ပူတင်ဆိုတဲ့နာမည်တောင် ထုတ်မပြောချင်တဲ့ ရှက်ဗ်ချန်ကိုရဲ့ ယူကရိန်း-ရုရှားစစ်ပွဲအပေါ် အမြင်များ

ယူကရိန်းဂန္ထဝင်တိုက်စစ်မှူး အန်ဒရီရှက်ဗ်ချန်ကိုဟာ

သူ့မွေးရပ်မြေကို အိမ်နီးချင်းရုရှားက ကျူးကျော်ဝင်ရောက်မှုကို
မြို့တော် ကိဗ်မြို့မှာရှိတဲ့ သူ့အမေ ဖုန်းဆက်လာမှ သိတယ်လို့ ဆိုပါတယ်။
”အမေဖုန်းဆက်ချိန်မှာ ကျွန်တော်က အိပ်နေတာဗျ။
အဲဒီမှာ အမေက စစ်ပွဲတော့ စပြီလို့ ပြောပါတယ်။
ရုရှားက ဒီလိုကျူးကျော်စစ် ဆင်နွှဲလိမ့်မယ်လို့

ကျွန်တော်တို့ ယုံကြည်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှော့ခ်ဖြစ်သွားတာပေါ့”လို့
ရှက်ဗ်ချန်ကိုက လီဗာပူးကွင်းလယ်လူဟောင်း ဂျေမီရက်ဒ်နက်နဲ့
ပြုလုပ်တဲ့ အထူးအင်တာဗျူးမှာ ပြောပါတယ်။
မိခင်ဖြစ်သူက ရုရှားတွေ အဓိကထားတိုက်နေတဲ့ ကိဗ်မြို့မှာ
မရှိတော့ပေမယ့် ယူကရိန်းနိုင်ငံအတွင်း ဆက်ရှိနေပြီး

သူ့မွေးရပ်မြေနိုင်ငံကနေ ထွက်ပြေးဖို့ ငြင်းဆန်နေဆဲပါပဲ။
”အိမ်က တုန်ခါနေတာမို့ ဗုံးတွေက
မြေပြင်ပေါ် အချိန်တိုင်းကျရောက်ပေါက်ကွဲနေတယ်လို့ ခံစားခဲ့ရပါတယ်။
ဒါက စစ်ပွဲတစ်ခုရဲ့မြင်ကွင်းပါပဲ။
ရုရှားတွေက ညှာတာမှုမရှိဘဲ ဗုံးတွေ

အဆက်မပြတ်ထုရင်း မြို့ကို ဝိုင်းထားပါတယ်။
ကျွန်တော့်အမေ၊ အစ်မ၊ အဒေါ်နဲ့ဦးလေးတို့အားလုံး
အဲဒီမှာ ရှိနေခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းတချို့ဆို
ရှေ့တန်းမှာ ရောက်နေပါတယ်။ သူတို့ဟာ
ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့လွတ်လပ်မှုအတွက်၊

ကျွန်တော်တို့ ရွေးချယ်မှုအတွက် တိုက်ပွဲဝင်နေပါတယ်”လို့
ရှက်ဗ်ချန်ကိုက ပြောပါတယ်။
”သမ္မတကြီး ဇီလန်စကီးရဲ့အနေအထားကလည်း
အရမ်းကို အရေးကြီးပါတယ်။
သမ္မတက တိုင်းပြည်ကနေ အေးဆေး

ထွက်သွားလို့ရပေမယ့် မသွားဘဲ နိုင်ငံတွင်းမှာဆက်နေနေပါတယ်။
ဒါက ယူကရိန်းပြည်သူတွေကို ပိုမိုစည်းလုံးညီညွတ်စေပြီး
ကျွန်တော်တို့ဘက်က အရှုံးပေးမှာမဟုတ်ပါဘူး။
ယူကရိန်းပြည်သူတွေဟာ ဘာလက်နက်မှမပါဘဲ
လမ်းမပေါ်ထွက်ပြီး ရုရှားတင့်ကားတွေကို တားဆီးနေတာ

ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ဒါက အရမ်းကို အင်အားကြီးပါတယ်။
ကျွန်တော်တို့ အဆုံးအထိ ခုခံသွားမှာပါ။
ရုရှားတွေကို ဘယ်သူမှမကြိုဆိုပါဘူး”လို့
ယူကရိန်းအသင်းနည်းပြအဖြစ်လည်း ၅နှစ်ကြာ
တာဝန်ယူခဲ့ဖူးတဲ့ ရှက်ဗ်ချန်ကိုက ပြောပါတယ်။

ရှက်ဗ်ချန်ကိုဟာ ရက်ဒ်နက်နဲ့ပြုလုပ်ခဲ့တဲ့
အင်တာဗျူးတစ်လျှောက်လုံး ရုရှားသမ္မတ
ပူတင်ရဲ့နာမည်ကို တစ်ခါမှထည့်မပြောသွားဘဲ
ပူတင်အစား someone လို့သာ သုံးသွားပါတယ်။
”ကျွန်တော်အစက ပြောခဲ့သလိုပဲ ဒီစစ်ပွဲကြီး

ဖြစ်လာမယ်လို့ မထင်ခဲ့မိတာအမှန်ပါပဲ။
ရုရှားသူငယ်ချင်းတွေနဲ့ အရင်လိုဆက်ဆံရေး
ကောင်းတွေ ဆက်ရှိပါ့မလားဆိုတာ မသေချာပါဘူး။
ဒါပေမဲ့ ရုရှားပြည်သူအများစုလည်း ဒီစစ်ပွဲကြီးကို
ရပ်စေချင်နေတာ သေချာပါတယ်”လို့ ရှက်ဗ်ချန်ကိုက ပြောပါတယ်။

”ဒီစစ်ပွဲမရပ်သေးသရွေ့ ရုရှားအားကစားသမားတွေကို
ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ထားတာ ကျွန်တော်တော့ သဘောတူတယ်။
ကျွန်တော်တို့အားလုံး ဖိအားတွေပေးသင့်တယ်။
ရုရှားသမ္မတ…နာမည်တော့ ထည့်မပြောချင်တော့ပါဘူး။
သူက စပယ်ရှယ်စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး

အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာပါ”လို့
ရှက်ဗ်ချန်ကိုက ဆက်ပြောပါတယ်။

Zawgyi

ပူတင္ဆုိတဲ့နာမည္ေတာင္ ထုတ္မေျပာခ်င္တဲ့ ရွက္ဗ္ခ်န္ကိုရဲ႕ ယူကရိန္း-ရုရွားစစ္ပြဲအေပၚ အျမင္မ်ား
ယူကရိန္းဂႏၳ၀င္တုိက္စစ္မွဴး အန္ဒရီရွက္ဗ္ခ်န္ကိုဟာ
သူ႔ေမြးရပ္ေျမကို အိမ္နီးခ်င္းရုရွားက က်ဴးေက်ာ္၀င္ေရာက္မႈကို
ၿမိဳ႕ေတာ္ ကိဗ္ၿမိဳ႕မွာရွိတဲ့ သူ႕အေမ ဖုန္းဆက္လာမွ သိတယ္လုိ႔ ဆုိပါတယ္။
”အေမဖုန္းဆက္ခ်ိန္မွာ ကၽြန္ေတာ္က အိပ္ေနတာဗ်။

အဲဒီမွာ အေမက စစ္ပြဲေတာ့ စၿပီလုိ႔ ေျပာပါတယ္။
ရုရွားက ဒီလိုက်ဴးေက်ာ္စစ္ ဆင္ႏႊဲလိမ့္မယ္လုိ႔
ကၽြန္ေတာ္တုိ႔ ယုံၾကည္ခဲ့တာမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔ ေရွာ့ခ္ျဖစ္သြားတာေပါ့”လုိ႔
ရွက္ဗ္ခ်န္ကိုက လီဗာပူးကြင္းလယ္လူေဟာင္း ေဂ်မီရက္ဒ္နက္နဲ႔
ျပဳလုပ္တဲ့ အထူးအင္တာဗ်ဴးမွာ ေျပာပါတယ္။

မိခင္ျဖစ္သူက ရုရွားေတြ အဓိကထားတုိက္ေနတဲ့ ကိဗ္ၿမိဳ႕မွာ
မရွိေတာ့ေပမယ့္ ယူကရိန္းႏိုင္ငံအတြင္း ဆက္ရွိေနၿပီး
သူ႕ေမြးရပ္ေျမႏိုင္ငံကေန ထြက္ေျပးဖို႔ ျငင္းဆန္ေနဆဲပါပဲ။
”အိမ္က တုန္ခါေနတာမို႔ ဗုံးေတြက
ေျမျပင္ေပၚ အခ်ိန္တုိင္းက်ေရာက္ေပါက္ကြဲေနတယ္လုိ႔ ခံစားခဲ့ရပါတယ္။

ဒါက စစ္ပြဲတစ္ခုရဲ႕ျမင္ကြင္းပါပဲ။
ရုရွားေတြက ညႇာတာမႈမရွိဘဲ ဗုံးေတြ
အဆက္မျပတ္ထုရင္း ၿမိဳ႕ကို ၀ုိင္းထားပါတယ္။
ကၽြန္ေတာ့္အေမ၊ အစ္မ၊ အေဒၚနဲ႔ဦးေလးတုိ႔အားလုံး
အဲဒီမွာ ရွိေနခဲ့တာပါ။ ကၽြန္ေတာ့္သူငယ္ခ်င္းတခ်ိဳ႕ဆို

ေရွ႕တန္းမွာ ေရာက္ေနပါတယ္။ သူတုိ႔ဟာ
ကၽြန္ေတာ္တို႔ႏိုင္ငံအတြက္၊ ကၽြန္ေတာ္တုိ႔လြတ္လပ္မႈအတြက္၊
ကၽြန္ေတာ္တုိ႔ ေရြးခ်ယ္မႈအတြက္ တုိက္ပြဲ၀င္ေနပါတယ္”လုိ႔
ရွက္ဗ္ခ်န္ကိုက ေျပာပါတယ္။
”သမၼတႀကီး ဇီလန္စကီးရဲ႕အေနအထားကလည္း

အရမ္းကို အေရးႀကီးပါတယ္။
သမၼတက တုိင္းျပည္ကေန ေအးေဆး
ထြက္သြားလုိ႔ရေပမယ့္ မသြားဘဲ ႏုိင္ငံတြင္းမွာဆက္ေနေနပါတယ္။
ဒါက ယူကရိန္းျပည္သူေတြကို ပိုမိုစည္းလုံးညီညြတ္ေစၿပီး
ကၽြန္ေတာ္တုိ႔ဘက္က အရံႈးေပးမွာမဟုတ္ပါဘူး။

ယူကရိန္းျပည္သူေတြဟာ ဘာလက္နက္မွမပါဘဲ
လမ္းမေပၚထြက္ၿပီး ရုရွားတင့္ကားေတြကို တားဆီးေနတာ
ခင္ဗ်ားတုိ႔ ျမင္ေတြ႕ႏိုင္ပါတယ္။ ဒါက အရမ္းကို အင္အားႀကီးပါတယ္။
ကၽြန္ေတာ္တို႔ အဆုံးအထိ ခုခံသြားမွာပါ။
ရုရွားေတြကို ဘယ္သူမွမႀကိဳဆိုပါဘူး”လုိ႔

ယူကရိန္းအသင္းနည္းျပအျဖစ္လည္း ၅ႏွစ္ၾကာ
တာ၀န္ယူခဲ့ဖူးတ့ဲ ရွက္ဗ္ခ်န္ကိုက ေျပာပါတယ္။
ရွက္ဗ္ခ်န္ကိုဟာ ရက္ဒ္နက္နဲ႔ျပဳလုပ္ခ့ဲတဲ့
အင္တာဗ်ဴးတစ္ေလွ်ာက္လုံး ရုရွားသမၼတ
ပူတင္ရဲ႕နာမည္ကို တစ္ခါမွထည့္မေျပာသြားဘဲ

ပူတင္အစား someone လုိ႔သာ သုံးသြားပါတယ္။
”ကၽြန္ေတာ္အစက ေျပာခဲ့သလုိပဲ ဒီစစ္ပြဲႀကီး
ျဖစ္လာမယ္လုိ႔ မထင္ခဲ့မိတာအမွန္ပါပဲ။
ရုရွားသူငယ္ခ်င္းေတြနဲ႔ အရင္လိုဆက္ဆံေရး
ေကာင္းေတြ ဆက္ရွိပါ့မလားဆိုတာ မေသခ်ာပါဘူး။

ဒါေပမဲ့ ရုရွားျပည္သူအမ်ားစုလည္း ဒီစစ္ပြဲႀကီးကို
ရပ္ေစခ်င္ေနတာ ေသခ်ာပါတယ္”လို႔ ရွက္ဗ္ခ်န္ကိုက ေျပာပါတယ္။
”ဒီစစ္ပြဲမရပ္ေသးသေရြ႕ ရုရွားအားကစားသမားေတြကို
ၿပိဳင္ပြဲ၀င္ခြင့္ပိတ္ပင္ထားတာ ကၽြန္ေတာ္ေတာ့ သေဘာတူတယ္။
ကၽြန္ေတာ္တို႔အားလုံး ဖိအားေတြေပးသင့္တယ္။

ရုရွားသမၼတ…နာမည္ေတာ့ ထည့္မေျပာခ်င္ေတာ့ပါဘူး။
သူက စပယ္ရွယ္စစ္ဆင္ေရး လုပ္ေနတာျဖစ္ၿပီး
အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ေနတာပါ”လုိ႔
ရွက္ဗ္ခ်န္ကိုက ဆက္ေျပာပါတယ္။