ပေါင် ၁၀သန်းယူပြီး သံတမန်လုပ်ပေးနေတဲ့ ဒေးဗစ်ဘက်ဟမ်းကိုဝေဖန်ကြဖို့ အင်္ဂလန် LGBTQ ပရိသတ်အဖွဲ့တိုက်တွန်း

အင်္ဂလန် LGBTQ ပရိသတ်အဖွဲ့ဟာ လက်ရွေးစင်အသင်းခေါင်းဆောင် ဟောင်းဒေးဗစ်ဘက်ဟမ်းရဲ့လုပ်ရပ်နဲ့ပတ်သတ်လို့ အတော်လေးစိတ်ပျက်နေကြပါတယ်။

ဘက်ဟမ်းဟာ ကမ္ဘာ့ဖလားအကြို ကာတာအရောင်းမြှင့်တင်မှုအတွက် အခကြေးငွေနဲ့သံတမန်လုပ်နေတယ်လို့ သတင်းထွက်လာခဲ့တာဖြစ်တယ်။

ကာတာနိုင်ငံဟာ လိင်တူချစ်သူတွေနဲ့ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာသတ်မှတ်ချက်နဲ့ ပတ်သတ်လို့အပြင်းအထန်ဝေဖန်ခံနေရတာဖြစ်တယ်။ လိင်တူချစ်တင်းနှောတာကို

ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတာဟာ LGBTQ+ အသိုင်းအဝိုင်းကို ထိခိုက်လာနိုင်တဲ့အတွက် Three Lions Pride အဖွဲ့ဝင်တွေဟာ ကာတာနိုင်ငံကအထင်ကရပြိုင်ပွဲကို

ခရီးမသွားဖို့ဆုံးဖြတ်ချက်ချထားပါတယ်။ ဒီလိုအချိန်မှာ ဒေးဗစ်ဘက်ဟမ်းရဲ့လုပ်ရပ်က သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီး အခကြေးငွေသံတမန်လို့ သတင်းထွက်လာတဲ့နောက်

အင်္ဂလန် LGBTQ ပရိသတ်အဖွဲ့ဟာ အတော်လေး ဒေါသထွက်ခဲ့ကြတာဖြစ်တယ်။ Three Lions Pride ရဲ့ပူးတွဲထည်ထောင်သူ ဒီကန်နင်ဂမ်ကတော့

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဘက်ဟမ်းကို ပစ်မှတ်ထားတိုက်ခိုက်သွားဖို့ လှုံ့ဆော်ပေးလိုက်ပါပြီ။ “ကြုံတွေ့နေရတဲ့အခက်အခဲတွေကတော့

လူတွေဟာအခကြေးငွေယူပြီး ကာတာကိုအားပေးဖို့၊ ကမ္ဘာ့ဖလားပုံရိပ်ကိုမြှင့်တင် နိုင်ဖို့အတွက်ကြိုးစားပေးနေကြတာဖြစ်တယ်။ LGBTQ+ အသိုင်းအဝိုင်းမှာ

ထင်ရှားတဲ့ ဒေးဗစ်ဘက်ဟမ်းက အောက်ခြေကနေထောက်ပံ့ပေးနေပြီး ဒီပြိုင်ပွဲရဲ့ သံတမန်တစ်ယောက်ဖြစ်လာတာက မယုံနိုင်စရာဖြစ်သလိုစိတ်ပျက်ဖို့ကောင်းပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး လူတွေဝေဖန်ကြဖို့မျှော်လင့်ပါတယ်” လို့ အားကစားနဲ့အခွင့်အရေးမဟာမိတ်အဖွဲ့ကကျင်းပတဲ့ webinar မှာ ဒီကန်နင်ဂမ်က တိုက်တွန်းပြောဆိုသွားပါတယ်။

(Zawgyi)

ေပါင္ ၁၀သန္းယူၿပီး သံတမန္လုပ္ေပးေနတဲ့ ေဒးဗစ္ဘက္ဟမ္းကိုေဝဖန္ၾကဖို႔ အဂၤလန္ LGBTQ ပရိသတ္အဖြဲ႕တိုက္တြန္း

အဂၤလန္ LGBTQ ပရိသတ္အဖြဲ႕ဟာ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ေဟာင္းေဒးဗစ္ဘက္ဟမ္းရဲ႕လုပ္ရပ္နဲ႔ပတ္သတ္လို႔ အေတာ္ေလးစိတ္ပ်က္ေနၾကပါတယ္။

ဘက္ဟမ္းဟာ ကမာၻ႔ဖလားအႀကိဳ ကာတာအေရာင္းျမႇင့္တင္မႈအတြက္ အခေၾကးေငြနဲ႔သံတမန္လုပ္ေနတယ္လို႔ သတင္းထြက္လာခဲ့တာျဖစ္တယ္။

ကာတာႏိုင္ငံဟာ လိင္တူခ်စ္သူေတြနဲ႔ အမ်ိဳးသမီးေတြအေပၚ လူ႔အခြင့္အေရးဆိုင္ရာသတ္မွတ္ခ်က္နဲ႔ ပတ္သတ္လို႔အျပင္းအထန္ေဝဖန္ခံေနရတာျဖစ္တယ္။ လိင္တူဆက္ဆံတာကို

ရာဇဝတ္မႈအျဖစ္သတ္မွတ္ထားတာဟာ LGBTQ+ အသိုင္းအဝိုင္းကိုထိခိုက္လာႏိုင္တဲ့အတြက္ Three Lions Pride အဖြဲ႕ဝင္ေတြဟာ ကာတာႏိုင္ငံကအထင္ကရၿပိဳင္ပြဲကို

ခရီးမသြားဖို႔ဆုံးျဖတ္ခ်က္ခ်ထားပါတယ္။ ဒီလိုအခ်ိန္မွာ ေဒးဗစ္ဘက္ဟမ္းရဲ႕လုပ္ရပ္က သူတို႔နဲ႔ဆန႔္က်င္ဘက္ျဖစ္ေနၿပီး အခေၾကးေငြသံတမန္လို႔သတင္းထြက္လာတဲ့ေနာက္

အဂၤလန္ LGBTQ ပရိသတ္အဖြဲ႕ဟာ အေတာ္ေလးေဒါသထြက္ခဲ့ၾကတာျဖစ္တယ္။ Three Lions Pride ရဲ႕ပူးတြဲထည္ေထာင္သူ ဒီကန္နင္ဂမ္ကေတာ့

အဂၤလန္အသင္းေခါင္း ေဆာင္ေဟာင္းတစ္ေယာက္ျဖစ္ခဲ့ဖူးတဲ့ ဘက္ဟမ္းကိုပစ္မွတ္ထားတိုက္ခိုက္သြားဖို႔ လႈံ႕ေဆာ္ေပးလိုက္ပါၿပီ။

“ႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကေတာ့ လူေတြဟာအခေၾကးေငြယူၿပီး ကာတာကိုအားေပးဖို႔၊ ကမာၻ႔ဖလားပုံရိပ္ကိုျမႇင့္တင္ ႏိုင္ဖို႔အတြက္ႀကိဳးစားေပးေနၾကတာျဖစ္တယ္။

LGBTQ+ အသိုက္အဝန္းမွာ ထင္ရွားတဲ့ ေဒးဗစ္ဘက္ဟမ္းက ေအာက္ေျခကေနေထာက္ပံ့ေပးေနၿပီး ဒီၿပိဳင္ပြဲရဲ႕ သံတမန္တစ္ေယာက္ျဖစ္လာတာက

မယုံႏိုင္စရာျဖစ္သလိုစိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး လူေတြေဝဖန္ၾကဖို႔ေမွ်ာ္လင့္ပါတယ္” လို႔

အားကစားနဲ႔အခြင့္အေရးမဟာမိတ္အဖြဲ႕ကက်င္းပတဲ့ webinar မွာ ဒီကန္နင္ဂမ္က တိုက္တြန္းေျပာဆိုသြားပါတယ္။