ပူတင်ရဲ့ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချမှု ပြုလုပ်လိုက်တဲ့ အေဘရာမိုဗစ်ချ်ရဲ့သမီး

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲဖို့ အမိန့်ပေးခဲ့တဲ့ ပူတင်အစိုးရကို

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ရဲ့သမီးကိုယ်တိုင်

ပြစ်တင်ရှုတ်ချမှု ပြုလုပ်လိုက်ပါတယ်။

ပူတင်ရဲ့ယူကရိန်းကျူးကျော်မှုဟာ ရုရှားနိုင်ငံသားအများစုရဲ့

ထောက်ခံမှုမပါကြောင်း ဆိုဖီယာအေဘရာမိုဗစ်ချ်က

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ ပုံတစ်ပုံနဲ့ ပို့စ်တင်ခဲ့တာပါ။

အဲဒီပုံမှာ ”ရုရှားက ယူကရိန်းနဲ့စစ်ဖြစ်ချင်နေတာ”ဆိုတဲ့ ခေါင်းစဉ်က

ရုရှားနေရာကို မှင်နီတားပြီး ပူတင်လို့ ရေးထားပါတယ်။

ဒါ့အပြင် ရုရှားအများစုက ပူတင်နဲ့ရပ်တည်နေတယ်ဆိုတဲ့

ကရင်မလင်အစိုးရဲ့ဝါဒါဖြန့်မှုဟာ အကြီးဆုံးနဲ့အအောင်မြင်ဆုံး

လိမ်ညာမှုဖြစ်ကြောင်းရေးထားကာ အဲဒီအောက်မှာ

မှင်နီတားထားတဲ့ပူတင်ရဲ့ပုံကို ဖော်ပြထားတာပါ။

၂၇ နှစ်အရွယ် ဆိုဖီယာဟာ သူမဘဝရဲ့အချိန်အများစုကို

လန်ဒန်မှာပဲ ကုန်ဆုံးခဲ့ပြီး လက်ရှိလည်း လန်ဒန်မှာ နေထိုင်နေသူဖြစ်ပါတယ်။

ချဲလ်ဆီးအိမ်ကွင်းစတမ်းဖု့ိဒ်ဘရစ်ချ်မှာလည်း

ဘီလျံနာဖြစ်တဲ့သူမရဲ့ဖခင်နဲ့အတူ ပွဲလာကြည့်ဖူးပါတယ်။

ဒါပေမဲ့ အဲဒီချဲလ်ဆီးအသင်းပိုင်ရှင်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ

မမြင်ရတာ နှစ်အတန်ကြာခဲ့ပါပြီ။

လန်ဒန်နဲ့ မော်စကိုကြား တင်းမာမှုတွေရှိခဲ့လို့ ပါဝါရှိတဲ့ရုရှားတွေအတွက်

ပိုခက်ခဲကုန်ပြီး မိုဗစ်ချ်ဟာ ၂၀၁၈ က ဗြိတိန်ရင်းနှီးမြှပ်နံှသူ

ဗီလာလျှောက်ထားမှုကို ရုပ်သိမ်းခဲ့တာပါ။

သူဟာ ရုရှားသမ္မတပူတင်ရဲ့အမာခံကျော်ထောက်နောက်ခံတစ်ယောက်လို့

ပြောဆိုနေကြပေမယ့် ကာယကံရှင်ကတော့

အဲဒါတွေကို ပြင်းပြင်းထန်ထန်ငြင်းဆန်ထားပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီးကတည်းက

ဗြိတိန်ဝန်းကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ တစ်ဦးချင်းအလိုက်

ပိတ်ပင်မှုများစွာလုပ်ခဲ့ပေမယ့် အဲဒီထဲမှာ အေဘရာမိုဗစ်ချ်

ပါဝင်ခြင်းရှိ၊မရှိကတော့ မသိရသေးပါဘူး။

zawgyi

ပူတင္ရဲ႕က်ဴးေက်ာ္မႈကို ျပစ္တင္ရႈတ္ခ်မႈ ျပဳလုပ္လိုက္တဲ့ ေအဘရာမိုဗစ္ခ်္ရဲ႕သမီး

ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ႏႊဲဖို႔ အမိန႔္ေပးခဲ့တဲ့ ပူတင္အစိုးရကို

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ရဲ႕သမီးကိုယ္တိုင္

ျပစ္တင္ရႈတ္ခ်မႈ ျပဳလုပ္လိုက္ပါတယ္။

ပူတင္ရဲ႕ယူကရိန္းက်ဴးေက်ာ္မႈဟာ ႐ုရွားႏိုင္ငံသားအမ်ားစုရဲ႕

ေထာက္ခံမႈမပါေၾကာင္း ဆိုဖီယာေအဘရာမိုဗစ္ခ်္က

ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ ပုံတစ္ပုံနဲ႔ ပို႔စ္တင္ခဲ့တာပါ။

အဲဒီပုံမွာ ”႐ုရွားက ယူကရိန္းနဲ႔စစ္ျဖစ္ခ်င္ေနတာ”ဆိုတဲ့ ေခါင္းစဥ္က

႐ုရွားေနရာကို မွင္နီတားၿပီး ပူတင္လို႔ ေရးထားပါတယ္။

ဒါ့အျပင္ ႐ုရွားအမ်ားစုက ပူတင္နဲ႔ရပ္တည္ေနတယ္ဆိုတဲ့

ကရင္မလင္အစိုးရဲ႕ဝါဒါျဖန႔္မႈဟာ အႀကီးဆုံးနဲ႔အေအာင္ျမင္ဆုံး

လိမ္ညာမႈျဖစ္ေၾကာင္းေရးထားကာ အဲဒီေအာက္မွာ

မွင္နီတားထားတဲ့ပူတင္ရဲ႕ပုံကို ေဖာ္ျပထားတာပါ။

၂၇ ႏွစ္အ႐ြယ္ ဆိုဖီယာဟာ သူမဘဝရဲ႕အခ်ိန္အမ်ားစုကို

လန္ဒန္မွာပဲ ကုန္ဆုံးခဲ့ၿပီး လက္ရွိလည္း လန္ဒန္မွာ ေနထိုင္ေနသူျဖစ္ပါတယ္။

ခ်ဲလ္ဆီးအိမ္ကြင္းစတမ္းဖု႔ိဒ္ဘရစ္ခ်္မွာလည္း

ဘီလ်ံနာျဖစ္တဲ့သူမရဲ႕ဖခင္နဲ႔အတူ ပြဲလာၾကည့္ဖူးပါတယ္။

ဒါေပမဲ့ အဲဒီခ်ဲလ္ဆီးအသင္းပိုင္ရွင္ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ

မျမင္ရတာ ႏွစ္အတန္ၾကာခဲ့ပါၿပီ။

လန္ဒန္နဲ႔ ေမာ္စကိုၾကား တင္းမာမႈေတြရွိခဲ့လို႔ ပါဝါရွိတဲ့႐ုရွားေတြအတြက္

ပိုခက္ခဲကုန္ၿပီး မိုဗစ္ခ်္ဟာ ၂၀၁၈ က ၿဗိတိန္ရင္းႏွီးျမႇပ္နံွသူ

ဗီလာေလွ်ာက္ထားမႈကို ႐ုပ္သိမ္းခဲ့တာပါ။

သူဟာ ႐ုရွားသမၼတပူတင္ရဲ႕အမာခံေက်ာ္ေထာက္ေနာက္ခံတစ္ေယာက္လို႔

ေျပာဆိုေနၾကေပမယ့္ ကာယကံရွင္ကေတာ့

အဲဒါေတြကို ျပင္းျပင္းထန္ထန္ျငင္းဆန္ထားပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္စစ္ဆင္ႏႊဲၿပီးကတည္းက

ၿဗိတိန္ဝန္းႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ဟာ တစ္ဦးခ်င္းအလိုက္

ပိတ္ပင္မႈမ်ားစြာလုပ္ခဲ့ေပမယ့္ အဲဒီထဲမွာ ေအဘရာမိုဗစ္ခ်္

ပါဝင္ျခင္းရွိ၊မရွိကေတာ့ မသိရေသးပါဘူး။