
ဒီရာသီကမှ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ
တစ်နှစ်အကြာမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့
ဘာစီလိုနာကစားသမားဟောင်းတစ်ဦးက ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီကို ဘာစီလိုနာကနေ
အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဂူးပြိုင်ပွဲမှာ
၁၁ ပွဲကစားအပြီး ၁ ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ မက်ဆီက ခြေစွမ်းပြနေခဲ့ပြီး
သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ အသင်းကို
နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီသာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရခဲ့ဘူးဆိုရင်တော့
မက်ဆီက ပြင်သစ်မြေကို ချက်ချင်းစွန့်ခွာသွားလိမ့်မယ်လို့
ဘာကာကွင်းလယ်လူဟောင်း လိုဘိုကာရက်စ်ကိုက ပြောဆိုလိုက်ပါတယ်။
ကာရက်စ်ကို က “မက်ဆီဟာ ဘာစီလိုနာမှာ သူရယူနိုင်ခဲ့တဲ့
အောင်မြင်မှုတွေကို အမြဲတမ်း တမ်းတလွမ်းဆွတ် နေမှာ ဖြစ်ပါတယ်။
အကယ်၍ ပီအက်စ်ဂျီမှာ သူအောင်မြင်မှု ရခဲ့မယ် ဆိုရင်…အောင်မြင်မှု ဆိုတာ
ချန်ပီယံလိဂ်ဖလား ဆွတ်ခူး နိုင်တာကို ပြောတာပါ။
အဲဒီလိုမျိုး ဆိုရင် သူဟာ ပီအက်စ်ဂျီမှာ နောက်တစ်နှစ် ဆက်နေနိုင်ပါတယ်။”
“အကယ်၍ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ဖလား မဆွတ်ခူး နိုင်ခဲ့ဘူး ဆိုရင်တော့
သူဟာ ပဲရစ် ကနေ ထွက်ခွာဖို့ ကြိုးစား သွားနိုင်ပါတယ်။
အားကစား အမြင်အရ ကြည့်မယ် ဆိုရင် မက်ဆီ အနေနဲ့
ဘာစီလိုနာ ကနေ ပီအက်စ်ဂျီကို ထွက်ခွာ ခဲ့တဲ့ အပေါ်
နောင်တ ရလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။
ဒါပေမယ့် ပုဂ္ဂိုလ်ရေး အမြင်အရ ကြည့်မယ် ဆိုရင်
သူ အမှား လုပ်ခဲ့တယ် ဆိုတာကို ကိုယ့်ကိုယ်ကို
သဘောပေါက် ပါလိမ့်မယ်။” လို့ ပြောဆိုလိုက်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက ဘလွန်းဒီအောဆုကို ၇ ကြိမ်မြောက်
ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း လီဂူးဝမ်းမှာတော့
ရုန်းကန် နေရတာကို တွေ့ရပါတယ်။ ပီအက်စ်ဂျီတို့ ပြီးခဲ့တဲ့ နွေရာသီက
မက်ဆီ အမ်ဘက်ပေ နဲ့ နေမာ အတွဲကို တည်ဆောက်နိုင်ခဲ့ပြီးနောက်
လီဂူးဝမ်း ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလားကို
ကောင်းစွာ စိန်ခေါ်နိုင်လိမ့်မယ်လို့ အားလုံး ယူဆထားခဲ့ကြပါတယ်။
zawgyi
ပီအက္စ္ဂ်ီသာ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈမရခဲ့ဘူးဆိုရင္ မက္ဆီ ခ်က္ခ်င္းစြန႔္ခြာသြားလိမ့္မယ္
ဒီရာသီကမွ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ မက္ဆီဟာ
တစ္ႏွစ္အၾကာမွာပဲ အသင္းကေန ျပန္လည္ထြက္ခြာသြားႏိုင္တယ္လို႔
ဘာစီလိုနာကစားသမားေဟာင္းတစ္ဦးက ေျပာဆိုလိုက္ပါတယ္။
အသက္ ၃၄ ႏွစ္အ႐ြယ္ကစားသမားဟာ ပီအက္စ္ဂ်ီကို ဘာစီလိုနာကေန
အလြတ္ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး လီဂူးၿပိဳင္ပြဲမွာ
၁၁ ပြဲကစားအၿပီး ၁ ဂိုးတည္းသာ သြင္းယူထားႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ခ်န္ပီယံလိဂ္မွာေတာ့ မက္ဆီက ေျခစြမ္းျပေနခဲ့ၿပီး
သြင္းဂိုး ၅ ဂိုးအထိ သြင္းယူေပးထားခဲ့ကာ အသင္းကို
ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ကူညီေပးခဲ့ပါတယ္။
ဒါေပမယ့္ ပီအက္စ္ဂ်ီသာ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈမရခဲ့ဘူးဆိုရင္ေတာ့
မက္ဆီက ျပင္သစ္ေျမကို ခ်က္ခ်င္းစြန႔္ခြာသြားလိမ့္မယ္လို႔
ဘာကာကြင္းလယ္လူေဟာင္း လိုဘိုကာရက္စ္ကိုက ေျပာဆိုလိုက္ပါတယ္။
ကာရက္စ္ကို က “မက္ဆီဟာ ဘာစီလိုနာမွာ သူရယူႏိုင္ခဲ့တဲ့
ေအာင္ျမင္မႈေတြကို အၿမဲတမ္း တမ္းတလြမ္းဆြတ္ ေနမွာ ျဖစ္ပါတယ္။
အကယ္၍ ပီအက္စ္ဂ်ီမွာ သူေအာင္ျမင္မႈ ရခဲ့မယ္ ဆိုရင္…ေအာင္ျမင္မႈ ဆိုတာ
ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူး ႏိုင္တာကို ေျပာတာပါ။
အဲဒီလိုမ်ိဳး ဆိုရင္ သူဟာ ပီအက္စ္ဂ်ီမွာ ေနာက္တစ္ႏွစ္ ဆက္ေနႏိုင္ပါတယ္။”
“အကယ္၍ ပီအက္စ္ဂ်ီတို႔ ခ်န္ပီယံလိဂ္ဖလား မဆြတ္ခူး ႏိုင္ခဲ့ဘူး ဆိုရင္ေတာ့
သူဟာ ပဲရစ္ ကေန ထြက္ခြာဖို႔ ႀကိဳးစား သြားႏိုင္ပါတယ္။
အားကစား အျမင္အရ ၾကည့္မယ္ ဆိုရင္ မက္ဆီ အေနနဲ႔
ဘာစီလိုနာ ကေန ပီအက္စ္ဂ်ီကို ထြက္ခြာ ခဲ့တဲ့ အေပၚ
ေနာင္တ ရလိမ့္မယ္လို႔ ကြၽန္ေတာ္ မထင္မိပါဘူး။
ဒါေပမယ့္ ပုဂၢိဳလ္ေရး အျမင္အရ ၾကည့္မယ္ ဆိုရင္
သူ အမွား လုပ္ခဲ့တယ္ ဆိုတာကို ကိုယ့္ကိုယ္ကို
သေဘာေပါက္ ပါလိမ့္မယ္။” လို႔ ေျပာဆိုလိုက္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာက ဘလြန္းဒီေအာဆုကို ၇ ႀကိမ္ေျမာက္
ဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္း လီဂူးဝမ္းမွာေတာ့
႐ုန္းကန္ ေနရတာကို ေတြ႕ရပါတယ္။ ပီအက္စ္ဂ်ီတို႔ ၿပီးခဲ့တဲ့ ေႏြရာသီက
မက္ဆီ အမ္ဘက္ေပ နဲ႔ ေနမာ အတြဲကို တည္ေဆာက္ႏိုင္ခဲ့ၿပီးေနာက္
လီဂူးဝမ္း ကလပ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ဖလားကို
ေကာင္းစြာ စိန္ေခၚႏိုင္လိမ့္မယ္လို႔ အားလုံး ယူဆထားခဲ့ၾကပါတယ္။