ပုံတူရုပ်တုဖွင့်ပွဲညနေခင်းမှာ နည်းပြလောကထဲပြန်လာတော့မယ်လို့ အသိပေးလိုက်တဲ့ ဇီဒန်း

ရီးရဲလ်နည်းပြဟောင်းဇီဒန်းဟာ မကြာခင်အချိန်အတွင်းမှာ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ မေလ မှာ ရီးရဲလ်နဲ့ ဒုတိယအကြိမ်မြောက်လက်တွဲဖြုတ်ခဲ့တဲ့ ဇီဒန်းဟာဘောလုံးလောကနဲ့ အနည်းငယ်အဆက်အသွယ်ပြတ်ခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ဂရီဗင်ပြတိုက်မှာ အသက် ၅၀အရွယ် ဇီဒန်းရဲ့ပုံတူရုပ်ထုဖွင့်ပွဲလုပ်ခဲ့ပြီး ပြင်သစ် လက်ရွေးစင်ဟောင်းကြီးက နည်းပြလောကထဲပြန်ဝင်လာတော့မယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်ကို ချန်ပီယံလိဂ်သမိုင်းမှာ ၃နှစ်ဆက်တိုက်ဗိုလ်စွဲတဲ့ ပထမဆုံးအသင်းဖြစ်အောင်ဦးဆောင်ပေးခဲ့သလို စပိန်ကလပ်နဲ့လာလီဂါဆုလား ၂ကြိမ်အပြင်

တစ်ဦးချင်းအောင်မြင်မှုအဖြစ် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ၂ကြိမ် နိုင်ရရှိခဲ့ပါတယ်။

RMC Sport နဲ့တွေ့ဆုံမှုမှာ ဇီဒန်းက “နည်းပြဝတ်စုံကိုလွမ်းသလား။

အဲ့လိုတော့မဟုတ်ပါဘူး၊ ကျွန်တော်ပြန်လာဖို့မဝေးတော့ဘူး။

အချိန်နည်းနည်းလောက်ပေးချင်သေးတယ်။ ငါနည်းပြလောကထဲပြန်ဝင် ဖို့သိပ်မကြာတော့ပါဘူး” လို့ ဇီဒန်းက အသိပေးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဇီဒန်းဟာ ပီအက်စ်ဂျီနည်းပြဖြစ်လာနိုင်တယ်လို့ထင်ကြေးပေးနေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ပြင်သစ်အသင်းကိုတာဝန်ယူနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။

(Zawgyi)

ပုံတူ႐ုပ္တုဖြင့္ပြဲညေနခင္းမွာ နည္းျပေလာကထဲျပန္လာေတာ့မယ္လို႔ အသိေပးလိုက္တဲ့ ဇီဒန္း

ရီးရဲလ္နည္းျပေဟာင္းဇီဒန္းဟာ မၾကာခင္အခ်ိန္အတြင္းမွာ ေဘာလုံးေလာကထဲကို ျပန္လည္ဝင္ေရာက္လာေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ေမလ မွာ ရီးရဲလ္နဲ႔ ဒုတိယအႀကိမ္ေျမာက္လက္တြဲျဖဳတ္ခဲ့တဲ့ ဇီဒန္းဟာေဘာလုံးေလာကနဲ႔ အနည္းငယ္အဆက္အသြယ္ျပတ္ခဲ့ပါတယ္။

တနလၤာေန႔မွာေတာ့ ျပင္သစ္ႏိုင္ငံ၊ ပါရီ ၿမိဳ႕၊ ဂရီဗင္ျပတိုက္မွာ အသက္ ၅၀အ႐ြယ္ ဇီဒန္းရဲ႕ပုံတူ႐ုပ္ထုဖြင့္ပြဲလုပ္ခဲ့ၿပီး ျပင္သစ္ လက္ေ႐ြးစင္ေဟာင္းႀကီးက နည္းျပေလာကထဲျပန္ဝင္လာေတာ့မယ္လို႔ အရိပ္အႁမြက္ဆိုခဲ့ပါတယ္။

ဇီဒန္းဟာ ရီးရဲလ္ကို ခ်န္ပီယံလိဂ္သမိုင္းမွာ ၃ႏွစ္ဆက္တိုက္ဗိုလ္စြဲတဲ့ ပထမဆုံးအသင္းျဖစ္ေအာင္ဦးေဆာင္ေပးခဲ့သလို စပိန္ကလပ္နဲ႔လာလီဂါဆုလား ၂ႀကိမ္အျပင္ တစ္ဦးခ်င္းေအာင္ျမင္မႈအျဖစ္ ကမာၻ႔အေကာင္းဆုံးနည္းျပဆုကို ၂ႀကိမ္ ႏိုင္ရရွိခဲ့ပါတယ္။

RMC Sport နဲ႔ေတြ႕ဆုံမႈမွာ ဇီဒန္းက “နည္းျပဝတ္စုံကိုလြမ္းသလား။ အဲ့လိုေတာ့မဟုတ္ပါဘူး၊ ကြၽန္ေတာ္ျပန္လာဖို႔မေဝး ေတာ့ဘူး။

အခ်ိန္နည္းနည္းေလာက္ေပးခ်င္ေသးတယ္။ ငါနည္းျပေလာကထဲျပန္ဝင္ ဖို႔သိပ္မၾကာေတာ့ပါဘူး” လို႔ ဇီဒန္းက အသိေပးသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဇီဒန္းဟာ ပီအက္စ္ဂ်ီနည္းျပျဖစ္လာႏိုင္တယ္လို႔ထင္ေၾကးေပးေနၿပီး ကမာၻ႔ဖလား ၿပိဳင္ပြဲဝင္ျပင္သစ္အသင္းကိုတာဝန္ယူႏိုင္တယ္လို႔လည္း သတင္းထြက္ေနပါတယ္။