ပီကေးက သူတို့အသင်းကို လျှော့မတွက်ဖို့ ပြိုင်ဖက် ရီးရဲလ်မက်ဒရစ်အသင်းကို သတိပေးခဲ့

စပိန်ဝါရင့်နောက်ခံလူ ပီကေး က ဘာစီလိုနာအသင်းဟာ အခက်အခဲတွေကနေ

ရုန်းထွက်နိုင်ခဲ့ပြီလို့ ကြုံးဝါးပြောဆိုခဲ့ပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့်

El Clasico ပွဲမှာ သူတို့အသင်းကို လျှော့မတွက်ဖို့ ပြိုင်ဖက် ရီးရဲလ်မက်ဒရစ်အသင်းကို

သတိပေးခဲ့ပါတယ်။ မက်ဆီ ကို ဆုံးရှုံးထားရသလို ကြွေးမြီပြဿနာတွေနဲ့လည်း

ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့တဲ့

ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရယူနိုင်ခဲ့ပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး

ပြန်လည်ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာတော့ ၂ ပွဲလုံးကို အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် အဂွဲရိုး ၊ အန်ဆူ ဖာတီ ၊ ကော်တင်ဟို ၊ ဒမ်ဘီလီ စတဲ့ အဓိက

ကစားသမားတွေလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်တာကြောင့်

ဘာစီလိုနာအသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ပီကေးက

ယုံကြည်နေတာဖြစ်ပါတယ်။ ဒီရာသီရဲ့ ပထမဆုံး El Clasico ပွဲစဉ်နဲ့ ပတ်သက်ပြီး

ပီကေး က “ El Clasico ပွဲမှာ ၂ သင်းလုံးက တန်းတူညီတူပါပဲ။ အနိုင်ရဖို့

ပိုရေပန်းစားတဲ့အသင်းဆိုတာမျိုး မရှိပါဘူး။ စိတ်ခံစားမှုအရလည်း El Clasico ပွဲက

တခြားပွဲတွေနဲ့ မတူပဲလုံးဝကွာပြားပါတယ်။ အခက်အခဲတွေနဲ့ အခိုက်အတန့်တချို့ကို

ကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်တွေကနေ ကျွန်တော်တို့

လွန်မြောက်လာခဲ့ပါပြီ။ ၂ သင်းလုံးက တူညီတဲ့ စိတ်ဓာတ်တွေနဲ့ ဒီပွဲကို

ယှဉ်ပြိုင်ကစားကြမှာပါ “ လို့ ပြောခဲ့ပါတယ်။

ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းရရှိခဲ့တဲ့

တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပီကေး ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ

ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်

မှတ်တမ်းဝင်ခဲ့သလို ရီးရဲလ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ် တင်ရှိထားတဲ့

ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး နောက်ခံလူဆိုတဲ့ မှတ်တမ်းကိုလည်း လိုက်မီခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီကေး ဟာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့

မက်ဆီ ၊ အင်နီယေစတာ တို့လို ဘာစီလိုနာအသင်းကနေ ထွက်ခွါဖို့လုံးဝစိတ်ကူးမရှိပဲ

ကစားသမားဘဝကုန်ဆုံးတဲ့အချိန်ထိ ဘာစီလိုနာအသင်းမှာပဲ

ကစားသွားဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

zawgyi

ပီေကးက သူတို႔အသင္းကို ေလွ်ာ့မတြက္ဖို႔ ၿပိဳင္ဖက္ ရီးရဲလ္မက္ဒရစ္အသင္းကို သတိေပးခဲ့

စပိန္ဝါရင့္ေနာက္ခံလူ ပီေကး က ဘာစီလိုနာအသင္းဟာ အခက္အခဲေတြကေန

႐ုန္းထြက္ႏိုင္ခဲ့ၿပီလို႔ ႀကဳံးဝါးေျပာဆိုခဲ့ၿပီး တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားရမယ့္

El Clasico ပြဲမွာ သူတို႔အသင္းကို ေလွ်ာ့မတြက္ဖို႔ ၿပိဳင္ဖက္ ရီးရဲလ္မက္ဒရစ္အသင္းကို

သတိေပးခဲ့ပါတယ္။ မက္ဆီ ကို ဆုံးရႈံးထားရသလို ေႂကြးၿမီျပႆနာေတြနဲ႔လည္း

ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလက ယွဥ္ၿပိဳင္ကစားခဲ့တဲ့

ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ႏိုင္ပြဲ ၁ ပြဲသာရယူႏိုင္ခဲ့ေပမဲ့ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး

ျပန္လည္ကစားခဲ့တဲ့ ေနာက္ဆုံး ၂ ပြဲမွာေတာ့ ၂ ပြဲလုံးကို အႏိုင္ရခဲ့ပါတယ္။

ဒါ့အျပင္ အဂြဲ႐ိုး ၊ အန္ဆူ ဖာတီ ၊ ေကာ္တင္ဟို ၊ ဒမ္ဘီလီ စတဲ့ အဓိက

ကစားသမားေတြလည္း ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီ ျဖစ္တာေၾကာင့္

ဘာစီလိုနာအသင္းအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီလို႔ ပီေကးက

ယုံၾကည္ေနတာျဖစ္ပါတယ္။ ဒီရာသီရဲ႕ ပထမဆုံး El Clasico ပြဲစဥ္နဲ႔ ပတ္သက္ၿပီး

ပီေကး က “ El Clasico ပြဲမွာ ၂ သင္းလုံးက တန္းတူညီတူပါပဲ။ အႏိုင္ရဖို႔

ပိုေရပန္းစားတဲ့အသင္းဆိုတာမ်ိဳး မရွိပါဘူး။ စိတ္ခံစားမႈအရလည္း El Clasico ပြဲက

တျခားပြဲေတြနဲ႔ မတူပဲလုံးဝကြာျပားပါတယ္။ အခက္အခဲေတြနဲ႔ အခိုက္အတန႔္တခ်ိဳ႕ကို

ကြၽန္ေတာ္တို႔ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ အဲ့ဒီအခိုက္အတန႔္ေတြကေန ကြၽန္ေတာ္တို႔

လြန္ေျမာက္လာခဲ့ပါၿပီ။ ၂ သင္းလုံးက တူညီတဲ့ စိတ္ဓာတ္ေတြနဲ႔ ဒီပြဲကို

ယွဥ္ၿပိဳင္ကစားၾကမွာပါ “ လို႔ ေျပာခဲ့ပါတယ္။

ၾကားရက္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘာစီလိုနာအသင္းရရွိခဲ့တဲ့

တလုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ပီေကး ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ

ဘာစီလိုနာအသင္းအတြက္ ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္

မွတ္တမ္းဝင္ခဲ့သလို ရီးရဲလ္ေနာက္ခံလူ ေရာ္ဘတ္တို ကားလို႔စ္ တင္ရွိထားတဲ့

ခ်န္ပီယံလိဂ္ ဂိုးသြင္းအမ်ားဆုံး ေနာက္ခံလူဆိုတဲ့ မွတ္တမ္းကိုလည္း လိုက္မီခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပီေကး ဟာ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့

မက္ဆီ ၊ အင္နီေယစတာ တို႔လို ဘာစီလိုနာအသင္းကေန ထြက္ခြါဖို႔လုံးဝစိတ္ကူးမရွိပဲ

ကစားသမားဘဝကုန္ဆုံးတဲ့အခ်ိန္ထိ ဘာစီလိုနာအသင္းမွာပဲ ကစားသြားဖို႔ဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။