ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ပြည့်တဲ့အခါ မက်ဆီကို ရသွားနိုင်တဲ့ အသင်းတစ်သင်း ရှိတယ်

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်ကလပ်နဲ့အတူ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ ပြောင်းရွှေ့သွားနိုင်တဲ့ အသင်းတစ်သင်းရဲ့ နာမည်ကို The Athletic ဝက်ဘ်ဆိုက်က ဖွင့်ချလိုက်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်း ဆောင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ လာခဲ့ပြီးတဲ့နောက် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီမှာ

ပုံမှန်ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီးတဲ့နောက် ဒုတိယမြောက် ရာသီမှာတော့ ငယ်မူငယ်သွေး ပြန်ရနေပြီး အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။ မက်ဆီဟာ ဒီရာသီမှာ

ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပေးထားပြီး ၁၂ ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၁၃ ကြိမ် လုပ်ပေးထားတယ်။ အခုဆို ရင် ပီအက်စ်ဂျီနဲ့အတူ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်

ရာသီဖြစ်လာပြီး ပြင်သစ်မှာ ဆက်ရှိမှာလား၊ အသင်းဟောင်း ဘာစီလိုနာဆီကိုပဲ ပြန်သွားမှာ လားဆိုတာတဲ့ မေးခွန်းတွေကလည်း ဒွိဟဖြစ်စရာ ကောင်းလွန်းနေပါတယ်။ ဒါ့အပြင်

တတိယရွေးချယ်စရာ တစ်ခုက ကန့်လန့်ကာနောက်ကွယ်မှာရှိနေပြီး မန်ယူ ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာ မီအသင်းကို ပြောင်းသွားနိုင်တယ်ဆိုတဲ့

အချက်ပါပဲ။ လက်ရှိမှာ မန်ယူ ကစား သမားဟောင်း ဖီးလ်နဗီးလ် ကိုင်တွယ်နေတဲ့ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး စကားပြောဆို

ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ The Athletic က ဆိုပါတယ်။ ဒါပေမဲ့ ကာယကံရှင် ကစားသမား မက်ဆီနဲ့ သူ့ရဲ့ ကိုယ်စားပြု အခွင့်ရ ပုဂ္ဂိုလ်တွေ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မပြီးဆုံးခင်အထိ

ဘယ်လိုအပြောင်းအရွှေ့ကိစ္စမျိုးကို မှ လက်ခံပြီး စကားပြောဆိုမှာ မဟုတ်ဘူးလို့တော့ သိရပါတယ်။ လာမယ့် ဇန်နဝါရီလကစပြီး မက်ဆီဟာ လက်ရှိစာချုပ်သက်တမ်းရဲ့ နောက်ဆုံး ၆ လ ထဲကို

ဝင်ရောက်သွားတော့မှာ ဖြစ်တာကြောင့် အင်တာမိုင်ယာမီလို နိုင်ငံ ရပ်ခြား ကလပ်အသင်းတစ်သင်းအနေနဲ့ အကြိုသဘောတူစာချုပ်ကို တရား ဝင် ချုပ်ဆိုခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီရဲ့ မိသားစုဝင်တွေဟာ အဲဒီမြို့မှာ အိုးပိုင်အိမ်ပိုင်တွေ ရှိထားတဲ့အတွက် ဘာစီလိုနာ ကစားသမား ဟောင်းအနေနဲ့

အသင်းပြောင်းသွားနိုင်တာမျိုး ရှိတယ်လို့လည်း သတင်းတွေ က ရေးသားနေကြပါတယ်။

(Zawgyi)

ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း ျပည့္တဲ့အခါ မက္ဆီကို ရသြားႏိုင္တဲ့ အသင္းတစ္သင္း ရွိတယ္

ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီဟာ ျပင္သစ္ကလပ္နဲ႔အတူ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတဲ့အခါ ေျပာင္းေ႐ႊ႕သြားႏိုင္တဲ့ အသင္းတစ္သင္းရဲ႕ နာမည္ကို The Athletic ဝက္ဘ္ဆိုက္က ဖြင့္ခ်လိုက္ပါတယ္။

အာဂ်င္တီးနား အသင္းေခါင္း ေဆာင္ဟာ ၂၀၂၀ ျပည့္ႏွစ္မွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ လာခဲ့ၿပီးတဲ့ေနာက္ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ပြဲဦးထြက္ရာသီမွာ ပုံမွန္ေျခစြမ္းျပႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ရာသီ မွာေတာ့ ငယ္မူငယ္ေသြး ျပန္ရေနၿပီး အေကာင္းဆုံး ေျခစြမ္းျပေနပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံ ၁၇ ပြဲ ကစားေပးထားၿပီး ၁၂ ဂိုး သြင္းယူထားသလို ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ လုပ္ေပးထားတယ္။ အခုဆို ရင္ ပီအက္စ္ဂ်ီနဲ႔အတူ

စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ရာသီျဖစ္လာၿပီး ျပင္သစ္မွာ ဆက္ရွိမွာလား၊ အသင္းေဟာင္း ဘာစီလိုနာဆီကိုပဲ ျပန္သြားမွာ လားဆိုတာတဲ့ ေမးခြန္းေတြကလည္း ဒြိဟျဖစ္စရာ

ေကာင္းလြန္းေနပါတယ္။ ဒါ့အျပင္ တတိယေ႐ြးခ်ယ္စရာ တစ္ခုက ကန႔္လန႔္ကာေနာက္ကြယ္မွာရွိေနၿပီး မန္ယူ ကစားသမားေဟာင္း ေဒးဗစ္ဘက္ဟမ္း ပူးတြဲပိုင္ဆိုင္ထားတဲ့ အင္တာမိုင္ယာမီအသင္းကို

ေျပာင္းသြားႏိုင္တယ္ဆိုတဲ့ အခ်က္ပါပဲ။ လက္ရွိမွာ မန္ယူ ကစား သမားေဟာင္း ဖီးလ္နဗီးလ္ ကိုင္တြယ္ေနတဲ့ အင္တာမိုင္ယာမီအသင္းဟာ မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့ဂ်္မက္ဆီနဲ႔ အႀကိမ္ႀကိမ္ ေတြ႕ဆုံခဲ့ၿပီး

စကားေျပာ ဆို ေဆြးေႏြးခဲ့တာေတြ ရွိတယ္လို႔ The Athletic က ဆိုပါတယ္။ ဒါေပမဲ့ ကာယကံရွင္ ကစားသမား မက္ဆီနဲ႔ သူ႔ရဲ႕ ကိုယ္စားျပဳ အခြင့္ရ ပုဂၢိဳလ္ေတြ ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ

မၿပီးဆုံးခင္အထိ ဘယ္လိုအေျပာင္းအေ႐ႊ႕ကိစၥမ်ိဳးကို မွ လက္ခံၿပီး စကားေျပာဆိုမွာ မဟုတ္ဘူးလို႔ေတာ့ သိရပါတယ္။ လာမယ့္ ဇန္နဝါရီလကစၿပီး မက္ဆီဟာ လက္ရွိစာခ်ဳပ္သက္တမ္းရဲ႕ ေနာက္ဆုံး ၆ လ ထဲကို

ဝင္ေရာက္သြားေတာ့မွာ ျဖစ္တာေၾကာင့္ အင္တာမိုင္ယာမီလို ႏိုင္ငံ ရပ္ျခား ကလပ္အသင္းတစ္သင္းအေနနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ကို တရား ဝင္ ခ်ဳပ္ဆိုခြင့္ ရႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ မက္ဆီရဲ႕ မိသားစုဝင္ေတြဟာအဲဒီၿမိဳ႕မွာ အိုးပိုင္အိမ္ပိုင္ေတြ ရွိထားတဲ့အတြက္ ဘာစီလိုနာ ကစားသမား ေဟာင္းအေနနဲ႔

အသင္းေျပာင္းသြားႏိုင္တာမ်ိဳး ရွိတယ္လို႔လည္း သတင္းေတြ က ေရးသားေနၾကပါတယ္။