ပေါလ်စခိုးက ဆိုးလ်ရှားနဲ့ အနည်းဆုံးရာသီကုန်ထိ ဆက်သွားသင့်တယ်လို့ ပြောကြား

မန်ယူအသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ပေါလ်စခိုးက

မန်ယူဟာ လတ်တလောဖိအားတွေကြုံတွေ့နေရတဲ့ဆိုးလ်ရှားနဲ့ အနည်းဆုံး

ရာသီကုန်ထိ ဆက်သွားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ ကျော်သုံးစွဲခဲ့ပြီး

စူပါစတားစီရော်နယ်ဒိုကို ပြန်ခေါ်နိုင်ခဲ့ပေမယ့် အခုရာသီရဲ့အစောပိုင်းအဆင့်မှာ

ရုန်းကန်နေရပါတယ်။ နိုင်ငံတကာကြားဖြတ်မတိုင်ခင် မန်ယူဟာ

ကာရာဘောင်းဖလားတတိယအဆင့်မှာ ပြိုင်ပွဲက ထွက်ခဲ့ရလို့ အသင်းရဲ့

ဆုဖလားမျှော်မှန်းချက်မှာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရတယ်။

ဒါ့အပြင် မန်ယူဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ကြမ်းတမ်းတဲ့

အစပိုင်းကို ဖြတ်သန်းထားရတာပါ။ ဒါပေမဲ့ မန်ယူနဲ့အတူ ၁၉၉၃ ကနေ

၂၀၀၃ အတွင်း ပရီးမီးယားလိဂ် ၁၁ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ်ရထားတဲ့

ပေါလ်စခိုးကတော့ ဆိုးလ်ရှားကို အခွင့်အရေးပေးသင့်တယ်လို့ ယူဆနေပါတယ်။

”ဆိုးလ်ရှားဟာ အခွင့်အရေးတစ်ခုနဲ့ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။

လွန်ခဲ့တဲ့ ၃၊ ၄ နှစ်က မန်ယူအကြောင်းပြန်စဉ်းစားမယ်ဆိုရင် shock ရစရာပါ။

ဟုတ်တယ်မလား။ သူရောက်မလာခင်အချိန်ထိ ကြည့်မကောင်းခဲ့ဘူးလေ”လို့

Sky Sports ရဲ့ရုပ်သံအစီအစဉ်တစ်ခုမှာ ပေါလ်စခိုးက ပြောခဲ့တာပါ။

ဒါ့အပြင် ပေါလ်စခိုးက”အသင်းတစ်ခုကို တည်ထောင်ဖို့ သူ့အတွက် ၂ နှစ်၊ ၃ နှစ်

အချိန်ယူရမှာပါ။ ရာသီအစ ၄၊ ၅ ပွဲမှာ စိတ်လှုပ်ရှားစရာတွေအများကြီး

ဖြစ်ခဲ့သေးတယ်လေ။ နယူးကာဆယ်ကို ၄-၁၊ လိဒ်ကို ၅-၁ နဲ့သိပ်ခဲ့ပေမယ့်

ဗီလာ၊ အဲဗာတန်တို့နဲ့နောက်ဆုံး ၂ ပွဲကတော့ စိတ်ပျက်စရာပါ။

ဒါပေမဲ့ သူဟာ အခွင့်အရေးတစ်ခုနဲ့ ထိုက်တန်တယ်လု့ိ ထင်ပါတယ်။

သူ့ကို အနည်းဆုံး ဒီရာသီပေါ့လေ တစ်နှစ်အချိန်ပေးသင့်တဲ့ အသင်းတစ်ခု

တည်ဆောက်နိုင်ခဲ့ပြီး ဆုဖလားတွေရယူနိုင်တယ်ဆိုတာကို ပြရမှာပါ”လို့

ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

ေပါလ္စခိုးက ဆိုးလ္ရွားနဲ႔ အနည္းဆုံးရာသီကုန္ထိ ဆက္သြားသင့္တယ္လို႔ ေျပာၾကား

မန္ယူအသင္းဂႏၴဝင္ကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ေပါလ္စခိုးက

မန္ယူဟာ လတ္တေလာဖိအားေတြႀကဳံေတြ႕ေနရတဲ့ဆိုးလ္ရွားနဲ႔ အနည္းဆုံး

ရာသီကုန္ထိ ဆက္သြားသင့္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း ၁၀၀ ေက်ာ္သုံးစြဲခဲ့ၿပီး

စူပါစတားစီေရာ္နယ္ဒိုကို ျပန္ေခၚႏိုင္ခဲ့ေပမယ့္ အခုရာသီရဲ႕အေစာပိုင္းအဆင့္မွာ

႐ုန္းကန္ေနရပါတယ္။ ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္ မန္ယူဟာ

ကာရာေဘာင္းဖလားတတိယအဆင့္မွာ ၿပိဳင္ပြဲက ထြက္ခဲ့ရလို႔ အသင္းရဲ႕

ဆုဖလားေမွ်ာ္မွန္းခ်က္မွာ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခု ျဖစ္ခဲ့ရတယ္။

ဒါ့အျပင္ မန္ယူဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း ၾကမ္းတမ္းတဲ့

အစပိုင္းကို ျဖတ္သန္းထားရတာပါ။ ဒါေပမဲ့ မန္ယူနဲ႔အတူ ၁၉၉၃ ကေန

၂၀၀၃ အတြင္း ပရီးမီးယားလိဂ္ ၁၁ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၂ ႀကိမ္ရထားတဲ့

ေပါလ္စခိုးကေတာ့ ဆိုးလ္ရွားကို အခြင့္အေရးေပးသင့္တယ္လို႔ ယူဆေနပါတယ္။

”ဆိုးလ္ရွားဟာ အခြင့္အေရးတစ္ခုနဲ႔ထိုက္တန္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။

လြန္ခဲ့တဲ့ ၃၊ ၄ ႏွစ္က မန္ယူအေၾကာင္းျပန္စဥ္းစားမယ္ဆိုရင္ shock ရစရာပါ။

ဟုတ္တယ္မလား။ သူေရာက္မလာခင္အခ်ိန္ထိ ၾကည့္မေကာင္းခဲ့ဘူးေလ”လို႔

Sky Sports ရဲ႕႐ုပ္သံအစီအစဥ္တစ္ခုမွာ ေပါလ္စခိုးက ေျပာခဲ့တာပါ။

ဒါ့အျပင္ ေပါလ္စခိုးက”အသင္းတစ္ခုကို တည္ေထာင္ဖို႔ သူ႔အတြက္ ၂ ႏွစ္၊ ၃ ႏွစ္

အခ်ိန္ယူရမွာပါ။ ရာသီအစ ၄၊ ၅ ပြဲမွာ စိတ္လႈပ္ရွားစရာေတြအမ်ားႀကီ

းျဖစ္ခဲ့ေသးတယ္ေလ။ နယူးကာဆယ္ကို ၄-၁၊ လိဒ္ကို ၅-၁ နဲ႔သိပ္ခဲ့ေပမယ့္

ဗီလာ၊ အဲဗာတန္တို႔နဲ႔ေနာက္ဆုံး ၂ ပြဲကေတာ့ စိတ္ပ်က္စရာပါ။

ဒါေပမဲ့ သူဟာ အခြင့္အေရးတစ္ခုနဲ႔ ထိုက္တန္တယ္လု႔ိ ထင္ပါတယ္။

သူ႔ကို အနည္းဆုံး ဒီရာသီေပါ့ေလ တစ္ႏွစ္အခ်ိန္ေပးသင့္တဲ့ အသင္းတစ္ခု

တည္ေဆာက္ႏိုင္ခဲ့ၿပီး ဆုဖလားေတြရယူႏိုင္တယ္ဆိုတာကို ျပရမွာပါ”လို႔

ဆက္လက္ေျပာၾကားခဲ့ပါတယ္။