
ရီးရဲလ်က ဘီလ်ဘာအိုကို ၂ဂိုးပြတ်အနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာတော့





ပရိသတ်တစ်ယောက်ဟာ နည်းပြအန်ဆလော့တီဆီက ပီကေ
တောင်းစားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။





အီတလီသားကြီး နည်းပြခုံတန်းလျားနားရောက်လာချိန်မှာ
ပွဲကြည့်စင်ပေါ်ကနေ ပီကေလှမ်းတောင်းခံခဲ့ရတာဖြစ်တယ်။
အန်ဆလော့တီဘက်က တောင်းဆိုမှုကိုမျက်ကွယ်မပြုခဲ့သလို





သူ့မှာပါလာတဲ့ ပီကေထဲက ၂ခုကိုမျှဝေပေးသွားခဲ့သလို
ပရိသတ်ကလည်းကျေးဇူးပဲလို့ပြန်ပြောသွားခဲ့တာပါ။





ကစားကွင်းထဲမှာတော့ အန်ဆလော့တီနဲ့ ပီကေဆိုတာ
ယှဉ်တွဲနေတဲ့ အရာနှစ်ခုဖြစ်တယ်။ အီတလီသားကြီးဟာ
ပွဲစဉ်တစ်ပွဲမှာ အနည်းဆုံး ပီကေ ၁၃ ခုလောက်စားသူဖြစ်ပြီး





ပရိသတ်ကိုကိုယ်ချင်းစာတဲ့အနေနဲ့ နည်းစနစ်လိုင်းကိုမသွားခင်မှာ
ဝါးချင်တဲ့ဆန္ဒကိုဖြည့်ပေးခဲ့တာဖြစ်တယ်။ ဒီဗီဒီယိုမှတ်တမ်းကို





တွေ့ခဲ့တဲ့နောက် ပရိသတ်တစ်ယောက်က “ကာလိုက လူအေးတစ်ယောက်ပါ။
သူ့ကိုလုံးဝချစ်တယ်” လို့ မှတ်ချက်ပေးခဲ့သလို နောက်တစ်ယောက်က
“အံ့အားသင့်စရာပဲ” လို့ တုံ့ပြန်လိုက်ပါတယ်။ တကယ်တော့





အန်ဆလော့တီဟာ စိုးရိမ်စိတ်လွန်ကဲတက်သူဖြစ်တာကြောင့်
ကွင်းထဲမှာဆေးလိပ်သောက်ခြင်းနဲ့ဖိအားတွေလျှော့ချတတ်သူဖြစ်တယ်။





နောက်ပိုင်းကစားကွင်းထဲမှာ ဆေးလိပ်သောက်ခွင့်ပါမစ်မရတော့တဲ့အတွက်
စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ဖို့ ပီကေနဲ့အစားထိုးခဲ့တာပါ။
zawgyi





ပီေကေတာင္းစားခဲ့သူကို မွ်ေဝေပးခဲ့တဲ့ အန္ဆေလာ့တီရဲ႕လုပ္ရပ္ကို ပရိသတ္ေတြသေဘာက်ေန
ရီးရဲလ္က ဘီလ္ဘာအိုကို ၂ဂိုးျပတ္အႏိုင္ရတဲ့ လာလီဂါပြဲစဥ္မွာေတာ့





ပရိသတ္တစ္ေယာက္ဟာ နည္းျပအန္ဆေလာ့တီဆီက ပီေက
ေတာင္းစားခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။
အီတလီသားႀကီး နည္းျပခုံတန္းလ်ားနားေရာက္လာခ်ိန္မွာ





ပြဲၾကည့္စင္ေပၚကေန ပီေကလွမ္းေတာင္းခံခဲ့ရတာျဖစ္တယ္။
အန္ဆေလာ့တီဘက္က ေတာင္းဆိုမႈကိုမ်က္ကြယ္မျပဳခဲ့သလို





သူ႔မွာပါလာတဲ့ ပီေကထဲက ၂ခုကိုမွ်ေဝေပးသြားခဲ့သလို
ပရိသတ္ကလည္းေက်းဇူးပဲလို႔ျပန္ေျပာသြားခဲ့တာပါ။
ကစားကြင္းထဲမွာေတာ့ အန္ဆေလာ့တီနဲ႔ ပီေကဆိုတာ





ယွဥ္တြဲေနတဲ့ အရာႏွစ္ခုျဖစ္တယ္။ အီတလီသားႀကီးဟာ
ပြဲစဥ္တစ္ပြဲမွာ အနည္းဆုံး ပီေက ၁၃ ခုေလာက္စားသူျဖစ္ၿပီး





ပရိသတ္ကိုကိုယ္ခ်င္းစာတဲ့အေနနဲ႔ နည္းစနစ္လိုင္းကိုမသြားခင္မွာ
ဝါးခ်င္တဲ့ဆႏၵကိုျဖည့္ေပးခဲ့တာျဖစ္တယ္။ ဒီဗီဒီယိုမွတ္တမ္းကို
ေတြ႕ခဲ့တဲ့ေနာက္ ပရိသတ္တစ္ေယာက္က “ကာလိုက လူေအးတစ္ေယာက္ပါ။





သူ႔ကိုလုံးဝခ်စ္တယ္” လို႔ မွတ္ခ်က္ေပးခဲ့သလို ေနာက္တစ္ေယာက္က
“အံ့အားသင့္စရာပဲ” လို႔ တုံ႔ျပန္လိုက္ပါတယ္။ တကယ္ေတာ့





အန္ဆေလာ့တီဟာ စိုးရိမ္စိတ္လြန္ကဲတက္သူျဖစ္တာေၾကာင့္
ကြင္းထဲမွာေဆးလိပ္ေသာက္ျခင္းနဲ႔ဖိအားေတြေလွ်ာ့ခ်တတ္သူျဖစ္တယ္။
ေနာက္ပိုင္းကစားကြင္းထဲမွာ ေဆးလိပ္ေသာက္ခြင့္ပါမစ္မရေတာ့တဲ့အတြက္





စိတ္လႈပ္ရွားမႈကိုထိန္းခ်ဳပ္ဖို႔ ပီေကနဲ႔အစားထိုးခဲ့တာပါ။