ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကို ကမ္ဘာ့အကောင်းဆုံးကလပ်ပြန်ဖြစ်လာဖို့
ကူညီပေးစေလိုတယ်လို့ တန်ဟတ်က တောင်းဆိုလိုက်ကြောင်း
The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ
ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ၁၈ လသာကျန်ရှိတော့သူဖြစ်ပြီး
ကလပ်ဘက်က ကာလရှည်စာချုပ်နဲ့ဆက်ထိန်းဖို့ကြိုးစားနေတာဖြစ်တယ်။
အခြားတစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းက ရက်ရှ်ဖို့ဒ်ကို
စိတ်ဝင်စားတယ်လို့ တရားဝင်ထုတ်ပြန်ထားပြီးသားပါ။
ဒါပေမဲ့ တန်ဟတ်ကတော့ ယူနိုက်တက်မှာဆက်ရှိနေပေးမယ်ဆိုရင်
ဘောလုံးမှာသူလိုချင်သမျှအောင်မြင်နိုင်လိမ့်မယ်လို့ အခိုင်အမာ
ပြောဆိုလိုက်တာဖြစ်တယ်။ “ကလပ်အသင်းတွေဟာ
ကျွန်တော်တို့ကစားသမားတွေကို စိတ်ဝင်စားမှုရှိလိမ့်မယ်လို့
မျှော်လင့်ရတယ်၊ ဒါက မင်းအကောင်းဆုံးလုပ်ပြနေတာကိုဆိုလိုတာပါ။
အသင်းက ကျွန်တော်တို့ရည်မှန်းထားတဲ့အတိုင်းစွမ်းဆောင်ရည်
ပိုကောင်းလာတာကြောင့်ပါ။ အဲ့ဒီအချိန်ကျရင်တော့
ကျွန်တော့်ဘက်က ဒီနေရာကအကောင်းဆုံးနေရာလို့ပြောချင်တယ်၊
ဘာကြောင့်လဲဆိုတော့ အင်္ဂလန်က ပထမ၊ ပြီးတော့ ဥရောပနဲ့
နောက်တော့ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်
တည်ဆောက်ချင်တာကြောင့်ပါပဲ” လို့ တန်ဟတ်က ဖွင့်ဟခဲ့ပါတယ်။
ဆက်လက်ပြီး သူ့ရဲ့တည်ဆောက်ပုံက ရက်ရှ်ဖို့ဒ်နဲ့
ကလပ်အတွက်ပြီးပြည့်စုံလိမ့်မယ်လို့ တန်ဟက်က ကတိပေးလိုက်ပါတယ်။
zawgyi
ပီအက်စ်ဂျီကိုငြင်းပြီး ယူနိုက်တက်ကို ကမ္ဘာ့အကောင်းဆုံးပြန်ဖြစ်ဖို့ကြိုးစားပေးပါလို့ ရက်ရှ်ဖို့ဒ်ကို တန်ဟတ် တောင်းဆိုလာ