
ယူကရိန်းသမ္မတဇီလင်စကီးက သူဟာ ပုန်းအောင်းနေတာ မဟုတ်သလို
ဘယ်သူ့ကိုမှလည်း မကြောက်ကြောင်းဆိုကာ
မြို့တော်ကိဗ်က သူ့နေရာကို ဖွင့်ဟလိုက်ပါတယ်။
ကိဗ်မြို့ ဘန်ကိုဗာလမ်းမှာရှိတဲ့ သူ့ရုံးခန်းကနေ ဗီဒီယိုမက်ဆေ့ချ်နဲ့ ပြောရာမှာ
ဇီလင်စကီးက လိုအပ်သလောက် အဲဒီမှာ ဆက်ရှိနေမှာဖြစ်ကြောင်း၊
သူ့အဖွဲ့နဲ့အတူ အတူရှိနေတာဖြစ်ကြောင်း ဆိုခဲ့တာပါ။
မစ္စတာဇီလင်စကီးဟာ သူ့နိုင်ငံကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပြီး
ရုရှားရဲ့ကျူးကျော်မှုကို တိုင်းသူပြည်သားတွေနဲ့အတူ ကြံ့ကြံ့ခံနေတာဖြစ်ပါတယ်။
အရင်ကတော့ သူဟာ မြို့တော်ကိဗ်က တစ်နေရာရာမှာ
ပုန်းအောင်နေတယ်လို့ သတင်းထွက်ခဲ့သေးတာပါ။
”ကျွန်တော် ဒီမှာ ရှိနေတာပါ။ ကိဗ်မှာပဲ ဆက်ရှိနေပါတယ်။
ဘန်ကိုဗာလမ်းမှာပါ။ ကျွန်တော် ပုန်းမနေပါဘူး။
ပြီးတော့ ဘယ်သူ့ကိုမှလည်း မကြောက်ပါဘူး။
ကျွန်တော်တို့ရဲ့မျိုးချစ်စိတ်ထက်သန်တဲ့စစ်ပွဲမှာ အနိုင်ရဖို့အတွက်
လိုအပ်သလောက်ကို ဒီမှာပဲ ရှိနေမှာ ဖြစ်ပါတယ်”လို့
ဗီဒီယိုမက်ဆေ့ချ်မှာ ဇီလင်စကီးက ပြောခဲ့တာပါ။
လောလောဆယ် ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ
နှစ်ပတ်တာနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရုရှားဟာ ကြည်း၊ ရေ၊ လေ ၃ ခုစလုံးနဲ့ ယူကရိန်းတစ်နိုင်ငံလုံးက
ပစ်မှတ်တွေအားလုံးကို တိုက်ခိုက်ခဲ့တာပါ။
ဒါပေမဲ့ ရုရှားရဲ့ထိုးစစ်ဆင်နေမှုဟာ အားပျော့သွားသလို
ကျူးကျော်သူတွေဟာ စိတ်ဓာတ်ကျနေကြောင်းလည်း
ယူကရိန်းစစ်တပ်က ပြောပါတယ်။
လက်ရှိအချိန်ထိတော့ ရုရှားရဲ့ကျူးကျော်စစ်ပွဲကြောင့်
အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့
ယူကရိန်းပြည်သူပေါင်း ၂ သန်းကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာလည်း ရုရှားက ကျဲချတဲ့ဗုံးတွေကြောင့်
အရပ်သားသေဆုံးမှုတွေ နေ့စဉ်ရှိနေတာပါ။
zawgyi
ပုန္းမေနပါဘူး။ ဘယ္သူ႔ကိုမွလည္း မေၾကာက္ပါဘူး။ မ်ိဳးခ်စ္စိတ္ထက္သန္တဲ့စစ္ပြဲမွာ အႏိုင္ရဖို႔အတြက္ ဒီမွာပဲ ရွိေနမွာဆိုတဲ့ ယူကရိန္းသမၼတ
ယူကရိန္းသမၼတဇီလင္စကီးက သူဟာ ပုန္းေအာင္းေနတာ မဟုတ္သလို
ဘယ္သူ႔ကိုမွလည္း မေၾကာက္ေၾကာင္းဆိုကာ
ၿမိဳ႕ေတာ္ကိဗ္က သူ႔ေနရာကို ဖြင့္ဟလိုက္ပါတယ္။
ကိဗ္ၿမိဳ႕ ဘန္ကိုဗာလမ္းမွာရွိတဲ့ သူ႔႐ုံးခန္းကေန ဗီဒီယိုမက္ေဆ့ခ်္နဲ႔ ေျပာရာမွာ
ဇီလင္စကီးက လိုအပ္သေလာက္ အဲဒီမွာ ဆက္ရွိေနမွာျဖစ္ေၾကာင္း၊
သူ႔အဖြဲ႕နဲ႔အတူ အတူရွိေနတာျဖစ္ေၾကာင္း ဆိုခဲ့တာပါ။
မစၥတာဇီလင္စကီးဟာ သူ႔ႏိုင္ငံကေန ထြက္ခြာဖို႔ ျငင္းဆန္ခဲ့ၿပီး
႐ုရွားရဲ႕က်ဴးေက်ာ္မႈကို တိုင္းသူျပည္သားေတြနဲ႔အတူ ႀကံ့ႀကံ့ခံေနတာျဖစ္ပါတယ္။
အရင္ကေတာ့ သူဟာ ၿမိဳ႕ေတာ္ကိဗ္က တစ္ေနရာရာမွာ
ပုန္းေအာင္ေနတယ္လို႔ သတင္းထြက္ခဲ့ေသးတာပါ။
”ကြၽန္ေတာ္ ဒီမွာ ရွိေနတာပါ။ ကိဗ္မွာပဲ ဆက္ရွိေနပါတယ္။
ဘန္ကိုဗာလမ္းမွာပါ။ ကြၽန္ေတာ္ ပုန္းမေနပါဘူး။
ၿပီးေတာ့ ဘယ္သူ႔ကိုမွလည္း မေၾကာက္ပါဘူး။
ကြၽန္ေတာ္တို႔ရဲ႕မ်ိဳးခ်စ္စိတ္ထက္သန္တဲ့စစ္ပြဲမွာ အႏိုင္ရဖို႔အတြက္
လိုအပ္သေလာက္ကို ဒီမွာပဲ ရွိေနမွာ ျဖစ္ပါတယ္”လို႔
ဗီဒီယိုမက္ေဆ့ခ်္မွာ ဇီလင္စကီးက ေျပာခဲ့တာပါ။
ေလာေလာဆယ္ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈဟာ
ႏွစ္ပတ္တာနီးပါး ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။
႐ုရွားဟာ ၾကည္း၊ ေရ၊ ေလ ၃ ခုစလုံးနဲ႔ ယူကရိန္းတစ္ႏိုင္ငံလုံးက
ပစ္မွတ္ေတြအားလုံးကို တိုက္ခိုက္ခဲ့တာပါ။
ဒါေပမဲ့ ႐ုရွားရဲ႕ထိုးစစ္ဆင္ေနမႈဟာ အားေပ်ာ့သြားသလို
က်ဴးေက်ာ္သူေတြဟာ စိတ္ဓာတ္က်ေနေၾကာင္းလည္း ယူကရိန္းစစ္တပ္က ေျပာပါတယ္။
လက္ရွိအခ်ိန္ထိေတာ့ ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ပြဲေၾကာင့္
အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပးခဲ့ၾကတဲ့
ယူကရိန္းျပည္သူေပါင္း ၂ သန္းေက်ာ္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။
ႏိုင္ငံအတြင္းမွာလည္း ႐ုရွားက က်ဲခ်တဲ့ဗုံးေတြေၾကာင့္
အရပ္သားေသဆုံးမႈေတြ ေန႔စဥ္ရွိေနတာပါ။