ပီအက်စ်ဂျီအသင်းဟာ အခုရာသီကုန်ရင်နည်းပြ ပိုချက်တီနို ကိုရာထူးကနေ
ထုတ်ပယ်ဖို့ ပြင်ဆင်ထားလို့ ဒီအာဂျင်တီးနား သားဟာ မန်ယူနည်းပြသစ်ဖြစ္ လာဖို့
အခွင့်အရေးကောင်းရသွားမယ်လို့ဆိုကြပါတယ်။ မန်ယူဟာပိုချက်တီနိုကို
ခေါ်ယူဖို့အ ရင်ကတည်းကစိတ်ဝင်စားနေတာဖြစ်ပေမယ့် ဆိုးလ်ရှားကို
အမြဲတမ်းနည်းပြအဖြစ် စာချုပ်လိုက်လို့သူ့ကို ပီအက်စ်ဂျီအသင်းက
ခေါ်ယူသွားတာဖြစ်ပါတယ်။
လက်ရှိမှာပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
တက်ရောက်နေတဲ့အပြင် လီဂူး ၁ မှာလည်း ဒုတိယနေရာကအသင်းကို ၁၁ မှတ်ဖြတ်ပြီး
ထိပ်ဆုံးကဦးဆောင်နေတာပါ။ ဒါပေမယ့် ပြင်သစ်ဖလားပြိုင်ပွဲမှာ နိုက်စ်ကိုရှုံးပြီး
ထွက်ခဲ့ရတဲ့အပြင် မက်ဆီကိုလည်းအကောင်းဆုံးခြေစွမ်းပြနိုင်အောင်
စွမ်းဆောင်ပြနိုင်ခြင်းမရှိလို့ သူ့ကိုထုတ် ပယ်ဖို့ စဥ်းစားနေတာပါ။ ပီအက်စ်ဂျီသာ
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်ကိုရှုံးခဲ့မယ်ဆိုရင် ပိုချက်တီနိုဟာ
ရာသီ ကုန်ရင်ထုတ်ပယ်ခံရဖို့သေချာသွားမှာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိတဲ့
ပိုချက်တီနိုဟာ ပြင်သစ်မှာနေရတာကိုလည်းမပျော်တော့လို့သူတို့လမ်းခွဲလိုက်တာက
အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည်နေကြောင်းလည်း ပြင်သစ်မီဒီယာတွေမှာ
ဖော်ပြနေကြတာပါ။ သူကိုယ်တိုင်ကလည်း လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းက
သူ့ကိုထုတ်ပယ်ဖို့ရှိနေကြောင်း ဝန်ခံထားတာပါ။
မန်ယူဟာ အေဂျက်နည်းပြ အဲရစ်တန်ဟက်ကိုပါနည်းပြသစ်ရာထူးအတွက် ရည်ရွယ်ထားပေမယ့်
ပိုချက်တီနိုက ပရီးမီးယားလိဂ်အတွေ့အကြုံပိုရင့်ကျက်သလို လူငယ်တွေကို
ခြေစွမ်းပိုကောင်းအောင်လုပ်ပေးနိုင်တဲ့အပြင် ကစားဟန်တစ်ရပ်ကိုလည်းပုံဖော်နိုင်စွမ်းရှိလို့
သူ့ကိုသာမန်ယူကပိုသ ဘောကျနေတာပါ။ မန်ယူရဲ့အမှုဆောင်အရာရှိဟောင်း
အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ ပိုချက်တီနိုကိုအလိုရှိခဲ့လို လက်ရှိအမှုဆောင် အရာရှိဖြစ်တဲ့
ရစ်ချတ်အာနိုးလ်ကလည်း ဒီအာဂျင်တီးနားသားကိုဘဲ ခေါ်ယူဖို့ကြိုးစားမှာဖြစ်ပါတယ်။
ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းနဲ့စာချုပ်သက်တမ်း ၁၈ လကျန်နေသေးတာပါ။
zawgyi
ပီအက်စ်ဂျီက စွန့်ပစ်ခံဖြစ်မှ ယူနိုက်တက်က ရမှာတဲ့လား..
ထုတ်ပယ်ဖို့ ပြင်ဆင်ထားလို့ ဒီအာဂျင်တီးနား သားဟာ မန်ယူနည်းပြသစ်ဖြစ် လာဖို့