ပီအက်စ်ဂျီနဲ့အတူ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ရင် စာချုပ်ဖျက်သိမ်းဖို့ ကြံရွယ်ထားတဲ့ အမ်ဘာပီ

ပီအက်စ်ဂျီအသင်း အတွင်းရေးတွေနဲ့အတူ ပတ်လည်ရိုက်နေတဲ့ တိုက်စစ်မှူး အမ်ဘာပီဟာ လက်ရှိစာချုပ်ကို ဖျက်သိမ်းဖို့ နီးကပ်လာပြီဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

ပြင်သစ်ထိပ်တန်းသတင်းစာ တစ်စောင်ရဲ့ ဖော်ပြ ချက်အရ အမ်ဘာပီဟာ ပဲရစ်ကလပ်အသင်း လူစာရင်းရဲ့ အဓိက မဏ္ဍိုင်လို ဖြစ်လာတဲ့အပြင် အခွင့်ထူးခံ ကစားသမားလိုမျိုး ဖြစ်လာနေတာကြောင့် အသင်းဖော်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ကြီးထွားလာတယ်လို့ သိရပါတယ်။

နောက်ပြီး သူ့ရဲ့ လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံပုံတွေ ကြောင့် ကစားသမားအများစုက သူ့အပေါ်မှာ မျက်မုန်းကျိုးတွေနေတာတွေလည်း ရှိ နေပြီလို့ သိရပါတယ်။

ဒါကြောင့် အသင်းအနေနဲ့ သူ့အပေါ်မှာ ယုံကြည်မှု မပေးနိုင်တော့တဲ့ အခြေအနေမျိုး ရှိလာပြီဆိုရင် ချက်ချင်းပဲ အသင်းပြောင်း ဖို့အတွက် ဒီပြင်သစ်သားက စဉ်းစားတော့မှာ ဖြစ်တယ်လို့ Daily Mail သ တင်းစာက ရေးသားဖော်ပြပါတယ်။

ဒါကြောင့် ဒီကစားသမားဟာ အသင်းနဲ့ လက်ရှိစာချုပ်တစ်ခုလုံးကို ဖျက်သိမ်းပစ်ဖို့ စဉ်းစားနေတယ်လို့ ပြင်သစ်အခြေ စိုက်သတင်းစာတစ်စောင်က ရေးသားဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ တော့ အဲဒီလိုမျိုး စာချုပ်ဖျက်သိမ်းဖို့ဆိုတာက အလုပ်သမားဥပဒေအရဆို ရင် မလွယ်ကူဘူးလို့ အလုပ်သမားဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေတစ် ယောက်ဖြစ်တဲ့ ဂျရမီဒါလက်ထရီက ပြောပါတယ်။

တကယ်လို့များ အလုပ် သမားနဲ့ အလုပ်ရှင်ကြားမှာ စာချုပ်တစ်ခုလုံးကို ဖျက်သိမ်းဖို့အတွက် အလုပ် သမားဘက်က တောင်းဆိုပြီဆိုရင် အလုပ်ရှင်ဘက်က ကျူးလွန်ထားတဲ့ ကြီးမားတဲ့ အမှား အယွင်းတစ်ခုကို သက်သေပြနိုင်ရမယ်လို့ အဲဒီရှေ့နေက ဆိုပါတယ်။

ဒီလိုမှ မဟုတ်ဘဲ မတော်ဆမှားယွင်းတာမျိုး ဒါမှမဟုတ် မပြောပလောက်တဲ့မှားယွင်းဆုံးဖြတ်ချက်မျိုးဆိုရင်တော့ စာချုပ်တစ်ခုလုံးကို ခြုံငုံပြီး ဖျက်သိမ်းလို့ မရနိုင်ဘူးလို့ ဒါလက်ထရီက ပြောဆိုပါတယ်။

တကယ်လို့ ကစားသမားဘက်က စာချုပ်ကို ဖျက်သိမ်းချင်တယ်ဆိုရင်တော့ လက်ရှိစာချုပ်ပါ အချက်အလက်တွေအတိုင်း နစ်နာကြေး ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ပီအက္စ္ဂ်ီနဲ႔အတူ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့ရင္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ႀကံ႐ြယ္ထားတဲ့ အမ္ဘာပီ

ပီအက္စ္ဂ်ီအသင္း အတြင္းေရးေတြနဲ႔အတူ ပတ္လည္႐ိုက္ေနတဲ့ တိုက္စစ္မႉး အမ္ဘာပီဟာ လက္ရွိစာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ နီးကပ္လာၿပီျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။

ျပင္သစ္ထိပ္တန္းသတင္းစာ တစ္ေစာင္ရဲ႕ ေဖာ္ျပ ခ်က္အရ အမ္ဘာပီဟာ ပဲရစ္ကလပ္အသင္း လူစာရင္းရဲ႕ အဓိက မ႑ိဳင္လို ျဖစ္လာတဲ့အျပင္ အခြင့္ထူးခံ ကစားသမားလိုမ်ိဳး ျဖစ္လာေနတာေၾကာင့္ အသင္းေဖာ္ေတြနဲ႔ ဆက္ဆံေရး အဆင္မေျပမႈေတြ ႀကီးထြားလာတယ္လို႔ သိရပါတယ္။

ေနာက္ၿပီး သူ႔ရဲ႕ လိုတစ္မ်ိဳး မလိုတစ္မ်ိဳး ဆက္ဆံပုံေတြ ေၾကာင့္ ကစားသမားအမ်ားစုက သူ႔အေပၚမွာ မ်က္မုန္းက်ိဳးေတြေနတာေတြလည္း ရွိ ေနၿပီလို႔ သိရပါတယ္။

ဒါေၾကာင့္ အသင္းအေနနဲ႔ သူ႔အေပၚမွာ ယုံၾကည္မႈ မေပးႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳး ရွိလာၿပီဆိုရင္ ခ်က္ခ်င္းပဲ အသင္းေျပာင္း ဖို႔အတြက္ ဒီျပင္သစ္သားက စဥ္းစားေတာ့မွာ ျဖစ္တယ္လို႔ Daily Mail သ တင္းစာက ေရးသားေဖာ္ျပပါတယ္။

ဒါေၾကာင့္ ဒီကစားသမားဟာ အသင္းနဲ႔ လက္ရွိစာခ်ဳပ္တစ္ခုလုံးကို ဖ်က္သိမ္းပစ္ဖို႔ စဥ္းစားေနတယ္လို႔ ျပင္သစ္အေျခ စိုက္သတင္းစာတစ္ေစာင္က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ လက္ေတြ႕မွာ ေတာ့ အဲဒီလိုမ်ိဳး စာခ်ဳပ္ဖ်က္သိမ္းဖို႔ဆိုတာက အလုပ္သမားဥပေဒအရဆို ရင္ မလြယ္ကူဘူးလို႔ အလုပ္သမားဥပေဒေရးရာ ကြၽမ္းက်င္သူ ေရွ႕ေနတစ္ ေယာက္ျဖစ္တဲ့ ဂ်ရမီဒါလက္ထရီက ေျပာပါတယ္။

တကယ္လို႔မ်ား အလုပ္ သမားနဲ႔ အလုပ္ရွင္ၾကားမွာ စာခ်ဳပ္တစ္ခုလုံးကို ဖ်က္သိမ္းဖို႔အတြက္ အလုပ္ သမားဘက္က ေတာင္းဆိုၿပီဆိုရင္ အလုပ္ရွင္ဘက္က က်ဴးလြန္ထားတဲ့ ႀကီးမားတဲ့ အမွား အယြင္းတစ္ခုကို သက္ေသျပႏိုင္ရမယ္လို႔ အဲဒီေရွ႕ေနက ဆိုပါတယ္။

ဒီလိုမွ မဟုတ္ဘဲ မေတာ္ဆမွားယြင္းတာမ်ိဳး ဒါမွမဟုတ္ မေျပာပေလာက္တဲ့မွားယြင္းဆုံးျဖတ္ခ်က္မ်ိဳးဆိုရင္ေတာ့ စာခ်ဳပ္တစ္ခုလုံးကို ၿခဳံငုံၿပီး ဖ်က္သိမ္းလို႔ မရႏိုင္ဘူးလို႔ ဒါလက္ထရီက ေျပာဆိုပါတယ္။ တကယ္လို႔ ကစားသမားဘက္က စာခ်ဳပ္ကို ဖ်က္သိမ္းခ်င္တယ္ဆိုရင္ေတာ့ လက္ရွိစာခ်ဳပ္ပါ အခ်က္အလက္ေတြအတိုင္း နစ္နာေၾကး ေပးေဆာင္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။