ပေါင် ၄ သန်းပေးရင် နူးကမ့်ကနေထွက်သွားပေးမယ့် ဘရစ်ဝိတ်

ဘာစီလိုနာအနေနဲ့ ပေါင် ၄ သန်းပေးမယ်ဆိုရင် စာချုပ်ဖျက်သိမ်းမှုကို သဘောတူပေးမယ်လို့ ဘရစ်ဝိတ်ရဲ့ အေးဂျင့်ကပြောလိုက်ပါတယ်။ ဘာစီလိုနာကတော့ ပေါင် ၂ သန်းသာပေးဖို့ စိတ်ကူးရှိနေတာပါ။ ဘဏ္ဍာရေး အကျပ်အတည်းတွေကိုဖြေရှင်းဖို့အတွက်

ဘာစီလိုနာဟာ ဘရစ်ဝိတ် ကိုအသင်းကနေထွက်ခွာခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဘရစ်ဝိတ်ကတော့ အသင်းနေထွက်ခွာဖို့ငြင်းဆိုထားပြီး ဘာစီလိုနာမှာသာဆက်နေသွားမယ်လို့ တုံ့ပြန်ထားခဲ့တာပါ။ ဘာစီလိုနာအနေနဲ့ ဘရစ်ဝိတ်ကို လစာပုံမှန်ပေးပြီး

အသင်းမှာဆက်ထားဖို့ကလည်း မဖြစ် နိုင်ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့မပိတ်ခင်နောက်ဆုံးအချိန်ထိစောင့်ပြီးမှ ကစားရဲ့စာချုပ်ကိုဖျက်သိမ်းဖို့ စဉ်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါကိုကြိုသိနေတဲ့ ဘရစ်ဝိတ်က အချိန်ကိုက် အေးဂျင့်ကနေတစ်ဆင့်

အခုလိုတောင်းဆိုလိုက်တာလည်းဖြစ်တယ်။ လက်ရှိမှာ မာယော့ကာအသင်းက ဘရစ်ဝိတ်ကိုခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် သူ့ရဲ့မြင့်မားတဲ့လုပ်ခလစာ တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ကလည်း သိပ်မဖြစ် နိုင်ပါဘူး။

သူတောင်းတဲ့လစာအတိုင်းပေးပြီးခေါ်ယူမယ့်  ဆော်ဒီကလပ်တွေရှိပေမယ့် ဘရစ်ဝိတ်ဟာ ဘာစီလိုနာ ကိုညစ်တွန်း တွန်းပြီးမှ အသင်းပြောင်းမယ့် အလားအလာတွေရှိနေတာပါ။

ဘရစ်ဝိတ်ဟာ ၂၀၂၀ ခုနှစ်မှာ လီဂါနက်စ်ကနေ ပေါင် ၁၆ သန်းနဲ့ ဘာစီလိုနာကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် မစ်ဒယ် ဘရော့ကနေ အငှားထွက်ကစားရင်း လီဂါနက်စ်ကိုရောက်လာတဲ့ ဘရစ်ဝိတ်ကို ဘာစီလိုနာရဲ့ခေါ်ယူမှုဟာ အဲဒီအချိန်က

ဘောလုံးလောကအတွက် အံ့အားသင့်စရာခေါ်ယူမှုလည်းဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလို နာအတွက် ၅ပွဲသာပါဝင်ခွင့်ရခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် ဘရစ်ဝိတ်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခွင့်ရဖို့ဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို ရှာဖွေနိုင်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

(zawgyi)

ဘာစီလိုနာအေနနဲ႔ ေပါင္ ၄ သန္းေပးမယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းမႈကို သေဘာတူေပးမယ္လို႔ ဘရစ္ဝိတ္ရဲ႕ ေအးဂ်င့္ကေျပာလိုက္ပါတယ္။ ဘာစီလိုနာကေတာ့ ေပါင္ ၂ သန္းသာေပးဖို႔ စိတ္ကူးရွိေနတာပါ။

ဘ႑ာေရး အက်ပ္အတည္းေတြကိုေျဖရွင္းဖို႔အတြက္ ဘာစီလိုနာဟာ ဘရစ္ဝိတ္ ကိုအသင္းကေနထြက္ခြာခြင့္ေပးထားခဲ့တာ ျဖစ္ပါတယ္။ ဘရစ္ဝိတ္ကေတာ့ အသင္းေနထြက္ခြာဖို႔ျငင္းဆိုထားၿပီး ဘာစီလိုနာမွာသာဆက္ေနသြားမယ္လို႔ တုံ႔ျပန္ထားခဲ့တာပါ။

ဘာစီလိုနာအေနနဲ႔ ဘရစ္ဝိတ္ကို လစာပုံမွန္ေပးၿပီး အသင္းမွာဆက္ထားဖို႔ကလည္း မျဖစ္ ႏိုင္ပါဘူး။ ဒါေၾကာင့္ အေျပာင္းအေ႐ႊ႕မပိတ္ခင္ေနာက္ဆုံးအခ်ိန္ထိေစာင့္ၿပီးမွ ကစားရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းဖို႔ စဥ္းစားေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါကိုႀကိဳသိေနတဲ့ ဘရစ္ဝိတ္က အခ်ိန္ကိုက္ ေအးဂ်င့္ကေနတစ္ဆင့္ အခုလိုေတာင္းဆိုလိုက္တာလည္းျဖစ္တယ္။ လက္ရွိမွာ မာေယာ့ကာအသင္းက ဘရစ္ဝိတ္ကိုေခၚယူဖို႔ စိတ္ဝင္ စားေနေပမယ့္ သူ႔ရဲ႕ျမင့္မားတဲ့လုပ္ခလစာ ေတာင္းဆိုမႈေၾကာင့္

အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ကလည္း သိပ္မျဖစ္ ႏိုင္ပါဘူး။ သူေတာင္းတဲ့လစာအတိုင္းေပးၿပီးေခၚယူမယ့္ ေဆာ္ဒီကလပ္ေတြရွိေပမယ့္ ဘရစ္ဝိတ္ဟာ ဘာစီလိုနာ ကိုညစ္တြန္း တြန္းၿပီးမွ

အသင္းေျပာင္းမယ့္ အလားအလာေတြရွိေနတာပါ။ ဘရစ္ဝိတ္ဟာ ၂၀၂၀ ခုႏွစ္မွာ လီဂါနက္စ္ကေန ေပါင္ ၁၆ သန္းနဲ႔ ဘာစီလိုနာကိုေရာက္လာခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ ဘေရာ့ကေန အငွားထြက္ကစားရင္း လီဂါနက္စ္ကိုေရာက္လာတဲ့ ဘရစ္ဝိတ္ကို ဘာစီလိုနာရဲ႕ေခၚယူမႈဟာ အဲဒီအခ်ိန္က

ေဘာလုံးေလာကအတြက္ အံ့အားသင့္စရာေခၚယူမႈလည္းျဖစ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလို နာအတြက္ ၅ပြဲသာပါဝင္ခြင့္ရခဲ့တဲ့ ဒိန္းမတ္လက္ေ႐ြးစင္ ဘရစ္ဝိတ္အေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲပါဝင္ခြင့္ရဖို႔ဆိုရင္ ပုံမွန္ပြဲထြက္ခြင့္ရမယ့္အသင္းကို ရွာေဖြႏိုင္ဖို႔လည္း လိုအပ္ေနတာျဖစ္ပါတယ္။