
ပီအက်စ်ဂျီမှာ ကစားနေတဲ့ အာဂျင်တီးနားလက်ရွေးစင် ပါရီဒက်စ်ဟာ အင်စတာဂရမ်မှာ
မက်ဆီ၊ ဒီမာရီဟာတိုနဲ့ အတူ ၃ ဦးတွဲပုံကို တင်လိုက်မိတာကြောင့်
မက်ဆီလည်း ပီအက်စ်ဂျီကစားဖော် ဘရာဇီးလက်ရွေးစင် နေမာရဲ့
ချစ်စနိုးနဲ့ ဆဲဆိုခြင်းကို ခံလိုက်ရပါတယ္။ ပါရီဒက်စ်ဟာ ဧည့်ခန်းအတွင်း
မက်ဆီ၊ ဒီမာရီယာတို့နဲ့အတူထိုင်ပြီး ရုပ်သံကြည့်၊ စားသောက်နေတဲ့ပုံကို
အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ဒါပေမယ့် ရိုးရိုးတင်ခဲ့တာမဟုတ်ဘဲ
သူတို့ဘေးနားမှာ ကိုပါဖလားကိုပါ ချထားတာပါ ပါဝင်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ကိုပါဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့
အိမ်ရှင်ဘရာဇီးဘရာဇီးရဲ့ တိုက်စစ်မှူးနေမာအတွက် ကျွဲမြီးတိုသွားစေခဲ့ပြီး
ပုံထဲမှာ မက်ဆီပါနေတာတောင်မှ မြေနိုးလေးတွေလို့ ဆဲရေးခဲ့တာဖြစ်ပါတယ်။
ပါရီဒက်စ်တင်လိုက်တဲ့ပုံအောက်မှာ နေမာက စပိန်ဘာသာနဲ့ Putos လို့
တစ်လုံးတည်းရေးသားတုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘာသာနဲ့ ****ing လို့
အဓိပ္ပါယ်ရပြီး “မြေနိုးတွေ” လို့ ရည်ရွယ်ပြောလိုက်တာလည်းဖြစ်ပါတယ်။
နေမာရေးသားတုံ့ပြန်လိုက်တဲ့စကားလုံးက ရိုင်းစိုင်းပေမယ့်
သူတို့ကလပ်အသင်းဖော်တွေကြားက ရင်းနှီးမှုနဲ့ နောက်ပြောင်မှုကို
စိတ်မဆိုးကြတဲ့ပုံပေါ်လွင်နေစေပါတယ်။
ဗီလာမှာကစားနေတဲ့အာဂျင်တီးနားဂိုးသမား မာတျိနက်ဇ်ကလည်း
ပါရီဒက်စ်ကလည်း ဝင်နောက်ပြီး မန့်ခဲ့ပါသေးတယ်။ ကိုပါဗိုလ်လုပွဲမှာ ဒီမာရီယာက
တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တာကို ရည်ညွန်းပြီး –
” ဘယ်လောက်တောင် ထိရှသွားတဲ့ပုံလေးလဲ?။ အိန်ဂျယ်ရေ
မင်းကတော့ ကစားဖော်ကို ရေတွေ ပိုလောင်းချလိုက်တာပဲ” လို့
ဝင်မန့်ခဲ့သလို စပါးက အာဂျင်တီးနားကစားသမား လိုဆယ်ဆိုကလည်း
ဒီပွဲမှာတော့ ဆေးထိုးပြီး မီးဝင်ရှို့မယ်ဆိုတဲ့သဘောနဲ့
မီးတောက် အီမိုဂျီးပုံတွေကို ဝင်မန့်ခဲ့ပါတယ်။
zawgyi
ပါရီဒက္စ္ရဲ႕ ပုံတင္ေကာင္းမႈက သုံးေယာက္လုံး ေနမာရဲ႕ ေျမႏိုးေလးေတြလို႔ ခ်စ္စႏိုးနဲ႔ ဆဲတာခံရ
ပီအက္စ္ဂ်ီမွာ ကစားေနတဲ့ အာဂ်င္တီးနားလက္ေ႐ြးစင္ ပါရီဒက္စ္ဟာ အင္စတာဂရမ္မွာ
မက္ဆီ၊ ဒီမာရီဟာတိုနဲ႔ အတူ ၃ ဦးတြဲပုံကို တင္လိုက္မိတာေၾကာင့္
မက္ဆီလည္း ပီအက္စ္ဂ်ီကစားေဖာ္ ဘရာဇီးလက္ေ႐ြးစင္ ေနမာရဲ႕
ခ်စ္စႏိုးနဲ႔ ဆဲဆိုျခင္းကို ခံလိုက္ရပါတယ္။ ပါရီဒက္စ္ဟာ ဧည့္ခန္းအတြင္း
မက္ဆီ၊ ဒီမာရီယာတို႔နဲ႔အတူထိုင္ၿပီး ႐ုပ္သံၾကည့္၊ စားေသာက္ေနတဲ့ပုံကို
အင္စတာဂရမ္မွာ တင္ခဲ့တာပါ။ ဒါေပမယ့္ ႐ိုး႐ိုးတင္ခဲ့တာမဟုတ္ဘဲ
သူတို႔ေဘးနားမွာ ကိုပါဖလားကိုပါ ခ်ထားတာပါ ပါဝင္ခဲ့ပါတယ္။
ဒါဟာ ၿပီးခဲ့တဲ့ကိုပါဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားကို ရႈံးနိမ့္ခဲ့တဲ့
အိမ္ရွင္ဘရာဇီးဘရာဇီးရဲ႕ တိုက္စစ္မႉးေနမာအတြက္ ကြၽဲၿမီးတိုသြားေစခဲ့ၿပီး
ပုံထဲမွာ မက္ဆီပါေနတာေတာင္မွ ေျမႏိုးေလးေတြလို႔ ဆဲေရးခဲ့တာျဖစ္ပါတယ္။
ပါရီဒက္စ္တင္လိုက္တဲ့ပုံေအာက္မွာ ေနမာက စပိန္ဘာသာနဲ႔ Putos လို႔
တစ္လုံးတည္းေရးသားတုံ႔ျပန္ခဲ့ပါတယ္။ ဒါဟာ အဂၤလိပ္ဘာသာနဲ႔ ****ing လို႔
အဓိပၸါယ္ရၿပီး “ေျမႏိုးေတြ” လို႔ ရည္႐ြယ္ေျပာလိုက္တာလည္းျဖစ္ပါတယ္။
ေနမာေရးသားတုံ႔ျပန္လိုက္တဲ့စကားလုံးက ႐ိုင္းစိုင္းေပမယ့္
သူတို႔ကလပ္အသင္းေဖာ္ေတြၾကားက ရင္းႏွီးမႈနဲ႔ ေနာက္ေျပာင္မႈကို
စိတ္မဆိုးၾကတဲ့ပုံေပၚလြင္ေနေစပါတယ္။
ဗီလာမွာကစားေနတဲ့အာဂ်င္တီးနားဂိုးသမား မာတ်ိနက္ဇ္ကလည္း
ပါရီဒက္စ္ကလည္း ဝင္ေနာက္ၿပီး မန္႔ခဲ့ပါေသးတယ္။ ကိုပါဗိုလ္လုပြဲမွာ ဒီမာရီယာက
တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တာကို ရည္ၫြန္းၿပီး –
” ဘယ္ေလာက္ေတာင္ ထိရွသြားတဲ့ပုံေလးလဲ?။ အိန္ဂ်ယ္ေရ
မင္းကေတာ့ ကစားေဖာ္ကို ေရေတြ ပိုေလာင္းခ်လိုက္တာပဲ” လို႔
ဝင္မန္႔ခဲ့သလို စပါးက အာဂ်င္တီးနားကစားသမား လိုဆယ္ဆိုကလည္း
ဒီပြဲမွာေတာ့ ေဆးထိုးၿပီး မီးဝင္ရႈိ႕မယ္ဆိုတဲ့သေဘာနဲ႔
မီးေတာက္ အီမိုဂ်ီးပုံေတြကို ဝင္မန္႔ခဲ့ပါတယ္။