
ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက
ရုရှားနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ ငြင်းဆန်ခဲ့တဲ့
ပိုလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်ကို
အပြည့်အဝ ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။
ပိုလန်ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ်
ရုရုားနိုင်ငံမှာ ရုရှားလက်ရွေးစင်နဲ့ ကစားဖို့ရှိနေတာပါ။
ဒါပေမယ့် ယူကရိန်းကို ရုရှားတို့ ကျူးကျော်ခဲ့ပြီးနောက်
ရုရှားမှာကစားဖို့ စီစဉ်ထားတဲ့ပွဲကို နေရာပြောင်းကျင်းပပေးဖို့
နိုင်ငံအချို့က တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ပိုလန်ဘောလုံးအဖွဲ့ချုပ်ကတော့
ယူကရိန်းအပေါ် ကျူးကျော်တဲ့ ရုရှားတို့ရဲ့လုပ်ရပ်ကြောင့်
ရုရှားနဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို မကစားနိုင်ဘူးလို့
တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ပွဲကို ကစားဖို့ ငြင်းဆန်ခဲ့တဲ့
ပိုလန်အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် ပိုလန်တိုက်စစ်မှူး
လီဝန်ဒေါစကီးရဲ့ မှတ်ချက်စကားကတော့
“အဲဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ပါ။ ယူကရိန်းနိုင်ငံအတွင်း လက်နက်ကိုင်
ရန်စမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ရုရှားဘောလုံးအသင်းနဲ့
ယှဉ်ပြိုင်ကစားသွားဖို့ဆိုတာကြီးကို စိတ်ကူးယဉ်ကြည့်လို့တောင် မရပါဘူး။
ရုရှားဘောလုံးသမားတွေနဲ့ ပရိသတ်တွေက ဒီကိစ္စမှာ
တာဝန်မရှိကြဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့ဘက်က
ဒါကို ဘာမှမဖြစ်သလို ဟန်ဆောင်ပြနေဖို့ကလည်း မဖြစ်နိုင်ပါဘူး”ဖြစ်ပါတယ်။
ခေါင်းကြီး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ငါနဲ့ မဆိုင်ဘူးဆိုတဲ့
အတွေးဟာ မဖြစ်သင့်ဘူးလို့ လီဝန်ဒေါစကီး ကမှတ်ချက် ပြုထားပါတယ်။
zawgyi
ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ လုပ္ရပ္ကို အျပည့္အဝ ေထာက္ခံတယ္လို႔ လီဝန္ေဒါစကီး ေျပာဆို
ပိုလန္လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ လီဝန္ေဒါစကီးက
႐ုရွားနဲ႔ (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲကစားဖို႔ ျငင္းဆန္ခဲ့တဲ့
ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ လုပ္ရပ္ကို
အျပည့္အဝ ေထာက္ခံတယ္လို႔ ေျပာၾကားလိုက္ပါတယ္။
ပိုလန္ဟာ (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲ ပေလးေအာ့ဖ္ပြဲစဥ္အျဖစ္
႐ု႐ုားႏိုင္ငံမွာ ႐ုရွားလက္ေ႐ြးစင္နဲ႔ ကစားဖို႔ရွိေနတာပါ။
ဒါေပမယ့္ ယူကရိန္းကို ႐ုရွားတို႔ က်ဴးေက်ာ္ခဲ့ၿပီးေနာက္
႐ုရွားမွာကစားဖို႔ စီစဥ္ထားတဲ့ပြဲကို ေနရာေျပာင္းက်င္းပေပးဖို႔
ႏိုင္ငံအခ်ိဳ႕က ေတာင္းဆိုခဲ့ပါတယ္။
ဒါေပမယ့္ ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့
ယူကရိန္းအေပၚ က်ဴးေက်ာ္တဲ့ ႐ုရွားတို႔ရဲ႕လုပ္ရပ္ေၾကာင့္
႐ုရွားနဲ႔ ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲကို မကစားႏိုင္ဘူးလို႔
တရားဝင္ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
႐ုရွားနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲ ပေလးေအာ့ပြဲကို ကစားဖို႔ ျငင္းဆန္ခဲ့တဲ့
ပိုလန္အသင္းရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ပိုလန္တိုက္စစ္မႉး
လီဝန္ေဒါစကီးရဲ႕ မွတ္ခ်က္စကားကေတာ့
“အဲဒါဟာ မွန္ကန္တဲ့ ဆုံးျဖတ္ပါ။ ယူကရိန္းႏိုင္ငံအတြင္း လက္နက္ကိုင္
ရန္စမႈေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာ ႐ုရွားေဘာလုံးအသင္းနဲ႔
ယွဥ္ၿပိဳင္ကစားသြားဖို႔ဆိုတာႀကီးကို စိတ္ကူးယဥ္ၾကည့္လို႔ေတာင္ မရပါဘူး။
႐ုရွားေဘာလုံးသမားေတြနဲ႔ ပရိသတ္ေတြက ဒီကိစၥမွာ
တာဝန္မရွိၾကဘူး ဆိုေပမယ့္လည္း ကြၽန္ေတာ္တို႔ဘက္က
ဒါကို ဘာမွမျဖစ္သလို ဟန္ေဆာင္ျပေနဖို႔ကလည္း မျဖစ္ႏိုင္ပါဘူး”ျဖစ္ပါတယ္။
ေခါင္းႀကီး တစ္ေယာက္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ငါနဲ႔ မဆိုင္ဘူးဆိုတဲ့
အေတြးဟာ မျဖစ္သင့္ဘူးလို႔ လီဝန္ေဒါစကီး ကမွတ္ခ်က္ ျပဳထားပါတယ္။