ပုံစံကောင်းရနေတဲ့ နယူးကာဆယ်ကို မန်ယူ မနိုင်လောက်ဘူးဆိုတဲ့ ဘီဘီစီရဲ့ ဆပ်တန်

လာမယ့် တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ မန်ယူဟာ နယူးကာဆယ်ကို အနိုင်ရဖို့ အခွင့်အရေးမရှိဘူးလို့ ဘီဘီစီရဲ့ ပွဲ ကြို ခန့်မှန်းသူတစ်ယောက်ဖြစ်တဲ့ ခရစ္စဆပ်တန်က ဟောကိန်းထုတ်လိုက်ပါ တယ်။

ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး၊ ဗီလာတို့နဲ့အတူ ကစားသမားဘ၀ ဖြတ်သန်းခဲ့ဖူးတဲ့ ဒီအင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ မန်ယူနဲ့ နယူး ကာဆယ်တို့ရဲ့ပွဲစဉ်အတွက် စိတ်ဝင်စားစရာ သုံးသပ်ချက်တွေကို ချပြသွားခဲ့ ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ရ ခဲ့မယ်ဆိုရင်၊ တစ်ဖက်မှာလည်း ချဲလ်ဆီးက အခွင့်အရေးမယူနိုင်ခဲ့ဘူးဆိုရင် တော့ အဆင့် ၄ အတွင်းကို ဝင်တော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြအက် ဒီဟိုဝီရဲ့ ငှက်ကျားတွေကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့အသင်းပါ။

ဒါကြောင့် ဒီပွဲဟာ စိတ်ဝင်စားစရာတွေ နဲ့ ပြည့်နှက်နေတယ်လို့ ဆပ်တန်က ဆိုပါတယ်။ ‘’ဒီပွဲကို မန်ယူက အနိုင်ရ မယ်လို့ ကျွန်တော် မထင်ဘူး။

တစ်ခုတည်းသော မေးခွန်းက နယူးကာဆယ်ဟာ ရမှတ် ၃ မှတ်နဲ့အတူ အိမ်ပြန်မှာလား၊ ဒါမှမဟုတ် တစ်မှတ်ယူပြီး အိမ်ပြန်မှာလားဆိုတာပဲ။

ဒီလိုပြောလို့ မန်ယူဟာ နည်းပြတန်ဟတ်ရဲ့ လက် အောက်မှာ အလုပ်မဖြစ်ဘူးလို့တော့ ကျွန်တော် ဆိုလိုတာမဟုတ်ဘူး။ ဘာ ကြောင့်လဲဆိုတော့ သူတို့ အလုပ်ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်နှစ်သက်တာ နယူးကာဆယ်ပါ။

ဘာကြောင့်လဲဆိုတော့ သူတို့က ပြိုင်ဘက်တွေကို အသာစီးယူပြီး ဂိုးတွေလည်း သွင်းလာတယ်။

နောက်ဆုံး ၂ ပွဲမှာ ၉ ဂိုး သွင်း ထားတယ်။ အိုးလ်ထရက်ဖို့ဒ် ပွဲစဉ်မှာလည်း ငှက်ကျားနည်းပြ အက်ဒီဟိုဝီဟာ ချဉ်းကပ်ပုံ ပြောင်းလဲမယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဘာကြောင့်လဲဆို တော့ ဒါက သူ့ရဲ့ ပုံစံမှ မဟုတ်လို့ပါ။

ဒါကတော့ မန်ယူကို ကူညီကောင်း ကူညီနိုင်မယ့် အချက်မျိုး ဖြစ်လာပါလိမ့်မယ်။ ဆိုးတာက အသင်းတိုင်းဟာ သူတို့ရဲ့ ရလဒ်တွေကို စေ့စေ့စပ်စပ် ကြည့်ထားတာပါပဲ။

နောက်ပြီး အဲဒါကပဲ သူတို့ကို သေမြေကြီး ရှင်ရွှေထီး သဘောမျိုး အမြဲ ဖြစ်စေတာပဲ။ ကြားထဲမှာ ဘာမှ မရှိဘူး။ ဒါပေမဲ့လည်း ဒီတစ်ပတ်မှာတော့ ကြားချပြီး ပြောရမယ့်ဟာ မျိုးတွေ ရှိကောင်း ရှိလာနိုင်ပါတယ်’’ လို့ ဆပ်တန်က ဘီဘီစီရဲ့ ပွဲကြိုသုံး သပ်ချက်အစီအစဉ်မှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ပုံစံေကာင္းရေနတဲ့ နယူးကာဆယ္ကို မန္ယူ မႏိုင္ေလာက္ဘူးဆိုတဲ့ ဘီဘီစီရဲ႕ ဆပ္တန္

လာမယ့္ တနဂၤေႏြေန႔ အိုးလ္ထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္မွာ မန္ယူဟာ နယူးကာဆယ္ကို အႏိုင္ရဖို႔ အခြင့္အေရးမရွိဘူးလို႔ ဘီဘီစီရဲ႕ ပြဲ ႀကိဳ ခန႔္မွန္းသူတစ္ေယာက္ျဖစ္တဲ့ ခရစၥဆပ္တန္က ေဟာကိန္းထုတ္လိုက္ပါ တယ္။

ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီး၊ ဗီလာတို႔နဲ႔အတူ ကစားသမားဘ၀ ျဖတ္ သန္းခဲ့ဖူးတဲ့ ဒီအဂၤလန္လက္ေ႐ြးစင္ ကစားသမားေဟာင္းဟာ မန္ယူနဲ႔ နယူး ကာဆယ္တို႔ရဲ႕ပြဲစဥ္အတြက္ စိတ္ဝင္စားစရာ သုံးသပ္ခ်က္ေတြကို ခ်ျပသြားခဲ့ ပါတယ္။

နည္းျပ အဲရစ္တန္ဟတ္ရဲ႕ အသင္းဟာ လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရွိေနၿပီး နယူးကာဆယ္နဲ႔ပြဲမွာ အႏိုင္ရ ခဲ့မယ္ဆိုရင္၊ တစ္ဖက္မွာလည္း ခ်ဲလ္ဆီးက အခြင့္အေရးမယူႏိုင္ခဲ့ဘူးဆိုရင္ ေတာ့ အဆင့္ ၄ အတြင္းကို ဝင္ေတာ့မွာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ နည္းျပအက္ ဒီဟိုဝီရဲ႕ ငွက္က်ားေတြကလည္း ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲ ဆက္တိုက္ အႏိုင္ရထားတဲ့အသင္းပါ။ ဒါေၾကာင့္ ဒီပြဲဟာ စိတ္ဝင္စားစရာေတြ နဲ႔ ျပည့္ႏွက္ေနတယ္လို႔ ဆပ္တန္က ဆိုပါတယ္။ ‘’ဒီပြဲကို မန္ယူက အႏိုင္ရ မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။

တစ္ခုတည္းေသာ ေမးခြန္းက နယူးကာဆယ္ ဟာ ရမွတ္ ၃ မွတ္နဲ႔အတူ အိမ္ျပန္မွာလား၊ ဒါမွမဟုတ္ တစ္မွတ္ယူၿပီး အိမ္ ျပန္မွာလားဆိုတာပဲ။ ဒီလိုေျပာလို႔ မန္ယူဟာ နည္းျပတန္ဟတ္ရဲ႕ လက္ ေအာက္မွာ အလုပ္မျဖစ္ဘူးလို႔ေတာ့ ကြၽန္ေတာ္ ဆိုလိုတာမဟုတ္ဘူး။ ဘာ ေၾကာင့္လဲဆိုေတာ့ သူတို႔ အလုပ္ျဖစ္ေနတယ္။

ဒါေပမဲ့ ကြၽန္ေတာ္ႏွစ္သက္ တာ နယူးကာဆယ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ၿပိဳင္ဘက္ေတြကို အသာစီးယူၿပီး ဂိုးေတြလည္း သြင္းလာတယ္။ ေနာက္ဆုံး ၂ ပြဲမွာ ၉ ဂိုး သြင္း ထားတယ္။

အိုးလ္ထရက္ဖို႔ဒ္ ပြဲစဥ္မွာလည္း ငွက္က်ားနည္းျပ အက္ဒီဟိုဝီဟာ ခ်ဥ္းကပ္ပုံ ေျပာင္းလဲမယ္လို႔ ကြၽန္ေတာ္ မျမင္မိပါဘူး။ ဘာေၾကာင့္လဲဆို ေတာ့ ဒါက သူ႔ရဲ႕ ပုံစံမွ မဟုတ္လို႔ပါ။ ဒါကေတာ့ မန္ယူကို ကူညီေကာင္း ကူညီႏိုင္မယ့္ အခ်က္မ်ိဳး ျဖစ္လာပါလိမ့္မယ္။

ဆိုးတာက အသင္းတိုင္းဟာ သူတို႔ရဲ႕ ရလဒ္ေတြကို ေစ့ေစ့စပ္စပ္ ၾကည့္ထားတာပါပဲ။ ေနာက္ၿပီး အဲဒါကပဲ သူတို႔ကို ေသေျမႀကီး ရွင္ေ႐ႊထီး သေဘာမ်ိဳး အၿမဲ ျဖစ္ေစတာပဲ။ ၾကားထဲမွာ ဘာမွ မရွိဘူး။ ဒါေပမဲ့လည္း ဒီတစ္ပတ္မွာေတာ့ ၾကားခ်ၿပီး ေျပာရမယ့္ဟာ မ်ိဳးေတြ ရွိေကာင္း ရွိလာႏိုင္ပါတယ္’’ လို႔ ဆပ္တန္က ဘီဘီစီရဲ႕ ပြဲႀကိဳသုံး သပ္ခ်က္အစီအစဥ္မွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။