါေပမဲ့ တယ္ရီကလည္း
ကၽြန္ေတာ္ရင္ဆုိင္ဖူးသမွ်ၿပိဳင္ဘက္ေတြထဲ အခက္ခဲဆုံးပါ”လုိ႔ ေျပာပါတယ္။