
နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းကြီးတွေ အသုံးမကျရင်
အဲဒီနိုင်ငံ ရေမရှိတဲ့ ချောင်း ထဲစုံးစုံးမြှုပ်တာထက် ဆိုးပါတယ်။
အခုအချိန်မှာတော့ ရုရှား ကြောင့် ကုလသမဂ္ဂလည်း
တံခါး ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေပြန်ပါပြီ။
ရုရှားသမ္မတပူတင်ကြောင့် လာမယ့် မေလအတွင်း ကစားမယ့်
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နေရာပြောင်းကျင်းပရဖွယ်ရှိတယ်လို့ သိရှိရပါတယ်။
ကနဦးမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ
ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ
ယူကရိန်းလက်အောက်ခံ ပြည်နယ်နှစ်ခုဟာ ခွဲထွက်ပြည်နယ်တွေအဖြစ်
ကြေညာခဲ့ပြီး ပူတင်ကလည်း ဒါကို အသိအမှတ်ပြုတယ်လို့
လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ရုရှားတပ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို
အကြောင်းပြပြီး အဲဒီပြည်နယ်နှစ်ခုကို ဝင်ရောက်ဖို့ ပူတင်က အမိန့်ပေးထားပါတယ်။
တကယ်လို့ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ကြား နိုင်ငံရေးတင်းမာမှု
ပိုမိုပြင်းထန်လာမယ်ဆိုရင် ဆိုးကျိုးတွေ ဆက်လက်တိုးပွားလာပါမယ်။
သတင်းတွေ အရတော့ အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းမှာ
ဗိုလ်လုပွဲကို ပြောင်းလဲ ကျင်းပဖွယ်ရှိနေပြီး တကယ်လို့ အင်္ဂလိပ် ၂သင်းသာ
ဗိုလ်လုပွဲသာ တက်လာရင် ဝင်ဘာလေကွင်းမှာ ကျင်းပဖို့ ပိုဖြစ်နိုင်လိမ့်မယ်လို့ သိရပါတယ်။
ယူအီးအက်ဖ်အေကလည်း ယူကရိန်း-ရုရှားအရေးကို အနီးကပ်စောင့်ကြည့်နေပြီး
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့်ရတဲ့မြို့အနေနဲ့
ပေါင်သန်း ၆၀ ကျော် အကျိုးအမြတ်ရဖွယ်ရှိပါတယ်။
zawgyi
ပူတင္ေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနရာေျပာင္း က်င္းပရဖြယ္ရွိ
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ေခါင္းႀကီးေတြ အသုံးမက်ရင္
အဲဒီႏိုင္ငံ ေရမရွိတဲ့ ေခ်ာင္း ထဲစုံးစုံးျမႇဳပ္တာထက္ ဆိုးပါတယ္။
အခုအခ်ိန္မွာေတာ့ ႐ုရွား ေၾကာင့္ ကုလသမဂၢလည္း
တံခါး ပိတ္လိုက္ဖြင့္လိုက္ ျဖစ္ေနျပန္ပါၿပီ။
႐ုရွားသမၼတပူတင္ေၾကာင့္ လာမယ့္ ေမလအတြင္း ကစားမယ့္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနရာေျပာင္းက်င္းပရဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။
ကနဦးမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႐ုရွားႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕မွာ
က်င္းပဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။
ဒီကေန႔ မနက္အေစာပိုင္းမွာ ထြက္ေပၚလာတဲ့သတင္းေတြအရ
ယူကရိန္းလက္ေအာက္ခံ ျပည္နယ္ႏွစ္ခုဟာ ခြဲထြက္ျပည္နယ္ေတြအျဖစ္
ေၾကညာခဲ့ၿပီး ပူတင္ကလည္း ဒါကို အသိအမွတ္ျပဳတယ္လို႔
လူသိရွင္ၾကား ေျပာဆိုခဲ့ပါတယ္။
အဲဒီေနာက္ ႐ုရွားတပ္ေတြဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို
အေၾကာင္းျပၿပီး အဲဒီျပည္နယ္ႏွစ္ခုကို ဝင္ေရာက္ဖို႔ ပူတင္က အမိန႔္ေပးထားပါတယ္။
တကယ္လို႔ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံတို႔ၾကား ႏိုင္ငံေရးတင္းမာမႈ
ပိုမိုျပင္းထန္လာမယ္ဆိုရင္ ဆိုးက်ိဳးေတြ ဆက္လက္တိုးပြားလာပါမယ္။
သတင္းေတြ အရေတာ့ အဂၤလန္ႏိုင္ငံ၊ ဝင္ဘေလကြင္းမွာ
ဗိုလ္လုပြဲကို ေျပာင္းလဲ က်င္းပဖြယ္ရွိေနၿပီး တကယ္လို႔ အဂၤလိပ္ ၂သင္းသာ
ဗိုလ္လုပြဲသာ တက္လာရင္ ဝင္ဘာေလကြင္းမွာ က်င္းပဖို႔ ပိုျဖစ္ႏိုင္လိမ့္မယ္လို႔ သိရပါတယ္။
ယူအီးအက္ဖ္ေအကလည္း ယူကရိန္း-႐ုရွားအေရးကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို လက္ခံက်င္းပခြင့္ရတဲ့ၿမိဳ႕အေနနဲ႔
ေပါင္သန္း ၆၀ ေက်ာ္ အက်ိဳးအျမတ္ရဖြယ္ရွိပါတယ္။