ပေါင် ၄၂သန်းတန် ပီအက်စ်ဗွီတောင်ပံကစားသမား ဂက်ပိုကိုခေါ်ယူဖို့ အာဆင်နယ် ရေပန်းအစားဆုံးဖြစ်လာ

အာဆင်နယ်အသင်းဟာ ပေါင် ၄၂သန်းတန် ပီအက်စ်ဗွီ

တောင်ပံကစားသမား ကိုဒီဂက်ပိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး
ဖြစ်နေကြောင်း သတင်းတွေက ရေးသားဖော်ပြပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂက်ပိုဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ
၃၇ပွဲကစား ၁၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ကြိမ်အထိ
ပြုလုပ်ပေးထားပြီး ပီအက်စ်ဗွီအသင်းကလည်း

၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအမှတ်ပေးချန်ပီယံ
ဖြစ်လာဖို့ မျှော်လင့်ချက်ရှိနေပါတယ်။
ဒီအတွက်ကြောင့်လည်း ဂက်ပိုကို ခေါ်ယူဖို့
ဥရောပထိပ်တန်းအသင်းတွေ စိတ်ဝင်စားလာတာဖြစ်ပြီး
အာဆင်နယ်၊ လီဗာပူး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်တို့က

အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သတင်းတွေရဲ့ဖော်ပြချက်အရ
ပီအက်စ်ဗွီဟာ ဂက်ပိုအတွက် သင့်တော်တဲ့
ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခံရရင် ရောင်းချဖို့
လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။

ယခုအခါ နယ်သာလန်သတင်းဌာန Voetbal International ရဲ့ဖော်ပြချက်အရ
အာဆင်နယ်ဟာ ဂက်ပိုကို ခေါ်ယူဖို့
ရေပန်းအစားဆုံးဖြစ်လာတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီကလည်း
နယ်သာလန်လက်ရွေးစင် ဂက်ပိုကို ခေါ်ယူဖို့

အပြင်းအထန်ကြိုးစားခဲ့ဖူးပြီး ယခုလည်း
တိုက်စစ်မှူး အူဘာမီယန်း ဘာစီလိုနာကို
ရောက်သွားပြီးနောက် တိုက်စစ်ပိုင်း
အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။
ဒါပေမဲ့ အဲဒီတုန်းက ပီအက်စ်ဗွီဟာ ဂက်ပိုကို

၂၀၂၆ အထိ ရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့လို့
အာဆင်နယ်လည်း နောက်ပြန်ဆုတ်ခဲ့ရပါတယ်။
ပီအက်စ်ဗွီအနေနဲ့ ဂက်ပိုကို စာချုပ်သစ်ချုပ်ဆိုခဲ့တာမှန်ပေမယ့်
သူ့ကို ရေရှည်ထိန်းနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စဖြစ်ပြီး
ယခုရာသီအစောပိုင်းကလည်း ပီအက်စ်ဗွီအသင်းနည်းစနစ်ဒါရိုက်တာ

ဂျွန်ဒီယွန်းက အသင်းကနေ ဂက်ပို ထွက်ခွာနိုင်တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။
ဂက်ပိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလအတွက်
ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်အဖြစ်
ကိုပင်ဟေဂင်ကို အနိုင်ရခဲ့ရာမှာ ဒဏ်ရာရခဲ့သလို ဒီတစ်ပတ်အတွက်
နယ်သာလန်အသင်းလူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

Zawgyi

ေပါင္ ၄၂သန္းတန္ ပီအက္စ္ဗီြေတာင္ပံကစားသမား ဂက္ပိုကိုေခၚယူဖုိ႔ အာဆင္နယ္ ေရပန္းအစားဆုံးျဖစ္လာ
အာဆင္နယ္အသင္းဟာ ေပါင္ ၄၂သန္းတန္ ပီအက္စ္ဗီြ

ေတာင္ပံကစားသမား ကိုဒီဂက္ပိုကို ေခၚယူဖို႔ ေရပန္းအစားဆုံး
ျဖစ္ေနေၾကာင္း သတင္းေတြက ေရးသားေဖာ္ျပပါတယ္။
အသက္ ၂၂ ႏွစ္အရြယ္ရွိ ဂက္ပိုဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ
၃၇ပြဲကစား ၁၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၅ႀကိမ္အထိ
ျပဳလုပ္ေပးထားၿပီး ပီအက္စ္ဗီြအသင္းကလည္း

၂၀၁၇-၁၈ ရာသီေနာက္ပိုင္း ပထမဆံုးအမွတ္ေပးခ်န္ပီယံ
ျဖစ္လာဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
ဒီအတြက္ေၾကာင့္လည္း ဂက္ပိုကို ေခၚယူဖုိ႔
ဥေရာပထိပ္တန္းအသင္းေတြ စိတ္၀င္စားလာတာျဖစ္ၿပီး
အာဆင္နယ္၊ လီဗာပူး၊ ဘာစီလုိနာနဲ႔ ဘုိင္ယန္တုိ႔က

အၿပိဳင္စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
ဒါ့အျပင္ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ပီအက္စ္ဗီြဟာ ဂက္ပိုအတြက္ သင့္ေတာ္တဲ့
ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းခံရရင္ ေရာင္းခ်ဖို႔
လက္ခံစဥ္းစားသြားမယ္လုိ႔ သိရပါတယ္။

ယခုအခါ နယ္သာလန္သတင္းဌာန Voetbal International ရဲ႕ေဖာ္ျပခ်က္အရ
အာဆင္နယ္ဟာ ဂက္ပိုကို ေခၚယူဖုိ႔
ေရပန္းအစားဆုံးျဖစ္လာတယ္လုိ႔ သိရပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကလည္း
နယ္သာလန္လက္ေရြးစင္ ဂက္ပိုကို္ ေခၚယူဖို႔

အျပင္းအထန္ႀကိဳးစားခဲ့ဖူးၿပီး ယခုလည္း
တုိက္စစ္မွဴး အူဘာမီယန္း ဘာစီလုိနာကို
ေရာက္သြားၿပီးေနာက္ တုိက္စစ္ပိုင္း
အင္အားျဖည့္တင္းဖို႔ လိုအပ္ေနပါတယ္။
ဒါေပမဲ့ အဲဒီတုန္းက ပီအက္စ္ဗီြဟာ ဂက္ပိုကို

၂၀၂၆ အထိ ရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့လုိ႔
အာဆင္နယ္လည္း ေနာက္ျပန္ဆုတ္ခ့ဲရပါတယ္။
ပီအက္စ္ဗီြအေနနဲ႔ ဂက္ပိုကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့တာမွန္ေပမယ့္
သူ႕ကို ေရရွည္ထိန္းႏိုင္ဖို႔ဆုိတာ မလြယ္ကူတဲ့ကိစၥျဖစ္ၿပီး
ယခုရာသီအေစာပိုင္းကလည္း ပီအက္စ္ဗီြအသင္းနည္းစနစ္ဒါရိုက္တာ

ဂၽြန္ဒီယြန္းက အသင္းကေန ဂက္ပုိ ထြက္ခြာႏိုင္တယ္လုိ႔ ၀န္ခံခဲ့ဖူးပါတယ္။
ဂက္ပိုဟာ ယူရို ၂၀၂၀ ၿပိဳင္ပဲြမွာ နယ္သာလအတြက္
ပထမဆုံးပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ယူရိုပါကြန္းဖရန္႔လိဂ္ပြဲစဥ္အျဖစ္
ကိုပင္ေဟဂင္ကို အႏိုင္ရခဲ့ရာမွာ ဒဏ္ရာရခဲ့သလုိ ဒီတစ္ပတ္အတြက္
နယ္သာလန္အသင္းလူစာရင္းမွာ ပါ၀င္လာျခင္းမရွိပါဘူး။