
ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တွိုက်စ်က
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတွေ့ဆုံမယ့်ပြိုင်ဘက် ပီအက်စ်ဂျီအသင်း ကို
ဝေဖန်လိုက်ပြီး တစ်ဦးကောင်းတွေနဲ့သာကစားနေတဲ့အသင်းလို့ ပြောလိုက်ပါတယ်။
သူတို့နှစ်သင်းတွေ့ဆုံမှုဟာချန်ပီယံ လိဂ် ၁၆ သင်းအဆင့်ရဲ့
စိတ်ဝင်စားစရာအကောင်းဆုံးသောပွဲစဥ်လည်းဖြစ်နေပါတယ်။
ပီအက်စ်ဂျီအသင်းမှာ မက်ဆီ၊ ဘာပေ၊ နေမာ အစရှိတဲ့
တစ်ဦးချင်းသိပ်ကောင်းတဲ့ ကစားသမားတွေရှိနေလို့
စိတ်ဝင်စားနေကြတာဖြစ်ပေမယ့်
ဘောလုံးမှာတစ်ဦး ကောင်းကစားလို့မရဘူးဆိုပြီး
ကော်တွိုက်စ်က သိမ်မွေ့စွာနဲ့ တိုက်ခိုက်လိုက်တာပါ။
ပီအက်စ်ဂျီအသင်းဟာချန်ပီယံလိဂ်မှာ တစ်ကြိမ်မှဗိုလ်မစွဲခဲ့ဘူးဘဲ
၂၀၂၀ တုန်းကဗိုလ်လုပွဲတက်ခဲ့တာသာရှိပြီး
ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့်လက် ရှိမှာ ဘာစီလိုနာကစားသမားဟောင်း
မက်ဆီကိုခေါ်ယူအားဖြည့်ထားလို့ ဗိုလ်စွဲဖို့ပိုပြီးမျှော်လင့်နေတာပါ။
သူတို့နှစ်သင်းဟာ ဖေဖော်ဝါရီ ၁၅ မှာ ပထမအကျော့အဖြစ်
ဘာနေဗျူးကွင်းမှာယှဥ်ပြိုင်ကြရမှာပါ။ ပီအက်စ်ဂျီမှာ
ကစားသမားကောင်းတွေရှိနေပေမယ့် ဘောလုံးဆိုတာ
အသင်းလိုက်ကစားရတဲ့ အားကစားလို့ ကော်တွိုက်စ် ကဆိုခဲ့တာပါ။
သူက” ပီအက်စ်ဂျီမှာ မက်ဆီ၊ ဘာပေနဲ့ နေမာ တို့လို့
ဂရိတ်ကစားသမားတွေရှိသလို နေရာတိုင်းမှာလည်း
က စားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်။
ဒါပေမယ့်ဒီကနေ့ခေတ်ဘောလုံးအားကစားဟာ
တစ်ဦးချင်းကိုကြောက်စိတ်ရှိနေရင် အရှုပ်အထွေး တွေ
ဝင်လာတတ်လို့တစ်ဦးချင်းထက် အသင်းလိုက်ကိုပိုပြီးအားထားနေကြတာပါ။
အရည်အသွေးပြည့်ဝတဲ့ကစားသမားကောင်း တွေက
ဂိုးတွေသွင်းယူနိုင်တာမှန်ပေမယ့် တစ်ဦးချင်းနဲ့တော့ဘာမှလုပ်လို့မရပါဘူး။
အသင်းလိုက်ကောင်းတဲ့အသင်းမျိုးတွေ နဲ့တွေ့ရင်
တစ်ဦးချင်းကောင်းတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး” လို့ပြောသွားပါတယ်။
ရီးရဲလ်ဟာဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့် ၆ ပွဲကစားခဲ့ရာမှာ
၅ ပွဲနိုင်ခဲ့ပြီးအုပ်စု D မှာအင်တာမီလန်ကိုကျော်ကာအုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းကတော့အပ်စုကျပ်ထဲမှာကျရောက်ခဲ့ပြီး
မန်စီးတီး၊ လိုက်ပ်ဇစ် တို့နဲ့အတူအုပ်စု A မှာ
ကျ ရောက်ကာ မန်စီးတီးရဲ့နောက် ဒုတိယရခဲ့တာပါ။
zawgyi
ပီအက္စ္ဂ်ီကို တစ္ေယာက္ေကာင္းေတြနဲ႔တက္မလာနဲ႔လို႔ ေကာ္တြိဳက္စ္ေဝဖန္လိုက္ပါတယ္
ရီးရဲလ္မက္ဒရစ္အသင္းဂိုးသမား ေကာ္တြိဳက္စ္က
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာေတြ႕ဆုံမယ့္ၿပိဳင္ဘက္ ပီအက္စ္ဂ်ီအသင္း ကို
ေဝဖန္လိုက္ၿပီး တစ္ဦးေကာင္းေတြနဲ႔သာကစားေနတဲ့အသင္းလို႔ ေျပာလိုက္ပါတယ္။
သူတို႔ႏွစ္သင္းေတြ႕ဆုံမႈဟာခ်န္ပီယံ လိဂ္ ၁၆ သင္းအဆင့္ရဲ႕
စိတ္ဝင္စားစရာအေကာင္းဆုံးေသာပြဲစဥ္လည္းျဖစ္ေနပါတယ္။
ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီ၊ ဘာေပ၊ ေနမာ အစရွိတဲ့
တစ္ဦးခ်င္းသိပ္ေကာင္းတဲ့ ကစားသမားေတြရွိေနလို႔
စိတ္ဝင္စားေနၾကတာျဖစ္ေပမယ့္
ေဘာလုံးမွာတစ္ဦး ေကာင္းကစားလို႔မရဘူးဆိုၿပီး
ေကာ္တြိဳက္စ္က သိမ္ေမြ႕စြာနဲ႔ တိုက္ခိုက္လိုက္တာပါ။
ပီအက္စ္ဂ်ီအသင္းဟာခ်န္ပီယံလိဂ္မွာ တစ္ႀကိမ္မွဗိုလ္မစြဲခဲ့ဘူးဘဲ
၂၀၂၀ တုန္းကဗိုလ္လုပြဲတက္ခဲ့တာသာရွိၿပီး
ဘိုင္ယန္ျမဴးနစ္ကိုရႈံးနိမ့္ခဲ့ပါတယ္။
ဒါေပမယ့္လက္ ရွိမွာ ဘာစီလိုနာကစားသမားေဟာင္း
မက္ဆီကိုေခၚယူအားျဖည့္ထားလို႔ ဗိုလ္စြဲဖို႔ပိုၿပီးေမွ်ာ္လင့္ေနတာပါ။
သူတို႔ႏွစ္သင္းဟာ ေဖေဖာ္ဝါရီ ၁၅ မွာ ပထမအေက်ာ့အျဖစ္
ဘာေနဗ်ဴးကြင္းမွာယွဥ္ၿပိဳင္ၾကရမွာပါ။ ပီအက္စ္ဂ်ီမွာ
ကစားသမားေကာင္းေတြရွိေနေပမယ့္ ေဘာလုံးဆိုတာ
အသင္းလိုက္ကစားရတဲ့ အားကစားလို႔ ေကာ္တြိဳက္စ္ ကဆိုခဲ့တာပါ။
သူက” ပီအက္စ္ဂ်ီမွာ မက္ဆီ၊ ဘာေပနဲ႔ ေနမာ တို႔လို႔
ဂရိတ္ကစားသမားေတြရွိသလို ေနရာတိုင္းမွာလည္း
က စားသမားေကာင္းေတြပိုင္ဆိုင္ထားပါတယ္။
ဒါေပမယ့္ဒီကေန႔ေခတ္ေဘာလုံးအားကစားဟာ
တစ္ဦးခ်င္းကိုေၾကာက္စိတ္ရွိေနရင္ အရႈပ္အေထြး ေတြ
ဝင္လာတတ္လို႔တစ္ဦးခ်င္းထက္ အသင္းလိုက္ကိုပိုၿပီးအားထားေနၾကတာပါ။
အရည္အေသြးျပည့္ဝတဲ့ကစားသမားေကာင္း ေတြက
ဂိုးေတြသြင္းယူႏိုင္တာမွန္ေပမယ့္ တစ္ဦးခ်င္းနဲ႔ေတာ့ဘာမွလုပ္လို႔မရပါဘူး။
အသင္းလိုက္ေကာင္းတဲ့အသင္းမ်ိဳးေတြ နဲ႔ေတြ႕ရင္
တစ္ဦးခ်င္းေကာင္းတယ္ဆိုတာ ဘာမွမဟုတ္ပါဘူး” လို႔ေျပာသြားပါတယ္။
ရီးရဲလ္ဟာဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၆ ပြဲကစားခဲ့ရာမွာ
၅ ပြဲႏိုင္ခဲ့ၿပီးအုပ္စု D မွာအင္တာမီလန္ကိုေက်ာ္ကာအုပ္စုဗိုလ္ ျဖစ္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီအသင္းကေတာ့အပ္စုက်ပ္ထဲမွာက်ေရာက္ခဲ့ၿပီး
မန္စီးတီး၊ လိုက္ပ္ဇစ္ တို႔နဲ႔အတူအုပ္စု A မွာ
က် ေရာက္ကာ မန္စီးတီးရဲ႕ေနာက္ ဒုတိယရခဲ့တာပါ။