ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို တစ်နှစ်လုပ်ခ ပေါင် ၄၁သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ ရီးရဲလ် သဘောတူညီမှုရရှိ

ဂျာမနီသတင်းဌာနတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ
ယခုရာသီအကုန်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး
ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့
ခေါ်ယူဖု့ိ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
BILD သတင်းဌာနက ပြင်သစ်လက်ရွေးစင် ဘာပေအနေနဲ့
နောက်ဆုံးတော့ ပီအက်စ်ဂျီအသင်းနဲ့
စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လမှာ
ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု
ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။


ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီက
ဘာပေအတွက် ရီးရဲလ်ထံမှ ၂ကြိမ်တိုင်ကမ်းလှမ်းမှုကို
ပယ်ချခဲ့တဲ့အနက် ဒုတိယမြောက်ကမ်းလှမ်းမှုက
ပေါင် ၁၅၄သန်းအထိရှိပြီး ကစားသမားဖြစ်သူကို
စာချုပ်သစ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်
အခုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့
ဆုံးရှုံးရဖို့ များနေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဘာပေဟာ
ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ရဲ့
အဓိကပစ်မှတ်ဖြစ်ပြီး BILD ရဲ့ဖော်ပြချက်အရ
ရီးရဲလ်အနေနဲ့ ဘာပေကို တစ်နှစ်လုပ်ခ
ပေင် ၄၁.၅သန်းအထိ ပေးချေမယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းကလည်း ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ
ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမယ့် ရီးရဲလ်အသင်းရဲ့
လုပ်ရပ်အပေါ် ဝေဖန်ခဲ့ပြီး သြဂုတ်လက
ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ
လီယိုနာဒိုက ဘာပေထံ ရီးရဲလ်အသင်း
တိုက်ရိုက်ချဉ်းကပ်မှုအတွက် ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။


ဘာပေဟာ ၂၀၁၇ နွေရာသီက မိုနာကိုကနေ
ပီအက်စ်ဂျီကို ကနဦး အငှားနဲ့ ရောက်လာပြီးနောက်
ပေါင် ၁၆၆သန်းနဲ့ အပြီးသတ်ရောက်ရှိလာခဲ့ပြီး
ပီအက်စ်ဂျီအတွက် ၁၉၉ပွဲမှာ ၁၅၁ ဂိုးအထိသွင်းယူကာ
ဂိုးဖန်တီးမှု ၇၇ ကြိမ်အထိ ပြုလုပ်ထားပါတယ်။