
ယူကရိန်းအပေါ် ကျူးကျော်မှုမှာ ရုရှားကို ကူညီပေးနေတယ်လို့
သတင်းတွေထွက်ပေါ်လာပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှုး
လီဝန်ဒေါစကီးဟာ တရုတ်နည်းပညာကုမ္ပဏီးဖြစ်တဲ့ Huawei နဲ့
စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းလုံးက ဟက်ကာတွေရဲ့တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက်
ရုရှားရဲ့အင်တာနက်လွှမ်းခြုံမှုတည်ငြိမ်စေရေးအတွက်
ပူတင်ရဲ့ကြိုးပမ်းမှုကို Huawei က ကူညီပေးနေတယ်လို့
တရုတ်မှာ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ရုရှားက နည်းပညာကျွမ်းကျင်သူ ၅၀၀၀၀ ကို လေ့ကျင့်ပေးဖို့
Huawei က သူ့ရဲ့သုတေသနစင်တာတွေကို အသုံးပြုမှာလို့
တရုတ်သတင်းဝက်ဘ်ဆိုဒ်ကတစ်ခုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီသတင်းကို ပြန်ဖြုတ်သွားခဲ့ကြောင်း သိရပါတယ်။
Huawei ကတော့ အဲဒီအကြောင်းနဲ့ပတ်သက်လို့ Daily Mail က
မှတ်ချက်တောင်းတာကို ဘာတုံ့ပြန်မှုမှ မလုပ်ခဲ့ပါဘူး။
အခုတော့ လီဝန်ဒေါစကီးက ပိုလန်မှာ Huawei ရဲ့ဒေသတွင်းသံတမန်အဖြစ်
တာဝန်ယူထားမှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လီဝန်ဒေါစကီးနဲ့ ကာလရှည်ကြာလက်တွဲမှု အဆုံးသတ်သွားပြီလို့လည်း
Huawei ကုမ္ပဏီက ကြေညာခဲ့တာပါ။
လီဝန်ဒေါစကီးကလည်း ဒီလမ်းခွဲမှုဟာ Huawei က ဆုံးဖြတ်တာမဟုတ်ဘဲ
လီဝန်ဒေါစကီးကသာ ဆုံးဖြတ်ခဲ့တာလို့ အတည်ပြုပါတယ်။
ပိုလန်လက်ရွေးစင်လီဝန်ဒေါစကီးဟာ ယူကရိန်းအပေါ်
ပူတင်ရဲ့ကျူးကျော်မှုနဲ့ပတ်သက်လို့ အပြင်းအထန်ဝေဖန်ခဲ့သူပါ။
သူ့နိုင်ငံအသင်းကလည်း ရုရှားနဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ
play-off ပွဲစဉ်ကို သပိတ်မှောက်ထားပါတယ်။
zawgyi
ပူတင္ရဲ႕က်ဴးေက်ာ္မႈကို ကူညီေပးေနလို႔ တ႐ုတ္နည္းပညာကုမၸဏီ Huawei နဲ႔ စပြန္ဆာစာခ်ဳပ္ကို လီဝန္ေဒါစကီးဖ်က္သိမ္း
ယူကရိန္းအေပၚ က်ဴးေက်ာ္မႈမွာ ႐ုရွားကို ကူညီေပးေနတယ္လို႔
သတင္းေတြထြက္ေပၚလာၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႈး
လီဝန္ေဒါစကီးဟာ တ႐ုတ္နည္းပညာကုမၸဏီးျဖစ္တဲ့ Huawei နဲ႔
စပြန္ဆာစာခ်ဳပ္ကို ဖ်က္သိမ္းလိုက္ပါတယ္။
ကမာၻတစ္ဝန္းလုံးက ဟက္ကာေတြရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရၿပီးေနာက္
႐ုရွားရဲ႕အင္တာနက္လႊမ္းၿခဳံမႈတည္ၿငိမ္ေစေရးအတြက္
ပူတင္ရဲ႕ႀကိဳးပမ္းမႈကို Huawei က ကူညီေပးေနတယ္လို႔
တ႐ုတ္မွာ သတင္းေတြထြက္ေပၚခဲ့တာပါ။
႐ုရွားက နည္းပညာကြၽမ္းက်င္သူ ၅၀၀၀၀ ကို ေလ့က်င့္ေပးဖို႔
Huawei က သူ႔ရဲ႕သုေတသနစင္တာေတြကို အသုံးျပဳမွာလို႔
တ႐ုတ္သတင္းဝက္ဘ္ဆိုဒ္ကတစ္ခုက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ အဲဒီသတင္းကို ျပန္ျဖဳတ္သြားခဲ့ေၾကာင္း သိရပါတယ္။
Huawei ကေတာ့ အဲဒီအေၾကာင္းနဲ႔ပတ္သက္လို႔ Daily Mail က
မွတ္ခ်က္ေတာင္းတာကို ဘာတုံ႔ျပန္မႈမွ မလုပ္ခဲ့ပါဘူး။
အခုေတာ့ လီဝန္ေဒါစကီးက ပိုလန္မွာ Huawei ရဲ႕ေဒသတြင္းသံတမန္အျဖစ္
တာဝန္ယူထားမႈကို ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
လီဝန္ေဒါစကီးနဲ႔ ကာလရွည္ၾကာလက္တြဲမႈ အဆုံးသတ္သြားၿပီလို႔လည္း
Huawei ကုမၸဏီက ေၾကညာခဲ့တာပါ။
လီဝန္ေဒါစကီးကလည္း ဒီလမ္းခြဲမႈဟာ Huawei က ဆုံးျဖတ္တာမဟုတ္ဘဲ
လီဝန္ေဒါစကီးကသာ ဆုံးျဖတ္ခဲ့တာလို႔ အတည္ျပဳပါတယ္။
ပိုလန္လက္ေ႐ြးစင္လီဝန္ေဒါစကီးဟာ ယူကရိန္းအေပၚ
ပူတင္ရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္လို႔ အျပင္းအထန္ေဝဖန္ခဲ့သူပါ။
သူ႔ႏိုင္ငံအသင္းကလည္း ႐ုရွားနဲ႔ကစားရမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲ
play-off ပြဲစဥ္ကို သပိတ္ေမွာက္ထားပါတယ္။