
အင်္ဂလန်တောင်ပံကစားသမား စတာလင် ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာ
ကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွါဖို့ စဉ်းစားနေပြီလို့ အရိပ်အမြွက်
ပြောခဲ့ပါတယ်။ စတာလင် ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ပုံမှန်ပွဲထွက်ခွင့်ရပြီး
မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတဦးဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့
ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပွဲအများစုကို အရန်အနေနဲ့သာ ပါဝင်ကစားခွင့်ရ
ပါတယ်။
ဒီရာသီမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့
စတာလင် အစား ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တဲ့ ဂျက်ဂရီးလစ်ရှ် ၊ ဖိုဒန် ၊
မာရက်ဇ် နဲ့ ဖာရန် တောရက်စ် တို့ကိုသာ တိုက်စစ်ပိုင်းမှာ အများဆုံးအသုံးပြု
နေပါတယ်။ ဒါကြောင့်မို့ စတာလင် က ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းစီကို
ပြောင်းရွှေ့ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စတာလင် က “ တကယ်လို့ ပွဲကစားချိန်ပိုပြီး
ရရှိမယ့် နေရာတနေရာကို သွားခွင့်ရမယ့် ရွေးချယ်စရာရှိလာခဲ့မယ်ဆိုရင်တော့
ကျွန်တော်စဉ်းစားသွားမှာပါ။ ကျွန်တော်ပြောခဲ့ဖူးသလိုပဲ ဘောလုံးအားကစားက
ကျွန်တော့်ရဲ့ အရေးပါဆုံးအရာပါ။ ငယ်ငယ်ကတည်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်
နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်ခဲ့သလို အိပ်မက်တွေကိုလည်း ကိုယ်တိုင်ဖန်
တီးခဲ့တယ်။ အင်္ဂလိပ်ကစားသမားတဦးအနေနဲ့ ကျွန်တော်သိတာက ပရီးမီးယားလိဂ်
ပြိုင်ပွဲအကြောင်းပဲရှိတယ်။ ဒီအကြောင်းကိုပဲ အမြဲတွေးနေတာ။ တနေ့ကျရင်တော့
နိုင်ငံခြားမှာ သွားကစားချင်ပါတယ်။ အဲ့ဒီက စိန်ခေါ်မှုတွေကိုရော ကျွန်တော်ဘယ်
လိုဖြတ်ကျော်ဦးမလဲဆိုတာကို ကြည့်ချင်ပါတယ် “ လို့ မီဒီယာတွေနဲ့ နောက်ဆုံး
တွေ့ဆုံခဲ့စဉ်မှာ ပြောဆိုခဲ့ပါတယ်။
အသက် ၂၆ အရွယ်သာရှိသေးတဲ့ စတာလင် ကို ဥရောပအသင်းကြီးတွေဖြစ်တဲ့
ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ် အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စား
နေသလို အင်္ဂလန်ကလပ်တချို့လည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်
ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန် က စတာလင်
ကို ခေါ်ယူဖို့အတွက် အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို တိုက်
တွန်းပြောဆိုခဲ့သလို ဆော်ဒီဘီလျံနာတွေရဲ့ လက်အောက်ကို ရောက်ရှိသွားတဲ့
နယူးကာဆယ်အသင်းကိုလည်း တိုက်တွန်းခဲ့ပါတယ်။
Zawgyi
ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ဂြါဒီယိုလာ ကို ဖိအားေပးလိုက္တဲ့ စတာလင္
အဂၤလန္ေတာင္ပံကစားသမား စတာလင္ ဟာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတာ
ေၾကာင့္ မန္စီးတီးအသင္းကေန ထြက္ခြါဖို႔ စဥ္းစားေနၿပီလို႔ အရိပ္အႁမြက္
ေျပာခဲ့ပါတယ္။ စတာလင္ ဟာ ၿပီးခဲ့တဲ့ ရာသီေတြမွာ ပုံမွန္ပြဲထြက္ခြင့္ရၿပီး
မန္စီးတီးအသင္းရဲ႕ အဓိက ကစားသမားတဦးျဖစ္ခဲ့ေပမဲ့ ဒီရာသီမွာေတာ့
ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ပြဲအမ်ားစုကို အရန္အေနနဲ႔သာ ပါဝင္ကစားခြင့္ရ
ေနပါတယ္။
ဒီရာသီမွာ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာ က ယူ႐ိုၿပိဳင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့
စတာလင္ အစား ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူခဲ့တဲ့ ဂ်က္ဂရီးလစ္ရွ္ ၊ ဖိုဒန္ ၊
မာရက္ဇ္ နဲ႔ ဖာရန္ ေတာရက္စ္ တို႔ကိုသာ တိုက္စစ္ပိုင္းမွာ အမ်ားဆုံးအသုံးျပဳ
ေနပါတယ္။ ဒါေၾကာင့္မို႔ စတာလင္ က ပုံမွန္ပြဲထြက္ခြင့္ရမယ့္ အသင္းတသင္းစီကို
ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။
သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး စတာလင္ က “ တကယ္လို႔ ပြဲကစားခ်ိန္ပိုၿပီး
ရရွိမယ့္ ေနရာတေနရာကို သြားခြင့္ရမယ့္ ေ႐ြးခ်ယ္စရာရွိလာခဲ့မယ္ဆိုရင္ေတာ့
ကြၽန္ေတာ္စဥ္းစားသြားမွာပါ။ ကြၽန္ေတာ္ေျပာခဲ့ဖူးသလိုပဲ ေဘာလုံးအားကစားက
ကြၽန္ေတာ့္ရဲ႕ အေရးပါဆုံးအရာပါ။ ငယ္ငယ္ကတည္းက စိန္ေခၚမႈေတြကို ရင္ဆိုင္
ႏိုင္ဖို႔အတြက္ ကိုယ့္ကိုကိုယ္ ျပင္ဆင္ခဲ့သလို အိပ္မက္ေတြကိုလည္း ကိုယ္တိုင္ဖန္
တီးခဲ့တယ္။ အဂၤလိပ္ကစားသမားတဦးအေနနဲ႔ ကြၽန္ေတာ္သိတာက ပရီးမီးယားလိဂ္
ၿပိဳင္ပြဲအေၾကာင္းပဲရွိတယ္။ ဒီအေၾကာင္းကိုပဲ အၿမဲေတြးေနတာ။ တေန႔က်ရင္ေတာ့
ႏိုင္ငံျခားမွာ သြားကစားခ်င္ပါတယ္။ အဲ့ဒီက စိန္ေခၚမႈေတြကိုေရာ ကြၽန္ေတာ္ဘယ္
လိုျဖတ္ေက်ာ္ဦးမလဲဆိုတာကို ၾကည့္ခ်င္ပါတယ္ “ လို႔ မီဒီယာေတြနဲ႔ ေနာက္ဆုံး
ေတြ႕ဆုံခဲ့စဥ္မွာ ေျပာဆိုခဲ့ပါတယ္။
အသက္ ၂၆ အ႐ြယ္သာရွိေသးတဲ့ စတာလင္ ကို ဥေရာပအသင္းႀကီးေတြျဖစ္တဲ့
ရီးရဲလ္မက္ဒရစ္ ၊ ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္စ္ အသင္းေတြက ေခၚယူဖို႔စိတ္ဝင္စား
ေနသလို အဂၤလန္ကလပ္တခ်ိဳ႕လည္း စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္
ေပၚေနပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကေတာ့ အဂၤလန္ေနာက္ခံလူေဟာင္း ဖာဒီနန္ က စတာလင္
ကို ေခၚယူဖို႔အတြက္ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ အသင္းကို တိုက္
တြန္းေျပာဆိုခဲ့သလို ေဆာ္ဒီဘီလ်ံနာေတြရဲ႕ လက္ေအာက္ကို ေရာက္ရွိသြားတဲ့
နယူးကာဆယ္အသင္းကိုလည္း တိုက္တြန္းခဲ့ပါတယ္။