ပေါင် ၂.၆ သန်းကျော်လောက်နဲ့ ပတ်ဒရိုပေါ်ရိုရဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ လီဗိုင်းကို စပါးကွင်းတံခါးသာပိတ်လိုက်တော့လို့ ပရိသတ်တွေဒေါသထွက်နေ

စပါးအသင်းဟာ စပို့တင်းနောက်ခံလူ ပတ်ဒရိုပေါ်ရိုကိုမြင့်မားတဲ့

ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့နီးစပ်ခဲ့ပြီးမှ ပေါင် ၂.၆ သန်းလောက်

မပေးချင်တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့အပေါ်

ပရိသတ်တွေဒေါသကြီးအကျယ်ထွက်နေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပေါ်တူဂီ

ကလပ်နဲ့အတူ ပြိုင်ပွဲစုံ ၁၉ပွဲ ကစားထားသူဖြစ်ပြီး ဇန်နဝါရီ

ကာလတစ်လျှောက်လုံး စပါးကိုပြောင်းရွှေ့ဖို့ချိတ်ဆက်နေခဲ့တာဖြစ်တယ်။

နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၃၉.၅ သန်းနဲ့သဘောတူခဲ့ပြီး

ယနေ့(တနင်္လာ)မှာဆေးစစ်မှုတွေပြုလုပ်ဖို့ရှိခဲ့တာပါ။ ဒါပေမဲ့ စပို့တင်းဘက်က

စာချုပ်ပါအချက်အလက်ကိုအနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့တဲ့နောက်

အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ပါတယ်။ ပေါ်တူဂီကလပ်ဘက်က

သဘောတူညီချက်အတွက်ငွေပေးချေမှုကုန်ကျစရိတ်ကို ကာမိစေဖို့အတွက်

စပါးထံက ပေါင် ၂.၆ သန်းအလိုရှိခဲ့တာဖြစ်တယ်။ ဒီလိုအနေအထားမှာတော့

စပါးဥက္ကဌလီဗိုင်းဟာ ပေါ်ရိုရဲ့အပြောင်းအရွှေ့ကနေနှုတ်ထွက်လိုက်တာဖြစ်ပြီး

ပရိသတ်တွေကိုဒေါသထွက်စေခဲ့တာပါ။ စပါးကွင်းလယ်လူဟောင်း

ဂျေမီအိုဟားရားကတော့ လီဗိုင်းအနေနဲ့ရာထူးကနေထွက်သင့်ပြီလို့

ဝေဖန်လိုက်ပါတယ်။ “ဒီလိုဆိုရင်တော့ လီဗိုင်းဟာ စပါးကနေထွက်သင့်ပါပြီ။

ဒီစာချုပ်လိုင်းပေါ်သာမရောက်ရင် ပရိသတ်တွေစိတ်ကုန်သွားလိမ့်မယ်။

သူ့အတွက်မကောင်းပါဘူး။ စပါးပရိသတ်တွေက ဒီကစားသမားကို

လိုချင်ခဲ့သလို ပြီးမြောက်အောင်လုပ်ဖို့အချိန်တွေယူခဲ့ရတယ်။

အပြီးမသတ်နိုင်ဘူးဆိုရင်တော့ ငါတို့ဟာရာသီကုန်အထိ

အီမာဆန်ရွိုင်ရယ်နဲ့ဆက်သွားနေရလိမ့်မယ်။ ငါကိုယ်တိုင်လည်း သူတို့ကို

စောင့်ကြည့်ဖို့စိတ်မဝင်စားဘူး” လို့ အိုဟားရားက ဝေဖန်လိုက်ပါတယ်။

အဲ့ဒီနောက် ပရိသတ်တစ်ယောက်က “အက်ဒ်မင်ကြေး ပေါင် ၂.၆ သန်းကျော်လောက်နဲ့

ပေါ်ရိုကိုဆုံးရှုံးမယ်ဆိုရင်တော့ အဲ့ဒီကွင်းတံခါးကိုပိတ်လိုက်သင့်တယ်၊

ဘာကြောင့်လဲဆိုတော့ ဒါဟာလေးနက်တဲ့ဘောလုံးအသင်းမဟုတ်လို့ပါ” လို့

မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ “မင်းတို့ဒီလောက်ကို

မဖန်တီးနိုင်ဘူးလား” လို့ တုံ့ပြန်ခဲ့သလို တတိယတစ်ယောက်က

“ဒါက အဓိပ္ပာယ်မရှိဘူး။ အက်ဒ်မင် အခကြေးငွေရှိတယ်ဆိုတာ

လူတိုင်းသိတယ်။ ကစားသမားတစ်ယောက်ကိုခေါ်ယူတဲ့အခါ

လုပ်ဆောင်ရလေ့ရှိတဲ့ပုံမှန်ကိစ္စဖြစ်တယ်။ သေချာတာကတော့

ညှိနှိုင်းမှုတွေမှာဆွေးနွေးခဲ့တာဖြစ်နိုင်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

zawgyi

ေပါင္ ၂.၆ သန္းေက်ာ္ေလာက္နဲ႔ ပတ္ဒ႐ိုေပၚ႐ိုရဲ႕အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့လို႔ လီဗိုင္းကို စပါးကြင္းတံခါးသာပိတ္လိုက္ေတာ့လို႔ ပရိသတ္ေတြေဒါသထြက္ေန

စပါးအသင္းဟာ စပို႔တင္းေနာက္ခံလူ ပတ္ဒ႐ိုေပၚ႐ိုကိုျမင့္မားတဲ့

ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူဖို႔နီးစပ္ခဲ့ၿပီးမွ ေပါင္ ၂.၆ သန္းေလာက္

မေပးခ်င္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့တဲ့အေပၚ

ပရိသတ္ေတြေဒါသႀကီးအက်ယ္ထြက္ေနၾကပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ဒီရာသီ ေပၚတူဂီ

ကလပ္နဲ႔အတူ ၿပိဳင္ပြဲစုံ ၁၉ပြဲ ကစားထားသူျဖစ္ၿပီး ဇန္နဝါရီ

ကာလတစ္ေလွ်ာက္လုံး စပါးကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ေနခဲ့တာျဖစ္တယ္။

ေနာက္ဆုံးမွာေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၉.၅ သန္းနဲ႔သေဘာတူခဲ့ၿပီး

ယေန႔(တနလၤာ)မွာေဆးစစ္မႈေတြျပဳလုပ္ဖို႔ရွိခဲ့တာပါ။ ဒါေပမဲ့ စပို႔တင္းဘက္က

စာခ်ဳပ္ပါအခ်က္အလက္ကိုအနည္းငယ္အေျပာင္းအလဲျပဳလုပ္ခဲ့တဲ့ေနာက္

အေျပာင္းအေ႐ႊ႕ပ်က္ျပယ္သြားခဲ့ပါတယ္။ ေပၚတူဂီကလပ္ဘက္က

သေဘာတူညီခ်က္အတြက္ေငြေပးေခ်မႈကုန္က်စရိတ္ကို ကာမိေစဖို႔အတြက္

စပါးထံက ေပါင္ ၂.၆ သန္းအလိုရွိခဲ့တာျဖစ္တယ္။ ဒီလိုအေနအထားမွာေတာ့

စပါးဥကၠဌလီဗိုင္းဟာ ေပၚ႐ိုရဲ႕အေျပာင္းအေ႐ႊ႕ကေနႏႈတ္ထြက္လိုက္တာျဖစ္ၿပီး

ပရိသတ္ေတြကိုေဒါသထြက္ေစခဲ့တာပါ။ စပါးကြင္းလယ္လူေဟာင္း

ေဂ်မီအိုဟားရားကေတာ့ လီဗိုင္းအေနနဲ႔ရာထူးကေနထြက္သင့္ၿပီလို႔

ေဝဖန္လိုက္ပါတယ္။ “ဒီလိုဆိုရင္ေတာ့ လီဗိုင္းဟာ စပါးကေနထြက္သင့္ပါၿပီ။

ဒီစာခ်ဳပ္လိုင္းေပၚသာမေရာက္ရင္ ပရိသတ္ေတြစိတ္ကုန္သြားလိမ့္မယ္။

သူ႔အတြက္မေကာင္းပါဘူး။ စပါးပရိသတ္ေတြက ဒီကစားသမားကို

လိုခ်င္ခဲ့သလို ၿပီးေျမာက္ေအာင္လုပ္ဖို႔အခ်ိန္ေတြယူခဲ့ရတယ္။

အၿပီးမသတ္ႏိုင္ဘူးဆိုရင္ေတာ့ ငါတို႔ဟာရာသီကုန္အထိ

အီမာဆန္႐ြိဳင္ရယ္နဲ႔ဆက္သြားေနရလိမ့္မယ္။ ငါကိုယ္တိုင္လည္း သူတို႔ကို

ေစာင့္ၾကည့္ဖို႔စိတ္မဝင္စားဘူး” လို႔ အိုဟားရားက ေဝဖန္လိုက္ပါတယ္။

အဲ့ဒီေနာက္ ပရိသတ္တစ္ေယာက္က “အက္ဒ္မင္ေၾကး ေပါင္ ၂.၆ သန္းေက်ာ္ေလာက္နဲ႔

ေပၚ႐ိုကိုဆုံးရႈံးမယ္ဆိုရင္ေတာ့ အဲ့ဒီကြင္းတံခါးကိုပိတ္လိုက္သင့္တယ္၊

ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာေလးနက္တဲ့ေဘာလုံးအသင္းမဟုတ္လို႔ပါ” လို႔

မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ “မင္းတို႔ဒီေလာက္ကို

မဖန္တီးႏိုင္ဘူးလား” လို႔ တုံ႔ျပန္ခဲ့သလို တတိယတစ္ေယာက္က

“ဒါက အဓိပၸာယ္မရွိဘူး။ အက္ဒ္မင္ အခေၾကးေငြရွိတယ္ဆိုတာ

လူတိုင္းသိတယ္။ ကစားသမားတစ္ေယာက္ကိုေခၚယူတဲ့အခါ

လုပ္ေဆာင္ရေလ့ရွိတဲ့ပုံမွန္ကိစၥျဖစ္တယ္။ ေသခ်ာတာကေတာ့

ညႇိႏႈိင္းမႈေတြမွာေဆြးေႏြးခဲ့တာျဖစ္ႏိုင္တယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။