
ဖာဂူဆန်ရဲ့မျိုးဆက်တွေထဲမှာတော့ ပေါလ်စခိုးလ်ကအထင်ရှားဆုံးထဲက





တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်လောက်က
ပေါလ်စခိုးလ်ကို ‘ဂျင်း မာ့ခ်နိုဘယ်’ လို့တင်စားခဲ့တဲ့ လီဗာပူး





ပရိသတ်တစ်ယောက်ရဲ့ ဗီဒီယိုဖိုင်က လူမှုကွန်ယက်ပေါ်မှာ
အရမ်းကိုရေပန်းစားလာခဲ့တာဖြစ်တယ်။ တနည်းအားဖြင့်တော့
လီဗာပူးပရိသတ်ခရိတ်ဟာ ပေါလ်စခိုးလ်ကို ဝက်စ်ဟမ်း





ကွင်းလယ်လူဟောင်း မာ့ခ်နိုဘယ်အဆင့်လောက်ပဲလို့
တင်စားလိုက်တာပါ။ သရဲနီတွေနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား





၁၁ကြိမ်အထိရခဲ့ပေမဲ့ စခိုးလ်ဟာ ‘ဂျင်း မာ့ခ်နိုဘယ်’ ကလွဲလို့
အခြားမရှိသလို လက်ရှိလီဗာပူးကွင်းလယ်လူ ဟန်ဒါဆန်ရဲ့
အဆင့်မျိုးမရှိဘူးလို့ ဝေဖန်ခံရတာဖြစ်တယ်။ စခိုးလ်ဟာ





အိုးလ်ထရက်ဖို့ဒ်ကစားသမားဘ၀ နှစ်ပေါင်း ၂၀ အတွင်းမှာ
ခမ်းနားတဲ့အောင်မြင်မှုတွေရှိခဲ့ပြီး ၇၁၈ ပွဲအထိကစားခဲ့ရာမှာ





ပရီးမီးယားလိဂ် ၁၁ကြိမ်၊ အက်ဖ်အေဖလား ၄ကြိမ်နဲ့ ချန်ပီယံလိဂ်
ဆုဖလား ၂ကြိမ် အထိရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်ဂန္တဝင်တွေဖြစ်တဲ့
ဇီဒန်းနဲ့ အွန်နရီကိုယ်တိုင်က သရဲနီကွင်းလယ်လူကို ရင်ဆိုင်ရခက်တဲ့





ပြိုင်ဘက်လို့ ချီးကျူးခဲ့ကြပြီး ဘာစီလိုနာအသင်း
အဝတ်လဲခန်းထဲမှာလည်း စခိုးလ်ရဲ့အကြောင်းကိုမှုန်ထနေအောင်





ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုချီးကျူးမှုတွေအားလုံးကို
ခရိတ်ကမယုံကြည်ပါဘူး။ “တစ်ယောက်ထဲအမြင်အရတော့
ပေါလ်စခိုးလ်ပြီးပြည့်စုံတယ်ဆိုတာ ရူးသွပ်မှုတစ်ခုပါ။





သု့ထက် ဟန်ဒါဆန်ပိုကောင်းတယ်။ ဟန်ဒါဆန်က ယူ-၂၁နဲ့
အင်္ဂလန်လက်ရွေးစင်အသင်းတွေမှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့တယ်။





ဒီနေရာမှာ ဟန်ဒါဆန်ကပိုထူးချွန်သလို သူ့ကိုကိုင်တွယ်ခဲ့တဲ့
နည်းပြတိုင်းက သွယ်ဝိုက်ပြီးဂုဏ်ပြုခဲ့ကြတယ်။
စခိုးလ်ကတော့ သူ့ရဲ့ဖိနပ်ကြိုးချည်တဲ့အဆင့်တောင်မရှိပါဘူး။





‘ဂျင်း မာ့ခ်နိုဘယ်’ ကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။
ကျွန်တော့်ရဲ့လူကြိုက်မများတဲ့အမြင်တစ်ခုဖြစ်နိုင်ပါတယ်” လို့





ခရိတ်က လွန်ခဲ့တဲ့ ၃နှစ်က ဗီဒီယိုဖိုင်တစ်ခုနဲ့ဝေဖန်ခဲ့တာဖြစ်ပြီး
အခုအချိန်ရောက်မှ ရေပန်းပြန်စားလာတာဖြစ်တယ်။
zawgyi





ေပါလ္စခိုးလ္က ဟန္ဒါဆန္ရဲ႕ဖိနပ္ႀကိဳးခ်ည္တဲ့အဆင့္ေတာင္မရွိဘူးလို႔ ေဝဖန္ခဲ့တဲ့ ခရိတ္ရဲ႕ဗီဒီယိုဖိုင္ ၃ႏွစ္ ၾကာၿပီးမွ ေရပန္းျပန္စားလာ
ဖာဂူဆန္ရဲ႕မ်ိဳးဆက္ေတြထဲမွာေတာ့ ေပါလ္စခိုးလ္ကအထင္ရွားဆုံးထဲက





တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္က
ေပါလ္စခိုးလ္ကို ‘ဂ်င္း မာ့ခ္ႏိုဘယ္’ လို႔တင္စားခဲ့တဲ့ လီဗာပူး
ပရိသတ္တစ္ေယာက္ရဲ႕ ဗီဒီယိုဖိုင္က လူမႈကြန္ယက္ေပၚမွာ





အရမ္းကိုေရပန္းစားလာခဲ့တာျဖစ္တယ္။ တနည္းအားျဖင့္ေတာ့
လီဗာပူးပရိသတ္ခရိတ္ဟာ ေပါလ္စခိုးလ္ကို ဝက္စ္ဟမ္း





ကြင္းလယ္လူေဟာင္း မာ့ခ္ႏိုဘယ္အဆင့္ေလာက္ပဲလို႔
တင္စားလိုက္တာပါ။ သရဲနီေတြနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား
၁၁ႀကိမ္အထိရခဲ့ေပမဲ့ စခိုးလ္ဟာ ‘ဂ်င္း မာ့ခ္ႏိုဘယ္’ ကလြဲလို႔





အျခားမရွိသလို လက္ရွိလီဗာပူးကြင္းလယ္လူ ဟန္ဒါဆန္ရဲ႕
အဆင့္မ်ိဳးမရွိဘူးလို႔ ေဝဖန္ခံရတာျဖစ္တယ္။ စခိုးလ္ဟာ





အိုးလ္ထရက္ဖို႔ဒ္ကစားသမားဘ၀ ႏွစ္ေပါင္း ၂၀ အတြင္းမွာ
ခမ္းနားတဲ့ေအာင္ျမင္မႈေတြရွိခဲ့ၿပီး ၇၁၈ ပြဲအထိကစားခဲ့ရာမွာ
ပရီးမီးယားလိဂ္ ၁၁ႀကိမ္၊ အက္ဖ္ေအဖလား ၄ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္





ဆုဖလား ၂ႀကိမ္ အထိရယူႏိုင္ခဲ့ပါတယ္။ ျပင္သစ္ဂႏၲဝင္ေတြျဖစ္တဲ့
ဇီဒန္းနဲ႔ အြန္နရီကိုယ္တိုင္က သရဲနီကြင္းလယ္လူကို ရင္ဆိုင္ရခက္တဲ့





ၿပိဳင္ဘက္လို႔ ခ်ီးက်ဴးခဲ့ၾကၿပီး ဘာစီလိုနာအသင္း
အဝတ္လဲခန္းထဲမွာလည္း စခိုးလ္ရဲ႕အေၾကာင္းကိုမႈန္ထေနေအာင္
ေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဒီလိုခ်ီးက်ဴးမႈေတြအားလုံးကို





ခရိတ္ကမယုံၾကည္ပါဘူး။ “တစ္ေယာက္ထဲအျမင္အရေတာ့
ေပါလ္စခိုးလ္ၿပီးျပည့္စုံတယ္ဆိုတာ ႐ူးသြပ္မႈတစ္ခုပါ။





သု႔ထက္ ဟန္ဒါဆန္ပိုေကာင္းတယ္။ ဟန္ဒါဆန္က ယူ-၂၁နဲ႔
အဂၤလန္လက္ေ႐ြးစင္အသင္းေတြမွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့တယ္။
ဒီေနရာမွာ ဟန္ဒါဆန္ကပိုထူးခြၽန္သလို သူ႔ကိုကိုင္တြယ္ခဲ့တဲ့





နည္းျပတိုင္းက သြယ္ဝိုက္ၿပီးဂုဏ္ျပဳခဲ့ၾကတယ္။
စခိုးလ္ကေတာ့ သူ႔ရဲ႕ဖိနပ္ႀကိဳးခ်ည္တဲ့အဆင့္ေတာင္မရွိပါဘူး။





‘ဂ်င္း မာ့ခ္ႏိုဘယ္’ ကလြဲလို႔ ဘာမွမျဖစ္ခဲ့ဘူး။
ကြၽန္ေတာ့္ရဲ႕လူႀကိဳက္မမ်ားတဲ့အျမင္တစ္ခုျဖစ္ႏိုင္ပါတယ္” လို႔
ခရိတ္က လြန္ခဲ့တဲ့ ၃ႏွစ္က ဗီဒီယိုဖိုင္တစ္ခုနဲ႔ေဝဖန္ခဲ့တာျဖစ္ၿပီး





အခုအခ်ိန္ေရာက္မွ ေရပန္းျပန္စားလာတာျဖစ္တယ္။