ပေါင် ၃၅သန်းတန် အေဂျက်စ်နောက်ခံလူ တင်းဘားကို ခေါ်ယူဖို့ ယူနိုက်တက် ဆွေးနွေးနေ

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအတွင်း

ပေါင် ၃၅ သန်းတန် အေဂျက်စ်နောက်ခံလူ တင်းဘားကို
ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
တင်းဘားဟာ နည်းပြတန်ဟတ်ရဲ့လက်အောက်မှာ
ပုံမှန်ခြေစွမ်းပြနေပြီး အသက် ၅၂ နှစ်အရွယ်ရှိ တန်ဟတ်အတွက်
တတိယမြောက်လိဂ်ချန်ပီယံဖြစ်ဖို့ ကူညီနိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို
ကိုင်တွယ်တဲ့အချိန်မှာ တင်းဘားနဲ့ ဆက်လက်
လက်တွဲလိုနေပြီး နောက်ထပ် အေဂျက်စ်နောက်ခံလူ
လီဆန်ဒရိုမာတီနက်ဇ်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တန်ဟတ်ဟာ လာမယ့်နွေရာသီအတွင်း ယူနိုက်တက်ကို

ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး တိုက်စစ်မှူးတစ်ဦး၊
ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ဗဟိုကစားသမားတစ်ဦးစီနဲ့
ဗဟိုနောက်ခံလူတစ်ဦးတို့ကို ဦးစားပေးခေါ်ယူဖွယ်ရှိနေပါတယ်။
The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ တင်းဘားဟာ
ယူနိုက်တက်နည်းပြအဖြစ် တန်ဟတ် ပထမဆုံးခေါ်မယ့်

ကစားသမားဖြစ်လာနိုင်ကြောင်း၊ အသက် ၂၀ အရွယ်ရှိ
အဆိုပါကစားသမားဟာ အေဂျက်စ်မှာ တန်ဟတ်
အယုံကြည်ဆုံးကစားသမားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
အေဂျက်စ်အသင်း အမှတ်ပေးချန်ပီယံဖြစ်ခဲ့ရာမှာ
အသင်းအတွက် ၄၃ပွဲကစားပေးခဲ့တဲ့ တင်းဘားဟာ

ဗဟိုနောက်ခံလူအဖြစ်သာမက ညာနောက်ခံလူအဖြစ်ပါ
ကစားနိုင်စွမ်းရှိသူဖြစ်ပြီး အလားအလာအများကြီးရှိတဲ့
လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
Telegraph သတင်းဌာနကလည်း ယူနိုက်တက်ဟာ
အေဂျက်စ်နောက်ခံလူ မာတီနက်ဇ်ကို ပေါင်သန်း ၂၀နဲ့

ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းအတွက် ၆ပွဲကစားပေးထားတဲ့
မာတီနက်ဇ်ဟာ အရပ် ၅ ပေ၊ ၉ လက်မပဲရှိပေမယ့်
နောက်ဆုံး ၃ရာသီအတွင်း အေဂျက်စ်အသင်းရဲ့
အောင်မြင်မှုတွေမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး

လျင်မြန်မှု၊ တစ်ဦးချင်းယှဉ်လုမှုတွေမှာ အားသာပါတယ်။

Zawgyi

ေပါင္ ၃၅သန္းတန္ ေအဂ်က္စ္ေနာက္ခံလူ တင္းဘားကို ေခၚယူဖို႔ ယူႏုိက္တက္ ေဆြးေႏြးေန

ယူႏုိက္တက္အသင္းဟာ လာမယ့္ေႏြရာသီအတြင္း
ေပါင္ ၃၅ သန္းတန္ ေအဂ်က္စ္ေနာက္ခံလူ တင္းဘားကို
ေခၚယူဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
တင္းဘားဟာ နည္းျပတန္ဟတ္ရဲ႕လက္ေအာက္မွာ
ပုံမွန္ေျခစြမ္းျပေနၿပီး အသက္ ၅၂ ႏွစ္အရြယ္ရွိ တန္ဟတ္အတြက္

တတိယေျမာက္လိဂ္ခ်န္ပီယံျဖစ္ဖို႔ ကူညီႏုိင္ခဲ့ပါတယ္။
ဒီအတြက္ေၾကာင့္လည္း တန္ဟတ္ဟာ ယူႏုိက္တက္အသင္းကို
ကုိင္တြယ္တဲ့အခ်ိန္မွာ တင္းဘားနဲ႔ ဆက္လက္
လက္တြဲလုိေနၿပီး ေနာက္ထပ္ ေအဂ်က္စ္ေနာက္ခံလူ
လီဆန္ဒရိုမာတီနက္ဇ္ကိုပါ ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

တန္ဟတ္ဟာ လာမယ့္ေႏြရာသီအတြင္း ယူႏုိက္တက္ကို
ျပန္လည္တည္ေဆာက္ဖို႔ ျပင္ဆင္ေနၿပီး တုိက္စစ္မွဴးတစ္ဦး၊
ကြင္းလယ္တုိက္စစ္နဲ႔ ကြင္းလယ္ဗဟိုကစားသမားတစ္ဦးစီနဲ႔
ဗဟိုေနာက္ခံလူတစ္ဦးတုိ႔ကို ဦးစားေပးေခၚယူဖြယ္ရွိေနပါတယ္။
The Mirror သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ တင္းဘားဟာ

ယူႏုိက္တက္နည္းျပအျဖစ္ တန္ဟတ္ ပထမဆုံးေခၚမယ့္
ကစားသမားျဖစ္လာႏုိင္ေၾကာင္း၊ အသက္ ၂၀ အရြယ္ရွိ
အဆိုပါကစားသမားဟာ ေအဂ်က္စ္မွာ တန္ဟတ္
အယုံၾကည္ဆုံးကစားသမားတစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။
ေအဂ်က္စ္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ရာမွာ

အသင္းအတြက္ ၄၃ပြဲကစားေပးခဲ့တဲ့ တင္းဘားဟာ
ဗဟိုေနာက္ခံလူအျဖစ္သာမက ညာေနာက္ခံလူအျဖစ္ပါ
ကစားႏုိင္စြမ္းရွိသူျဖစ္ၿပီး အလားအလာအမ်ားႀကီးရွိတဲ့
လူငယ္ကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။
Telegraph သတင္းဌာနကလည္း ယူႏုိက္တက္ဟာ

ေအဂ်က္စ္ေနာက္ခံလူ မာတီနက္ဇ္ကို ေပါင္သန္း ၂၀နဲ႔
ေခၚယူဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။
အာဂ်င္တီးနားအသင္းအတြက္ ၆ပြဲကစားေပးထားတဲ့
မာတီနက္ဇ္ဟာ အရပ္ ၅ ေပ၊ ၉ လက္မပဲရွိေပမယ့္
ေနာက္ဆုံး ၃ရာသီအတြင္း ေအဂ်က္စ္အသင္းရဲ႕

ေအာင္ျမင္မႈေတြမွာ အဓိကေနရာကေန ပါ၀င္ခဲ့ၿပီး
လ်င္ျမန္မႈ၊ တစ္ဦးခ်င္းယွဥ္လုမႈေတြမွာ အားသာပါတယ္။