ပေါင် ၅၁ သန်းတောင်းလို လီဗာပူးလက်လျော့သွားတဲ့ မက်သရူးနူနက်စ်ကို ဆရာကြီးနှစ်သင်းစောင့်ကြည့်နေ

လီဗာပူးခေါ်ယူဖိုကြိုးစားခဲ့တဲ့ စပိုတင်းကွင်းလယ်လူ နူနက်စ်ကို ဝုဗ်ကလည်းစိတ်ဝင်စားနေတယ်လို ဗြိတိန် သတင်းတွေမှာ ဖော်ပြနေပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ဟာ ဒဏ်ရာရကစားသမားတွေ များနေတဲ့ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖိုအတွက်

လူငယ်ကြယ်ပွင့်လိုဆိုရမယ့် နူနက်စ်ကိုခေါ်ယူဖို မျက်စိကျခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စပိုတင်းလစ္စဘွန်းနဲ့ နူနက်စ်တိုချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေအရ ကစား သမားရဲ့တန်ကြေးဟာ

ပေါင်း ၅၁ သန်းအထိရှိနေခဲ့တာပါ။ အဲဒါကြောင့် နူနက်စ်ရဲ့အပြောင်းအရွှေ့အတွက်စပိုတင်းဘက်ကတံခါးဖွင့်ပေးထားမယ့် လီဗာပူးကတော့ခေါ်ဖိုလက်လျော့သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး လက်လျော့သွားချိန်မှာပဲ နောက်ထပ်ပရီးမီးယားလိဂ်တစ်သင်းဖြစ်တဲ့ ဝုဗ်က နူနက်စ်ကိုခေါ်ဖို စိတ်ဝင်စား နေကြောင်းသတင်းတွေ ထွက်လာခဲ့တာပါ။ ဒါပေမယ့် ဝုဗ်ဘက်ကနေ

တရားဝင်ကမ်းလှမ်းမှုတွေတော့မရှိသေး ပါဘူး။ နူနက်စ်ဟာ ပြီးခဲ့တဲ့နှစ်ချန်ပီယံပြိုင်ပွဲမှာ ခြေစွမ်းပြထားခဲ့တဲ့ လူငယ်ကစားသမားတစ်ယောက်ပြီး ထိပ်တန်းနည်းပြတွေရဲ့

အသိအမှတ်ပြုမှုကို ခံထားရသူလည်းဖြစ်ပါတယ်။အဲဒီနည်းပြတွေထဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုယ်တိုင်ပါဝင်ခဲ့ပြီး နူနက်စ်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးတွေထဲက

တစ်ယောက်ဖြစ်တယ်လို မှတ်ချက်ပြုထားခဲ့တာပါ။ နူနက်စ်ဟာကွင်းလယ်တိုက်စစ်အားသန်သူဖြစ်ပေမယ့် ကွင်းလယ်နေရာစုံမှာ ကစားနိုင်သူလိုလည်းဆိုရပါမယ်။ ဒါကြောင့်လည်း လီဗာပူးနည်းပြကလော့ပ်က သူ့ကိုခေါ်ယူနိုင်ဖိုကြိုးစားခဲ့တာ ဖြစ်ပါတယ်။

စပိုတင်းဘက်က သတ်မှတ်လိုက်တဲ့ ပြောင်းရွှေ့ကြေးကြောင့်သာ နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ နူနက်စ်ကိုခေါ်ယူဖိုစိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ

ချဲလ်ဆီးလည်းပါဝင် နေပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေတော့ မတွေ့ရသေးပါဘူး။ နူနက်စ်ဟာ နာမည်ကြီးအေးဂျင့် ဂျော့မန်ဒက်ရဲ့ အေဂျင်စီအောက်မှာရှိနေသူလည်းဖြစ်ပါတယ်။

(zawgyi)

လီဗာပူးေခၚယူဖိုႀကိဳးစားခဲ့တဲ့ စပိုတင္းကြင္းလယ္လူ ႏူနက္စ္ကို ဝုဗ္ကလည္းစိတ္ဝင္စားေနတယ္လို ၿဗိတိန္ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္ဟာ ဒဏ္ရာရကစားသမားေတြ မ်ားေနတဲ့

ကြင္းလယ္ပိုင္းကိုအားျဖည့္ဖိုအတြက္ လူငယ္ၾကယ္ပြင့္လိုဆိုရမယ့္ ႏူနက္စ္ကိုေခၚယူဖို မ်က္စိက်ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ စပိုတင္းလစၥဘြန္းနဲ႔ ႏူနက္စ္တိုခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါအခ်က္ေတြအရ ကစား သမားရဲ႕

တန္ေၾကးဟာ ေပါင္း ၅၁ သန္းအထိရွိေနခဲ့တာပါ။ အဲဒါေၾကာင့္ ႏူနက္စ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္ စပိုတင္းဘက္ကတံခါးဖြင့္ေပးထားမယ့္ လီဗာပူးကေတာ့ေခၚဖိုလက္ေလ်ာ့သြားခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူး လက္ေလ်ာ့သြားခ်ိန္မွာပဲေနာက္ထပ္ပရီးမီးယားလိဂ္တစ္သင္းျဖစ္တဲ့ ဝုဗ္က ႏူနက္စ္ကိုေခၚဖို စိတ္ဝင္စား ေနေၾကာင္းသတင္းေတြ ထြက္လာခဲ့တာပါ။ ဒါေပမယ့္ ဝုဗ္ဘက္ကေန တရားဝင္ကမ္းလွမ္းမႈေတြေတာ့မရွိေသး ပါဘူး။

ႏူနက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ခ်န္ပီယံၿပိဳင္ပြဲမွာ ေျခစြမ္းျပထားခဲ့တဲ့ လူငယ္ကစားသမားတစ္ေယာက္ၿပီး ထိပ္တန္းနည္းျပေတြရဲ႕ အသိအမွတ္ျပဳမႈကို ခံထားရသူလည္းျဖစ္ပါတယ္။ အဲဒီနည္းျပေတြထဲမွာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာကိုယ္တိုင္ပါဝင္ခဲ့ၿပီး ႏူနက္စ္ဟာလက္ရွိကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ေယာက္ျဖစ္တယ္လို မွတ္ခ်က္ျပဳထားခဲ့တာပါ။ ႏူနက္စ္ဟာ ကြင္းလယ္တိုက္စစ္အားသန္သူျဖစ္ေပမယ့္

ကြင္းလယ္ေနရာစုံမွာ ကစားႏိုင္သူလိုလည္းဆိုရပါမယ္။ဒါေၾကာင့္လည္း လီဗာပူးနည္းျပကေလာ့ပ္က သူ႔ကိုေခၚယူႏိုင္ဖိုႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ စပိုတင္းဘက္က သတ္မွတ္လိုက္တဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္သာ ေနာက္ဆုတ္သြားခဲ့တာ ျဖစ္ပါတယ္။ ႏူနက္စ္ကိုေခၚယူဖိုစိတ္ဝင္စားေနတဲ့

ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ခ်ဲလ္ဆီးလည္းပါဝင္ ေနေပမယ့္ တရားဝင္ကမ္းလွမ္းမႈေတြေတာ့ မေတြ႕ရေသးပါဘူး။ ႏူနက္စ္ဟာ နာမည္ႀကီးေအးဂ်င့္ ေဂ်ာ့မန္ဒက္ရဲ႕ ေအဂ်င္စီေအာက္မွာရွိေနသူလည္းျဖစ္ပါတယ္။