ပီအက်စ်ဂျီမှာ ၃ နှစ် ကစားပြီးရင် အမ်ဘာပီ အသင်းပိုင်ရှင်လုပ်လို့ရပြီ…

ဒီနှစ်ကမ္ဘာ့ဖလားအပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့နိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့ အမ်ဘာပီနဲ့ ပတ်သက်ပြီး

ပြင်သစ်သတင်းစာ Le Parisien က ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့စာချုပ် အကြောင်းကို အများသိအောင် ဖွင့်ချလာပါတယ်။

ဒီစာချုပ် အရဆိုရင်တော့ အမ်ဘာပီဟာ ပီအက်စ်ဂျီကနေ ကုတ်နဲ့ကော်ထုတ်ရင်တောင် ထွက်မှာ မဟုတ်လောက်တော့ပါဘူး။

အမ်ဘာပီဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက် အသင်းဖြစ်တဲ့ ကြယ်စင်စုကလပ်ရီးရဲလ်ဆီကို ပြီးခဲ့တဲ့ဇွန်လမှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့်

ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်တိုးမြှင့်ချုပ်ဆိုခဲ့လိုက်ပါတယ်။

အားကစားသမားတွေရရှိဖူးသမျှထဲမှာ အမြင့်ဆုံးစာချုပ်တစ်ရပ်ဖြစ်နိုင်လိမ့်မယ်ဆိုပြီး ထင်ကြေးတွေပေးခဲ့ကြပေမယ့်

Le Parisien ဆီကနေ စာချုပ်ပါအချက်အလက်တစ်ချို့ကို သိရှိလာချိန်မှာတော့ အံသြစရာဖြစ်စေခဲ့ပါတယ်။

အမ်ဘာပီဟာ စာချုပ်သစ်အရ ယခင်လစာရဲ့ ၃ ဆနီးပါးရှိတဲ့ တစ်လ ယူရို ၆ သန်း ကို စာချုပ်သက်တမ်းတလျှောက်လုံးမှာ ခံစားခွင့်ရမှာဖြစ်ပြီး

ပီအက်စ်ဂျီဘက်က ထပ်ဆောင်းအပိုဆုကြေး ယူရိုသန်း ၁၈၀ ကို အရစ်ကျအဖြစ် ၃ ကြိမ်ခွဲပေးသွားမှာဖြစ်ပြီး

ဇူလိုင်လရောက်တိုင်း ယူရိုသန်း ၆၀ကို ပြင်သစ်တိုက်စစ်မှူးက ရရှိမှာဖြစ်တယ်။

(၃)နှစ်မပြည့်ခင်မှာ အမ်ဘာပီ အသင်းကထွက်ခွာသွားခဲ့ရင်လည်း စာချုပ် သဘောတူညီချက်အရ

အပိုဆုကြေး ယူရိုသန်း (၁၈၀) ကို အပြည့် ပေးချေရမယ်ဆိုတာလည်းပါရှိပါသေးတယ်။

စာချုပ်က ရှယ်ပဲ…အမ်ဘာပီ အမေက တော်ချက်…

ဒီစာချုပ်မှာ အမ်ဘာပီအနေနဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတာ၊ သူ ဘော်လွန်းဒီအော်မှာ ဆုရတာတွေနဲ့ ပတ်သက်လို့တော့

သီးခြားအပိုဆုကြေးမပါဝင်ဘူးလို့တော့ ယူဆရပါတယ်။ အဲ့ဒါကိုတော့ လျှော်ပေးလိုက်တာဖြစ်နိုင်ပါတယ်။

အမိုက်စားဖြစ်စေတဲ့ အချက်ကတော့ စာချုပ်မှာပါတဲ့ သစ္စာစောင့်သိကြေး ကနေရလာမယ့် ဆုကြေးတွေပါပဲ။

အမ်ဘာပီအနေနဲ့လာမယ့် နွေရာသီအကုန်မှာ အသင်းနဲ့ဆက်ရှိနေမယ်ဆိုရင် သစ္စာစောင့်သိကြေး ယူရိုသန်း ၇၀ ရရှိမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့အတူ ဆက်ရှိနေမယ့်ရာသီတိုင်းအတွက် ယူရို ၁၀ သန်း ထပ်တိုးရရှိသွားမှာဖြစ်တဲ့အတွက်

ဒုတိယရာသီမှာ သစ္စာစောင့်သိကြေးက ယူရိုသန်း ၈၀ဖြစ်သွားဖို့ရှိပြီး တတိယရာသီမှာ ယူရိုသန်း ၉၀ ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် စာချုပ်အတိုင်း ပါရီကလပ်မှာ (၃)နှစ် ဆက်ရှိနေခဲ့မယ်ဆိုရင် အမ်ဘာပီဟာ

ပရီးမီးယားလိဂ်အသင်းတစ်သင်းကိုတောင် ဝယ်နိုင်တဲ့လုပ်ခလစာ( ပေါင် ၅၅၇ သန်း ) ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ တန်ဖိုးအရှိဆုံးအသင်းက မန်ယူဖြစ်ပြီး ပေါင် သန်း ၃၄၇၆ ရှိနေတာပါ။

ဒါပေမဲ့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ လက်စတာတို့လို အလယ်အလတ်အသင်းတွေရဲ့တန်ဖိုးကတော့ ပေါင် သန်း ၃၀၀ ကျော် ၄၀၀ နီးပါးသာရှိနေတာပါ။

zawgyi

ပီအက္စ္ဂ်ီမွာ ၃ ႏွစ္ ကစားၿပီးရင္ အမ္ဘာပီ အသင္းပိုင္ရွင္လုပ္လို႔ရၿပီ…

ဒီႏွစ္ကမာၻ႔ဖလားအၿပီး ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းေ႐ႊ႕ႏိုင္တယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့တဲ့ အမ္ဘာပီနဲ႔ ပတ္သက္ၿပီး

ျပင္သစ္သတင္းစာ Le Parisien က ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ အေၾကာင္းကို အမ်ားသိေအာင္ ဖြင့္ခ်လာပါတယ္။

ဒီစာခ်ဳပ္ အရဆိုရင္ေတာ့ အမ္ဘာပီဟာ ပီအက္စ္ဂ်ီကေန ကုတ္နဲ႔ေကာ္ထုတ္ရင္ေတာင္ ထြက္မွာ မဟုတ္ေလာက္ေတာ့ပါဘူး။

အမ္ဘာပီဟာ သူ႔ရဲ႕ ငယ္ဘဝအိပ္မက္ အသင္းျဖစ္တဲ့ ၾကယ္စင္စုကလပ္ရီးရဲလ္ဆီကို ၿပီးခဲ့တဲ့ဇြန္လမွာ အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခြင့္ရခဲ့ေပမယ့္

ဒီအခြင့္အေရးကို လက္လႊတ္ခဲ့ၿပီး ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္တိုးျမႇင့္ခ်ဳပ္ဆိုခဲ့လိုက္ပါတယ္။

အားကစားသမားေတြရရွိဖူးသမွ်ထဲမွာ အျမင့္ဆုံးစာခ်ဳပ္တစ္ရပ္ျဖစ္ႏိုင္လိမ့္မယ္ဆိုၿပီး ထင္ေၾကးေတြေပးခဲ့ၾကေပမယ့္

Le Parisien ဆီကေန စာခ်ဳပ္ပါအခ်က္အလက္တစ္ခ်ိဳ႕ကို သိရွိလာခ်ိန္မွာေတာ့ အံၾသစရာျဖစ္ေစခဲ့ပါတယ္။

အမ္ဘာပီဟာ စာခ်ဳပ္သစ္အရ ယခင္လစာရဲ႕ ၃ ဆနီးပါးရွိတဲ့ တစ္လ ယူ႐ို ၆ သန္း ကို စာခ်ဳပ္သက္တမ္းတေလွ်ာက္လုံးမွာ ခံစားခြင့္ရမွာျဖစ္ၿပီး

ပီအက္စ္ဂ်ီဘက္က ထပ္ေဆာင္းအပိုဆုေၾကး ယူ႐ိုသန္း ၁၈၀ ကို အရစ္က်အျဖစ္ ၃ ႀကိမ္ခြဲေပးသြားမွာျဖစ္ၿပီး

ဇူလိုင္လေရာက္တိုင္း ယူ႐ိုသန္း ၆၀ကို ျပင္သစ္တိုက္စစ္မႉးက ရရွိမွာျဖစ္တယ္။

(၃)ႏွစ္မျပည့္ခင္မွာ အမ္ဘာပီ အသင္းကထြက္ခြာသြားခဲ့ရင္လည္း စာခ်ဳပ္ သေဘာတူညီခ်က္အရ

အပိုဆုေၾကး ယူ႐ိုသန္း (၁၈၀) ကို အျပည့္ ေပးေခ်ရမယ္ဆိုတာလည္းပါရွိပါေသးတယ္။

စာခ်ဳပ္က ရွယ္ပဲ…အမ္ဘာပီ အေမက ေတာ္ခ်က္…

ဒီစာခ်ဳပ္မွာ အမ္ဘာပီအေနနဲ႔ အသင္းဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတာ၊ သူ ေဘာ္လြန္းဒီေအာ္မွာ ဆုရတာေတြနဲ႔ ပတ္သက္လို႔ေတာ့

သီးျခားအပိုဆုေၾကးမပါဝင္ဘူးလို႔ေတာ့ ယူဆရပါတယ္။ အဲ့ဒါကိုေတာ့ ေလွ်ာ္ေပးလိုက္တာျဖစ္ႏိုင္ပါတယ္။

အမိုက္စားျဖစ္ေစတဲ့ အခ်က္ကေတာ့ စာခ်ဳပ္မွာပါတဲ့ သစၥာေစာင့္သိေၾကး ကေနရလာမယ့္ ဆုေၾကးေတြပါပဲ။

အမ္ဘာပီအေနနဲ႔လာမယ့္ ေႏြရာသီအကုန္မွာ အသင္းနဲ႔ဆက္ရွိေနမယ္ဆိုရင္ သစၥာေစာင့္သိေၾကး ယူ႐ိုသန္း ၇၀ ရရွိမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ဆက္ရွိေနမယ့္ရာသီတိုင္းအတြက္ ယူ႐ို ၁၀ သန္း ထပ္တိုးရရွိသြားမွာျဖစ္တဲ့အတြက္

ဒုတိယရာသီမွာ သစၥာေစာင့္သိေၾကးက ယူ႐ိုသန္း ၈၀ျဖစ္သြားဖို႔ရွိၿပီး တတိယရာသီမွာ ယူ႐ိုသန္း ၉၀ ျဖစ္သြားပါလိမ့္မယ္။

ဒါေၾကာင့္ စာခ်ဳပ္အတိုင္း ပါရီကလပ္မွာ (၃)ႏွစ္ ဆက္ရွိေနခဲ့မယ္ဆိုရင္ အမ္ဘာပီဟာ

ပရီးမီးယားလိဂ္အသင္းတစ္သင္းကိုေတာင္ ဝယ္ႏိုင္တဲ့လုပ္ခလစာ( ေပါင္ ၅၅၇ သန္း ) ပိုင္ဆိုင္သြားမွာျဖစ္ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္မွာ တန္ဖိုးအရွိဆုံးအသင္းက မန္ယူျဖစ္ၿပီး ေပါင္ သန္း ၃၄၇၆ ရွိေနတာပါ။

ဒါေပမဲ့ အဲဗာတန္၊ ဝက္စ္ဟမ္းနဲ႔ လက္စတာတို႔လို အလယ္အလတ္အသင္းေတြရဲ႕တန္ဖိုးကေတာ့ ေပါင္ သန္း ၃၀၀ ေက်ာ္ ၄၀၀ နီးပါးသာရွိေနတာပါ။