ပုံမကျ ပန်းမကျနဲ့ လုပ်နေတဲ့ ကာတာကမ္ဘာ့ဖလားကြောင့် အာရုံနောက် နေတဲ့ ဖာနန်ဒက်စ်

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေ ခရီးတစ်ထောက်နားပြီဖြစ်တာကြောင့် ဘောလုံးပရိသတ်တွေအားလုံးရဲ့ အာရုံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဘက်ကို လှည့် လာပြီဖြစ်တဲ့အချိန်မှာ

မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကလည်း ကာ တာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြတ်ပြတ်သားသားပဲ ပြောဆိုခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ အိမ်ရှင်ဖြစ်ခွင့်ကို

အတည်ပြုပေးခဲ့ပြီးတဲ့ အချိန်ကစပြီး အငြင်းပွားစရာပေါင်း သောင်းခြောက်ထောင်နဲ့ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲဟာ အခု ပြိုင်ပွဲကျင်းပတော့မယ့် ၂၀၂၂ ခုနှစ်အထိကို အတောမသတ်နိုင်သေးပါဘူး။

ရွှေ့ပြောင်းလုပ်သားအရေး၊ လိင်တူချစ်သူအရေးနဲ့ လူ့ အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ လူပြောများနေတဲ့ ကာတာကမ္ဘာ့ဖလား ကြောင့် ဘောလုံးပရိသတ်တွေဟာ စိတ်ဆင်းရဲနေရတယ်လို့

ဖာနန်ဒက်စ်က ဆိုပါတယ်။ ဖူလ်ဟမ်ကို အနိုင်ရပြီးတဲ့နောက် ကာတာဆီကို ပေါ်တူဂီလက် ရွေးစင်အသင်းနဲ့အတူ သွားရတော့မယ့် အချိန်မှာ လက်ရှိ စိတ်ခံစားမှုနဲ့ပတ် သက်ပြီး မေးမြန်းခဲ့တာကို

ပေါ်တူဂီသားက ပြန်ပြောခဲ့တဲ့ နေရာမှာတော့ ‘’ကမ္ဘာ့ဖလားက လူတိုင်းအတွက် စိတ်တိုင်းကျဖြစ်တဲ့ အချိန်မျိုးမှာ ကစားဖို့ ဖြစ်လာတာမဟုတ်ဘူး။ ကလေးတွေက ကျောင်းတက်နေကြရတယ်။

လူတွေ က အလုပ်တစ်ဖက်နဲ့။ ပွဲတွေကို ကြည့်ချင်တဲ့ လူတွေအတွက် အကောင်းဆုံး မဟုတ်တော့ဘူး။ အားကစားကွင်း တည်ဆောက်တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားတွေနဲ့

6သဆုံးတဲ့အလုပ်သမားတွေအကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ လတွေမှာ မြင်နေ ကြားနေခဲ့ရပြီးပြီလေ။ အဲဒီအတွက် ကျွန်တော်တို့ မပျော်ဘူးဗျာ။ ကျွန်တော်တို့ဟာ အားလုံးအတွက်

ဘောလုံးရပ်ဝန်း ဖြစ်စေချင်တာ။ တစ်ဦးကောင်း တစ်ယောက်ကောင်းအတွက် မဖြစ် ရဘူး။ ဒီလိုအကြောင်းအရာတွေကြောင့်ပဲ ကျွန်တော်တို့ဟာ ဘယ်လိုအချိန် မျိုးမှာမှ ပျော်နိုင်မှာ မဟုတ်ဘူး။

နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက ဘော လုံးအားကစားတစ်ခုဆိုတာထက်ကို ပိုတယ်ဗျ။ ဒါက ပရိသတ်တွေရဲ့ စုရုံး ရောက်ရှိရာ စုရပ်တစ်ခုဖြစ်သလို ကစားသမားတွေနဲ့ ဒီပြိုင်ပွဲကို

အရသာခံပြီး ကြည့်လိုတဲ့ လူတွေ စုဝေးရာ ပြိုင်ပွဲလည်း ဖြစ်တယ်။ ဒီထက်ပိုကောင်းတဲ့ ပုံစံမျိုး ဖြစ်ရမှာပါ’’ လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပုံမက် ပန္းမက်နဲ႔ လုပ္ေနတဲ့ ကာတာကမာၻ႔ဖလားေၾကာင့္ အာ႐ုံေနာက္ ေနတဲ့ ဖာနန္ဒက္စ္

ပရီးမီးယားလိဂ္ ေဘာလုံးၿပိဳင္ပြဲေတြ ခရီးတစ္ေထာက္နားၿပီျဖစ္တာေၾကာင့္ ေဘာလုံးပရိသတ္ေတြအားလုံးရဲ႕ အာ႐ုံဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဘက္ကို လွည့္ လာၿပီျဖစ္တဲ့အခ်ိန္မွာ

မန္ယူအသင္းေခါင္းေဆာင္ ဖာနန္ဒက္စ္ကလည္း ကာ တာကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကို ျပတ္ျပတ္သားသားပဲ ေျပာ ဆိုခဲ့ပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ

အိမ္ရွင္ျဖစ္ခြင့္ကို အတည္ျပဳေပးခဲ့ၿပီးတဲ့ အခ်ိန္ကစၿပီး အျငင္းပြားစရာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ကာတာကမာၻ႔ ဖလားၿပိဳင္ပြဲဟာ အခု ၿပိဳင္ပြဲက်င္းပေတာ့မယ့္ ၂၀၂၂ ခုႏွစ္အထိကို

အေတာ မသတ္ႏိုင္ေသးပါဘူး။ ေ႐ႊ႕ေျပာင္းလုပ္သားအေရး၊ လိင္တူခ်စ္သူအေရးနဲ႔ လူ႔ အခြင့္အေရးဆိုင္ရာ ကိစၥေတြမွာ လူေျပာမ်ားေနတဲ့ ကာတာကမာၻ႔ဖလား ေၾကာင့္

ေဘာလုံးပရိသတ္ေတြဟာ စိတ္ဆင္းရဲေနရတယ္လို႔ ဖာနန္ဒက္စ္က ဆိုပါတယ္။ ဖူလ္ဟမ္ကို အႏိုင္ရၿပီးတဲ့ေနာက္ ကာတာဆီကို ေပၚတူဂီလက္ ေ႐ြးစင္အသင္းနဲ႔အတူ သြားရေတာ့မယ့္ အခ်ိန္မွာ

လက္ရွိ စိတ္ခံစားမႈနဲ႔ပတ္ သက္ၿပီး ေမးျမန္းခဲ့တာကို ေပၚတူဂီသားက ျပန္ေျပာခဲ့တဲ့ ေနရာမွာေတာ့ ‘’ကမာၻ႔ဖလားက လူတိုင္းအတြက္ စိတ္တိုင္းက်ျဖစ္တဲ့ အခ်ိန္မ်ိဳးမွာ

ကစားဖို႔ ျဖစ္လာတာမဟုတ္ဘူး။ ကေလးေတြက ေက်ာင္းတက္ေနၾကရတယ္။ လူေတြ က အလုပ္တစ္ဖက္နဲ႔။ ပြဲေတြကို ၾကည့္ခ်င္တဲ့ လူေတြအတြက္ အေကာင္းဆုံး မဟုတ္ေတာ့ဘူး။

အားကစားကြင္း တည္ေဆာက္တဲ့အတြက္ ထိခိုက္ဒဏ္ရာ ရတဲ့ အလုပ္သမားေတြနဲ႔ 6သဆုံးတဲ့အလုပ္သမားေတြအေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ေတြနဲ႔ လေတြမွာ ျမင္ေန ၾကားေနခဲ့ရၿပီးၿပီေလ။

အဲဒီအတြက္ ကြၽန္ေတာ္တို႔ မေပ်ာ္ဘူးဗ်ာ။ ကြၽန္ေတာ္တို႔ဟာ အားလုံးအတြက္ ေဘာလုံး ရပ္ဝန္း ျဖစ္ေစခ်င္တာ။ တစ္ဦးေကာင္း တစ္ေယာက္ေကာင္းအတြက္ မျဖစ္ ရဘူး။

ဒီလိုအေၾကာင္းအရာေတြေၾကာင့္ပဲ ကြၽန္ေတာ္တို႔ဟာ ဘယ္လိုအခ်ိန္ မ်ိဳးမွာမွ ေပ်ာ္ႏိုင္မွာ မဟုတ္ဘူး။ ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲဆိုတာက ေဘာ လုံးအားကစားတစ္ခုဆိုတာထက္ကို ပိုတယ္ဗ်။

ဒါက ပရိသတ္ေတြရဲ႕ စု႐ုံး ေရာက္ရွိရာ စုရပ္တစ္ခုျဖစ္သလို ကစားသမားေတြနဲ႔ ဒီၿပိဳင္ပြဲကို အရသာခံၿပီး ၾကည့္လိုတဲ့ လူေတြ စုေဝးရာ ၿပိဳင္ပြဲလည္း ျဖစ္တယ္။ ဒီထက္ပိုေကာင္းတဲ့ ပုံစံမ်ိဳး ျဖစ္ရမွာပါ’’ လို႔

ဖာနန္ဒက္စ္က ေျပာဆိုသြားခဲ့ပါတယ္။