ပေါင်သန်း ၄၀နဲ့ နယူးကာဆယ်အသင်းရဲ့ကမ်းလှမ်းမှုကို ဟာဇက် ပယ်ချလိုက်

သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ

တောင်ပံကစားသမား ဟာဇက်အတွက်
နယူးကာဆယ်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး
ပေါင် ၃၃.၄သန်း၊ အပိုဆုကြေး ပေါင် ၈.၃သန်းနဲ့
ကမ်းလှမ်းလာမှုကို လက်သင့်ခံခဲ့ပေမယ့်
ကစားသမားဖြစ်သူကတော့ နယူးကာဆယ်ကို

ပြောင်းရွှေ့ဖို့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ်ရှိ ဟာဇက်ဟာ ၂၀၁၉ နွေရာသီက
ချဲလ်ဆီးကနေ ရီးရဲလ်ကို ရောက်လာချိန်ကတည်းက အထိုင်ကျဖို့
ရုန်းကန်နေရပြီး ယခုရာသီမှာလည်း ပုံမှန်ထွက်ခွင့်ပျောက်ဆုံးနေကာ
ရီးရဲလ်နည်းပြ အန်ဆလော့တီက သူ့ထက် ဗင်နီစီးယပ်စ်နဲ့

ရိုဒရီဂိုတို့ကို ဦးစားပေးသုံးစွဲနေပါတယ်။


ရီးရဲလ်ဟာ ယခုလအတွင်း ဟာဇက်ကို
ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး လာမယ့်နွေရာသီမှာ

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ရေးအတွက်
အသင်းမှာ လုပ်ခလစာမြင့်မားနေမှုကို လျှော့ချဖို့ စီစဉ်နေတာပါ။
El Nacional သတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်ဟာ
ဟာဇက်အတွက် နယူးကာဆယ်အသင်းမှ စုစုပေါင်း
ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းလာမှုကို လက်သင့်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဟာဇက်ကတော့ နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကို
ပယ်ချခဲ့ပြီး ချဲလ်ဆီးလို အသင်းကြီးတစ်သင်းကနေ
ကမ်းလှမ်းလာမှသာ ရီးရဲလ်ကနေ
ထွက်ခွာဖို့ စဉ်းစားမယ်လို့ အဆိုပါစပိန်သတင်းဌာနက ရေးသားခဲ့ပါတယ်။


ဟာဇက်ဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၃၅၂ ပွဲကစားခဲ့ရာမှာ
ဂိုး ၁၁၀ သွင်းယူကာ ဂိုးဖန်တီးမှု ၉၂ ကြိမ်ပြုလုပ်ပေးခဲ့ပြီး
ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ

ချဲလ်ဆီးညာနောက်ခံလူ ရိစ်ဂျိမ်းကို ခေါ်ယူဖို့
စိတ်ဝင်စားနေပြီး သူ့အတွက် ဟာဇက်ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေရာ
ရိစ်ဂျိမ်းရဲ့တန်ကြေးက ပေါင်သန်း ၅၀၀န်းကျင်ရှိပါတယ်။