ပီအက်စ်ဗွီနည်းပြဖြစ်လာဖို့ လျာထားခံထားရတဲ့ နစ္စတယ်ရွိုင်း

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ရာသီသစ်မှာ ပီအက်စ်ဗွီနည်းပြအဖြစ်
ခန့်အပ်ခံရဖို့ လျာထားခံထားရကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ပီအက်စ်ဗွီအရန်အသင်းနည်းပြအဖြစ်
တာဝန်ယူနေတဲ့ နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့နွေရာသီအထိ
အသင်းရဲ့ ယူ-၁၈အသင်းနည်းပြအဖြစ် ၃နှစ်ကြာ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာလည်း
လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပေမယ့်
နည်းပြချုပ်အဖြစ်တော့ တစ်ခါမှမဆောင်ရွက်ဖူးသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် နယ်သာလန်သတင်းဌာန ED ရဲ့ဖော်ပြချက်အရ
ပီအက်စ်ဗွီဟာ အသင်းကနေ ထွက်ခွာတော့မယ့်

နည်းပြ ရော်ဂျာရှမစ်ရဲ့နေရာမှာ အစားထိုးဖို့
နစ္စတယ်ရွိုင်းကို ဦးစားပေးပစ်မှတ်အဖြစ် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ရှမစ်ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ရပြီးနောက်
ယခုရာသီအကုန်မှာ အသင်းကနေ
ထွက်ခွာတော့မယ်လို့ အတည်ပြုထားပါတယ်။

ပီအက်စ်ဗွီဟာ လက်ရှိအချိန် နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ
ဒုတိယနေရာ ရောက်နေပြီး ထိပ်ဆုံးက အေဂျက်စ်နဲ့ ၂မှတ်ပဲကွာဟနေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ
ပီအက်စ်ဗွီအသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာတော့မယ့်
အဲဗာတန် ဘောလုံးဒါရိုက်တာဟောင်း မာဆယ်ဘရန်းစ်ကလည်း

နစ္စတယ်ရွိုင်းကို ပီအက်စ်ဗွီနည်းပြသစ်အဖြစ် ထောက်ခံထားတယ်လို့ သိရပါတယ်။

Zawgyi

ပီအက္စ္ဗီြနည္းျပျဖစ္လာဖို႔ လ်ာထားခံထားရတဲ့ နစၥတယ္ရြိဳင္း

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဂႏၳ၀င္တုိက္စစ္မွဴး
ရုဒ္ဗန္နစၥတယ္ရြိဳင္းဟာ ရာသီသစ္မွာ ပီအက္စ္ဗီြနည္းျပအျဖစ္
ခန္႔အပ္ခံရဖို႔ လ်ာထားခံထားရေၾကာင္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ ပီအက္စ္ဗီြအရန္အသင္းနည္းျပအျဖစ္
တာ၀န္ယူေနတဲ့ နစၥတယ္ရြိဳင္းဟာ ၿပီးခ့ဲ့တဲ့ေႏြရာသီအထိ

အသင္းရဲ႕ ယူ-၁၈အသင္းနည္းျပအျဖစ္ ၃ႏွစ္ၾကာ တာ၀န္ယူခဲ့တာျဖစ္ပါတယ္။
နစၥတယ္ရြိဳင္းဟာ နယ္သာလန္လက္ေရြးစင္အသင္းမွာလည္း
လက္ေထာက္နည္းျပအျဖစ္ တာ၀န္ယူခဲ့ဖူးေပမယ့္
နည္းျပခ်ဳပ္အျဖစ္ေတာ့ တစ္ခါမွမေဆာင္ရြက္ဖူးေသးပါဘူး။
ဘယ္လုိပဲျဖစ္ျဖစ္ နယ္သာလန္သတင္းဌာန ED ရဲ႕ေဖာ္ျပခ်က္အရ

ပီအက္စ္ဗီြဟာ အသင္းကေန ထြက္ခြာေတာ့မယ့္
နည္းျပ ေရာ္ဂ်ာရွမစ္ရဲ႕ေနရာမွာ အစားထိုးဖို႔
နစၥတယ္ရြိဳင္းကို ဦးစားေပးပစ္မွတ္အျဖစ္ ပစ္မွတ္ထားေနတယ္လုိ႔ သိရပါတယ္။
ရွမစ္ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ အဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္
ယခုရာသီအကုန္မွာ အသင္းကေန

ထြက္ခြာေတာ့မယ္လုိ႔ အတည္ျပဳထားပါတယ္။
ပီအက္စ္ဗီြဟာ လက္ရွိအခ်ိန္ နယ္သာလန္အမွတ္ေပးၿပိဳင္ပြဲမွာ
ဒုတိယေနရာ ေရာက္ေနၿပီး ထိပ္ဆုံးက ေအဂ်က္စ္နဲ႔ ၂မွတ္ပဲကြာဟေနပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ လာမယ့္ေႏြရာသီမွာ
ပီအက္စ္ဗီြအသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္လာေတာ့မယ့္

အဲဗာတန္ ေဘာလုံးဒါရိုက္တာေဟာင္း မာဆယ္ဘရန္းစ္ကလည္း
နစၥတယ္ရြိဳင္းကို ပီအက္စ္ဗီြနည္းျပသစ္အျဖစ္ ေထာက္ခံထားတယ္လုိ႔ သိရပါတယ္။