ပီလီရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းမှာ နောက်ထပ် မှတ်တမ်းတစ်ခု

စိုက်ထူးလိုက်ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီလီရဲ့ စံချိန်ကို

ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ဂန္တဝင်အနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူးက

သူ့ရဲ့ မှတ်တမ်းတွေအားလုံးကို ချိုးဖျက်နေတာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

မနေ့ညက ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း the Park of the Princes မှာ

ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း မက်ဆီက ပီလီရဲ့ သွင်းဂိုးအရေအတွက်ကို

လိုက်မီခဲ့တာဖြစ်ပြီး နောက်ထပ် ( ၁ ) ဂိုးပါ ပိုမိုသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီက ဘရုဂျက်အသင်းကို ( ၂ ) ဂိုးသွင်းယူခဲ့တာကြောင့်

ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုး ( ၇၅၈ ) ဂိုးထိ ရှိလာပြီး

ပီလီရဲ့ ( ၇၅၇ ) ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးသမိုင်းမှာ လီယို မက်ဆီထက် သွင်းဂိုး ပိုမိုရယူထားနိုင်တဲ့

ကစားသမား ( ၂ ) ဦးသာ ရှိပြီး ၁၉၃၀ ခုနှစ် ဝန်းကျင်က

သြစတြီးယား-ချက်ကစားသမား ဂျိုးဆက် ဘီကန် ( ၈၀၅ ဂိုး ) နှင့်

ခရစ္စတီယာနို ‌ရော်နယ်ဒို ( ၈၀၁ ) ဂိုးတို့ ဖြစ်ပါတယ်။

မက်ဆီက အခြားသော ကစားသမားတွေနဲ့ ယှဉ်ပြိုင်လိုတဲ့စိတ် မရှိပေမယ့်

သူ့ရဲ့ ကိန်းဂဏန်းတွေက အခြားသော ဂန္တဝင်ကစားသမားတွေနဲ့

နှိုင်းယှဉ်စရာဖြစ်လာပါတယ်။

နောက်ပြီး သူက တောင်အမေရိကလက်ရွေးစင်အသင်းတွေထဲမှာ

သွင်းဂိုးအများဆုံးဖြစ်တဲ့ ပီလီရဲ့ စံချိန်ကိုလည်း မကြာသေးမီက ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင်မက်ဆီက ဘာစီလိုနာအသင်းအတွက် ( ၆၇၂ ) ဂိုး

သွင်းယူပေးခဲ့တာကြောင့် ပီလီရဲ့ ဆန်းတို့စ်အသင်းနဲ့ စံချိန်တင်ထားတဲ့

ကလပ်အသင်းတစ်ခုအတွက် သွင်းဂိုးအများဆုံးမှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဘရုဂျက်ကို ( ၄-၁ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ( ၂ ) ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်

မက်ဆီက ဒီရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းအတွက် ( ၅ ) ဂိုးထိ

ရယူပေးထားတာတွေ့ရပါတယ်။ ပိုချက်တီနိုရဲ့ အသင်းက မန်စီးတီးရဲ့နောက်

အုပ်စု ဒုတိယနေရာကနေ ( ၁၆ ) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

zawgyi

ပီလီရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္တဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ ေဘာလုံးသမိုင္းမွာ ေနာက္ထပ္ မွတ္တမ္းတစ္ခု

စိုက္ထူးလိုက္ၿပီျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ပီလီရဲ႕ စံခ်ိန္ကို

ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ဂႏၲဝင္အေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးက

သူ႔ရဲ႕ မွတ္တမ္းေတြအားလုံးကို ခ်ိဳးဖ်က္ေနတာ ေန႔စဥ္နဲ႔အမွ် ျမင္ေတြ႕ေနရပါတယ္။

မေန႔ညက ပီအက္စ္ဂ်ီအသင္းရဲ႕ အိမ္ကြင္း the Park of the Princes မွာ

ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း မက္ဆီက ပီလီရဲ႕ သြင္းဂိုးအေရအတြက္ကို

လိုက္မီခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ( ၁ ) ဂိုးပါ ပိုမိုသြင္းယူႏိုင္ခဲ့ပါတယ္။

မက္ဆီက ဘ႐ုဂ်က္အသင္းကို ( ၂ ) ဂိုးသြင္းယူခဲ့တာေၾကာင့္

ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ သြင္းဂိုး ( ၇၅၈ ) ဂိုးထိ ရွိလာၿပီး

ပီလီရဲ႕ ( ၇၅၇ ) ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးသမိုင္းမွာ လီယို မက္ဆီထက္ သြင္းဂိုး ပိုမိုရယူထားႏိုင္တဲ့

ကစားသမား ( ၂ ) ဦးသာ ရွိၿပီး ၁၉၃၀ ခုႏွစ္ ဝန္းက်င္က

ၾသစႀတီးယား-ခ်က္ကစားသမား ဂ်ိဳးဆက္ ဘီကန္ ( ၈၀၅ ဂိုး ) ႏွင့္

ခရစၥတီယာႏို ‌ေရာ္နယ္ဒို ( ၈၀၁ ) ဂိုးတို႔ ျဖစ္ပါတယ္။

မက္ဆီက အျခားေသာ ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္လိုတဲ့စိတ္ မရွိေပမယ့္

သူ႔ရဲ႕ ကိန္းဂဏန္းေတြက အျခားေသာ ဂႏၲဝင္ကစားသမားေတြနဲ႔

ႏႈိင္းယွဥ္စရာျဖစ္လာပါတယ္။

ေနာက္ၿပီး သူက ေတာင္အေမရိကလက္ေ႐ြးစင္အသင္းေတြထဲမွာ

သြင္းဂိုးအမ်ားဆုံးျဖစ္တဲ့ ပီလီရဲ႕ စံခ်ိန္ကိုလည္း မၾကာေသးမီက ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္မက္ဆီက ဘာစီလိုနာအသင္းအတြက္ ( ၆၇၂ ) ဂိုး

သြင္းယူေပးခဲ့တာေၾကာင့္ ပီလီရဲ႕ ဆန္းတို႔စ္အသင္းနဲ႔ စံခ်ိန္တင္ထားတဲ့

ကလပ္အသင္းတစ္ခုအတြက္ သြင္းဂိုးအမ်ားဆုံးမွတ္တမ္းကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ဘ႐ုဂ်က္ကို ( ၄-၁ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ( ၂ ) ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္

မက္ဆီက ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ( ၅ ) ဂိုးထိ

ရယူေပးထားတာေတြ႕ရပါတယ္။ ပိုခ်က္တီႏိုရဲ႕ အသင္းက မန္စီးတီးရဲ႕ေနာက္

အုပ္စု ဒုတိယေနရာကေန ( ၁၆ ) သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။