ပုပ်ရဟန်းမင်းကြီးကို စပရိုက်တိုက်တဲ့ ရော်နယ်ဒိုရဲ့အမေ

ရော်နယ်ဒိုရဲ့ဂျာစီ ကို အမေဖြစ်သူက လက်ဆောင်ပေးချိန် ပုပ်ရဟန်းမင်းကြီး အံ့အားသင့်

ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူဟာ ရောမက ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးနဲ့

မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရခဲ့ပြီး ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဂျာစီတစ်ထည်ကို

ပေးအပ်ခဲ့ပါတယ်။

ဒီလိုပေးအပ်ခဲ့ချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့

မျက်နှာအနေအထားက အံ့အားသင့်နေဟန်ပေါက်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့မိခင်ကပုပ်ရဟန်းမင်းကြီးထံသို့သွားရောက်ဝတ်ပြုမှုနဲ့အတူ

ယူနိုက်တက်စတားဟာငါးပွဲဆက်ဂိုးပေါက်ပျောက်မှုအဆုံးသတ်ဖို့

မျှော်လင့်နေမှာသေချာနေပါတယ်။

ယူနိုက်တက်စတားဟာကြားရက်တုန်းကဘန်လေနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်လည်

းဂိုးပေါက်ပျောက်ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး

ဂိုးပေါက်ပျောက်မှုနဲ့ကြုံခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့မိခင်ဒိုလိုရက်စ်အေဗီရိုဟာ

ဗုဒ္ဓဟူးနေ့တုန်းကဗာတီကန်သို့သွားရောက်ကာပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံပြီး

သားဖြစ်သူကံကောင်းလာဖို့ ဆုတောင်းခဲ့ပါတယ်။

အာဂျင်တီးနားသားပုပ်ရဟန်းမင်းကြီးဟာဘောလုံးပရိသတ်တစ်ဦးဖြစ်ပါတယ်။

ရော်နယ်ဒိုတစ်ယောက် ကံကောင်းပြီး ဂိုးပေါက်ပြန်တွေ့ ၊ဂိုးသွင်းနိုင်ပါစေ။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၂၅ပွဲကစားထားရာမှာ၁၄ဂိုးသွင်းယူထားနိုင်ပါတယ်။

Zawgyi




ပေးအပ်ခဲ့ပါတယ်။

 











 


