ပေါက်ကြားလာတဲ့အဖွင့်ပွဲမှာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ပွဲကျပ်နေ

ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာမယ့်

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယား
မထွက်ပေါ်လာခင် အွန်လိုင်းမှာ ကြိုတင်
ပေါက်ကြားလာပြီး အဲဒီအတိုင်းဆိုရင် အဖွင့်ပွဲမှာ
ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့
ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တွစ်တာမှာ ရာသီအဖွင့် ပွဲစဉ် ၈အထိ
ရေးဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံ
လူပြောများနေပြီး ရာသီအဖွင့်ကို
သြဂုတ်လ ၆ ရက်နေ့မှာ ကျင်းပဖို့
စီစဉ်ထားရာ အဲဒီပွဲစဉ်ဇယားအရဆိုရင်

ကြီး ၆ကြီးထဲက ၄သင်းအထိ ပွဲကျပ်နေတာဖြစ်ပါတယ်။
နည်းပြသစ် တန်ဟတ်ရဲ့ ပြိုင်ပွဲအသွင်
ပထမဆုံးပွဲအဖြစ် ယူနိုက်တက်ဟာ ဝုဗ်နဲ့
အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး လီဗာပူးက
နယူးကာဆယ်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့စာရင်းအရ အာဆင်နယ်နဲ့
ချဲလ်ဆီးတို့ဟာ တောင်ပိုင်းကို
ခရီးထွက်ရမှာဖြစ်ပြီး အာဆင်နယ်က
အဆင့် ၉ နဲ့ ရာသီသိမ်းခဲ့တဲ့ ဘရိုက်တန်၊
ချဲလ်ဆီးက စိန့်မေရီမှာ ဆောက်သမ်တန်နဲ့

အသီးသီးကစားရမှာဖြစ်ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးက မနှစ်ကရာသီပိတ်
တစ်ကျော့ပြန်ပွဲအဖြစ် အီတီဟတ်မှာ
အက်စတွန်ဗီလာကို ဧည့်ခံရမှာဖြစ်ပြီး
စပါးက လန်ဒန်ဒါဘီပွဲအဖြစ် ဘရန့်ဖို့ဒ်ကို

ဧည့်ခံရမှာဖြစ်ပါတယ်။
ကြီး ၆ ကြီး အချင်းချင်း ပထမဆုံးတွေ့ဆုံမှုအဖြစ်
ပွဲစဉ် ၃ မှာ မန်စီးတီးက ချဲလ်ဆီးကို
ဧည့်ခံရမှာဖြစ်ပြီး ချဲလ်ဆီးက
ပွဲစဉ် ၄ မှာ ဒါဘီပြိုင်ဘက်

စပါးနဲ့ ဆက်လက်ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းနှစ်သင်းဖြစ်တဲ့
မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ပွဲစဉ် ၇ မှာ
တွေ့ဆုံနေပြီး ရာသီအစောပိုင်းပဲ
ရှိသေးပေမယ့် အဲဒီပွဲက ချန်ပီယံဆုအတွက်

တစ်ထောင့်တစ်နေရာကနေ အရေးပါလာနိုင်ပါတယ်။

Zawgyi

ေပါက္ၾကားလာတဲ့အဖြင့္ပြဲမွာ ယူႏုိက္တက္၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ အေ၀းကြင္းမွာ ပြဲက်ပ္ေန

ၾကာသပေတးေန႔မွာ ထုတ္ျပန္ေၾကညာမယ့္
၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ဇယား
မထြက္ေပၚလာခင္ အြန္လုိင္းမွာ ႀကိဳတင္
ေပါက္ၾကားလာၿပီး အဲဒီအတုိင္းဆိုရင္ အဖြင့္ပြဲမွာ
ယူႏုိက္တက္၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔

ပြဲက်ပ္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
တြစ္တာမွာ ရာသီအဖြင့္ ပြဲစဥ္ ၈အထိ
ေရးဆြဲထားတဲ့ ဓာတ္ပုံတစ္ပုံ
လူေျပာမ်ားေနၿပီး ရာသီအဖြင့္ကို
ၾသဂုတ္လ ၆ ရက္ေန႔မွာ က်င္းပဖုိ႔

စီစဥ္ထားရာ အဲဒီပြဲစဥ္ဇယားအရဆုိရင္
ႀကီး ၆ႀကီးထဲက ၄သင္းအထိ ပြဲက်ပ္ေနတာျဖစ္ပါတယ္။
နည္းျပသစ္ တန္ဟတ္ရဲ႕ ၿပိဳင္ပြဲအသြင္
ပထမဆုံးပြဲအျဖစ္ ယူႏုိက္တက္ဟာ ၀ုဗ္နဲ႔
အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး လီဗာပူးက

နယူးကာဆယ္နဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။
ေပါက္ၾကားလာတဲ့စာရင္းအရ အာဆင္နယ္နဲ႔
ခ်ဲလ္ဆီးတို႔ဟာ ေတာင္ပိုင္းကို
ခရီးထြက္ရမွာျဖစ္ၿပီး အာဆင္နယ္က
အဆင့္ ၉ နဲ႔ ရာသီသိမ္းခဲ့တဲ့ ဘရိုက္တန္၊

ခ်ဲလ္ဆီးက စိန္႔ေမရီမွာ ေဆာက္သမ္တန္နဲ႔
အသီးသီးကစားရမွာျဖစ္ပါတယ္။
လက္ရွိခ်န္ပီယံ မန္စီးတီးက မႏွစ္ကရာသီပိတ္
တစ္ေက်ာ့ျပန္ပြဲအျဖစ္ အီတီဟတ္မွာ
အက္စတြန္ဗီလာကို ဧည့္ခံရမွာျဖစ္ၿပီး

စပါးက လန္ဒန္ဒါဘီပြဲအျဖစ္ ဘရန္႔ဖို႔ဒ္ကို
ဧည့္ခံရမွာျဖစ္ပါတယ္။
ႀကီး ၆ ႀကီး အခ်င္းခ်င္း ပထမဆုံးေတြ႕ဆုံမႈအျဖစ္
ပြဲစဥ္ ၃ မွာ မန္စီးတီးက ခ်ဲလ္ဆီးကို
ဧည့္ခံရမွာျဖစ္ၿပီး ခ်ဲလ္ဆီးက

ပြဲစဥ္ ၄ မွာ ဒါဘီၿပိဳင္ဘက္
စပါးနဲ႔ ဆက္လက္ပြဲက်ပ္ရင္ဆုိင္ရမွာျဖစ္ပါတယ္။
ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းႏွစ္သင္းျဖစ္တဲ့
မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ ပြဲစဥ္ ၇ မွာ
ေတြ႕ဆုံေနၿပီး ရာသီအေစာပိုင္းပဲ

ရွိေသးေပမယ့္ အဲဒီပြဲက ခ်န္ပီယံဆုအတြက္
တစ္ေထာင့္တစ္ေနရာကေန အေရးပါလာႏိုင္ပါတယ္။